Recent Posts

Pages: [1] 2 3 ... 10
1
တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို



တောင်ကြီးမြို့မှ အသက်(၇)နှစ်အရွယ် ပထမတန်းကျောင်းသူကို ၀ါယာကြိုးနှင့် ရိုက်မှုဖြင့် အုပ်ထိန်းသူအား လူမှုဝန်ထမ်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ယနေ့တွင် တောင်ကြီးမြို့ အမက(၁၅)သို့ ကျောင်းကျန်းမာရေးက ကလေးများ၏ ကျန်းမာရေးကို သွားရောက်စစ်ဆေးစဉ် ပထမတန်းကျောင်းသူ မသက်ထားခင်၏ ကျောပြင်နှင့် ခြေထောက်တစ်လျှောက်၌ အကွင်းလိုက်ပေါ်နေသော ဒဏ်ရာများကို တွေ့ရှိရသဖြင့် တောင်ကြီင်္းမြို့ လူမှုဝန်ထမ်းဦးစီးနှင့် ရဲစခန်းတို့ကို ကျောင်းကျန်းမာရေးမှ အထက်တန်းသူနာပြု ဒေါ်စောဥမ္မာနှင့် ကျောင်းတာဝန်ရှိသူများက တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားချက်အရ ကလေးငယ်အား မေးမြန်းရာ သူမ၏ ကြီးတော်နှင့် အမ၀မ်းကွဲတို့က ၀ါယာကြိုးနှင့် ရိုက်နှက်ထားသည်ဟု ဆိုကြောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ပြောသည်။

“အုပ်ထိန်းသူတွေကို စစ်ဆေးကြည့်တော့ စာမရလို့ ရိုက်တာလို့ပြောတယ်။ ဒါပေမဲ့ ကလေးသူငယ်ဥပဒေအရကတော့ အုပ်ထိန်းသူပဲ ဖြစ်စေ၊ ဆရာမဖြစ်စေ လိမ္မာအောင် ဆိုဆုံးတဲ့နေရာမှာ ညှင်းပန်းနှိပ်စက်သလို မဖြစ်ရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လူမှုဝန်ထမ်းက တရားလိုပြုပြီးတော့ အမှုဖွင့်လိုက်တယ်” ဟု ၄င်းကပြောသည်။

ယင်းနှင့်ပတ်သက်၍ တောင်ကြီးရဲစခန်းသို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်မှူးက “ဒီအမှုက ကလေးသူငယ်ဥပဒေအရ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူး။ ဒါကြောင့် လူမှုဝန်ထမ်းကနေပြီး တရားစွဲဆို အမှုတင်လိုက်ပါပြီ” ဟု ပြောသည်။

ရိုက်နှက်ဆုံးမသည်ဟု သံသယရှိသူ မသက်ထားခင်၏ ကြီးတော်နှင့်အစ်မ၀မ်းကွဲကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၄င်းက ဆက်ပြောသည်။

မသက်ထားခင်၏ ဖခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မိခင်ဖြစ်သူမှာ ညောင်ရွှေတွင် ရှိသည်ဟု ကြားရသော်လည်း ယခုအချိန်အထိ ဆက်သွယ်၍ မရသေးကြောင်း ဦးတင်အောင်ရီက ပြောသည်။

Popular News
2
USDP ဗဟိုကော်မတီအစည်းအဝေး PR စနစ်စာတမ်း ဖတ်ကြားမည်

နေပြည်တော်တွင် ကျင်းပမည့် သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးများ မစတင်မီ လွှတ်တော်ကိုယ်စားလှယ် အများစု အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျင်းပသည့် ဗဟိုကော်မတီ အစည်းအဝေးတွင် အချိုးကျ ကိုယ်စားပြု (PR) စနစ်နှင့် ပတ်သက်ပြီး လေ့လာထားသည့် စာတမ်းများ ဖတ်ကြားမည် ဟု ၄င်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။

ဖတ်ကြားမည့် PR စနစ် စာတမ်းနှင့်အတူ လူပြောများနေသည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် စာတမ်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် စာတမ်းများ ပါဝင်ပြီး ပါတီဗဟိုနှင့် တိုင်းအဆင့်များတွင် ဥက္ကဋ္ဌရာထူး ရှိသော်လည်း မြို့နယ်နှင့် ခရိုင်စနစ်များတွင် ဥက္ကဋ္ဌရာထူးများ မရှိသည့် ကိစ္စရပ်များကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်း၊ စာတမ်းများနှင့် အတူ ပါတီစည်းရုံးရေး စွမ်းရည်ထက်မြက် စေရန် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးမှု များတွင် ထည့်သွင်းထားကြောင်းနှင့် ဗဟို ကော်မတီတွင် ဆွေးနွေးမည့် အကြောင်း အရာအားလုံးသည် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးထားသည့် ကိစ္စရပ်များဖြစ်သည်ဟု ၄င်းကထပ်လောင်း ပြောကြားသည်။
"PR စနစ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ်၊ မဆုံးဖြတ်မယ်ကို ပြောလို့မရသေး ပါဘူး" ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင် PR စနစ်ကို ကျင့်သုံးရန် ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီမှ ဦးစွာ ချပြခြင်း မဟုတ်ဘဲ နိုင်ငံရေးပါတီများကို လာရောက် သင်တန်းပေးနေသည့် နိုင်ငံခြားသား ပညာရှင်များက လွှတ်တော်တွင် တစ်ပါတီ စနစ်အုပ်စိုးမှုထက် ပါတီများက အချိုးကျ စနစ်ဖြင့် လွှတ်တော်တွင် နေရာယူသင့်သည့် အကြောင်း နိုင်ငံရေးပါတီများမှ သင်တန်းသားများကို ပို့ချသည့် ဘာသာရပ် ခေါင်းစဉ်များတွင် ထည့်သွင်းပို့ချမှုများ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပိုမိုများပြား လာခဲ့သည်ဟု နိုင်ငံရေး အကဲခတ်သူများက ပြောဆိုကြသည်။

"PR စနစ်က တစ်ပါတီအာဏာရှင် စနစ်မပေါ်ရေးကို တားဆီးပေးနိုင်တဲ့ စနစ်ပါ" ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

မြန်မာနိုင်ငံတွင် PR စနစ်ကို ကျင့်သုံးရန် တပ်မတော်အစိုးရက ကျင်းပခဲ့သည့် အမျိုးသားညီလာခံတွင် တစညပါတီ က တင်သွင်းခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သည့် အစိုးရက လက်ခံခြင်းမရှိပေ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ဇွန်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဟု ယင်းပါတီထံမှ စုံစမ်း သိရှိရသည်။

The Voice
3
BAB ကလေးအားတိုးဆေးပြား ၁၇ သိန်းကျော် မီးရှို့ ဖျက်ဆီး

သက်တမ်း ကျော်လွန်နေသည့် BAB ကလေးအားတိုးဆေးပြား ၁၇ သိန်း ကျော်နှင့် နှလုံးကျန်းမာရေး အတွက် သောက်သုံးသည့် Protect ဆေးပြားပေါင်း နှစ်သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ် ကမ်းနားလမ်းနှင့် ကွမ်းအပ် မင်းသားလမ်းထောင့်ရှိ ဆေးဂိုဒေါင် မြေနေရာတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းအရာရှိက ဆိုသည်။

"ဥပဒေအရတော့ သက်တမ်းလွန် ဆေးတွေကို လုံးဝမရောင်းရဘူး။ ဆေးကုမ္ပဏီတွေ အနေနဲ့ ဆေးသက်တမ်းကုန်ရင် ဆေးနှင့်ဆေးပစ္စည်း ကုန်သည်ကြီးများ အသင်းကို ဆက်သွယ်ပြီး မျက်မြင်သက်သေ တွေရဲ့ရှေ့မှာ ဆေးတွေကို မီးရှို့မြေမြှုပ်ရမယ်" ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သိင်္ဂီဇင်က ပြောကြားသည်။

အဆိုပါ သက်တမ်းလွန်ဆေးဝါး များအား မီးရှို့ဖျက်ဆီးမည့် အကြောင်းကို AA Medical က မြို့နယ်ကျန်းမာရေး ဦးစီးဌာန နှင့် မီးသတ်တပ်ဖွဲ့ တို့ကို ကြိုတင်အသိပေး အကြောင်းကြား ခဲ့ကြောင်း မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

အဆိုပါ သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး AA Medical Product ထံ ဆက်သွယ် မေးမြန်းရာ ရုံးဝန်ထမ်းတစ်ဦးက တာဝန်ရှိသူ ခရီးသွားနေကြောင်းသာ ပြန်လည် ဖြေကြားသည်။

The Voice
4
စာသင်ကျောင်း ၈၀ ကျော်ပြုပြင်ရန် မွန်ပြည်နယ်အစိုးရ ကျပ်သန်း ၃၅၀၀ကျော် သုံးမည်

မွန်ပြည်နယ် မြို့နယ်ခုနစ်မြို့နယ်ရှိ အခြေခံပညာကျောင်း ၈၉ ကျောင်းကို ပြုပြင်ရန် မွန်ပြည်နယ် အစိုးရက ငွေကျပ်သန်း သုံးထောင့်ငါးရာကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက The Voice သို့ ပြောကြားသည်။

အဆိုပါစာသင်ကျောင်း များကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပြုပြင်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ က ဘတ်ဂျက် လွှဲပြောင်းထားပြီး ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

သံဖြူဇရပ်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ရေး၊ ချောင်းဆုံ၊ ကျိုက်မရော စသည့်မြို့နယ် ခုနစ်ခုမှ အခြေခံပညာ အထက်ကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း တို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ် ခြင်း၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်လမြိုင်၊ ကျိုက်ထို၊ မုဒုံ စသည့် မြို့များရှိ ကျောင်းများကိုမူ ပြည်ထောင်စု အစိုးရက ကျပ်သန်း ၁၀၀၀ ကျော်သုံးစွဲကာ ပြုပြင်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လှဦးက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်သည် ၂၀၀၈- ၂၀၀၉ ခုနှစ် မှ စတင်ကာ ငါးနှစ်ဆက်တိုက် တက္ကသိုလ် ဝင်တန်းအောင်ချက် အကောင်းဆုံးပြည်နယ် အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

The Voice
5
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏၆၈မွေးနေ့ မင်္ဂလာ



တက္ကသိုလ်ရိပ်သာလမ်းအမှတ်၅၄နေအိမ်တွင်တွေ့ ရသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏၆၈မွေးနေ့ မင်္ဂလာပုံရိပ်

ပေါ်ပြူလာ
6
ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ



အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။

စိန်ရှာသွားတဲ့ Charater ဟာ သွေးစုပ်ဖုတ်ကောင်များကို ရှောင်ရှားရတယ့် စွန့်စားခန်းဂိမ်းပဲ ဖြစ်ပါတယ်။ သူ့အသက် သူ့အရွယ်နဲ့ အခုလို လုပ်နိုင် တာကို အားလုံးက အံ့သြနေကြပါတယ်။ အမေရိကန်နိုင်ငံ အရှေ့ပိုင်း Philadelphia ပြည်နယ်က ဖြစ်ပြီး သူတက်တဲ့ ကျောင်းကလည်း Harambee Institute of Science ဖြစ်ပါတယ်။ အင်ဂျင်နေယာ၊ ကွန်ပြူတာ၊ Science, သင်္ချာ အစရှိသဖြင့် အားလုံး စုံစုံလင်လင် သင်ကြားပေးပြီး Zora Ball လို့ အမည်ရတဲ့ ယင်း ကလေးမ တစ်ယောက်ကတော့ အများထက် ထူးချွန်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။

Open-source software များ ဖြစ်တဲ့ Bootstrap နဲ့ Alice 2.0 တို့ကို အသုံးပြုပြီး Programming language ကတော့ Racket ဖြစ်တယ်လို့ ဆိုပါတယ်။ သူရှင်းပြတော့လည်း ဟုတ်နေပါတယ်။ ဆော့ကစားသူ၊ ပန်းတိုင်၊ ရှောင်ရားရမယ့် အရာ အချက်သုံးကို အခြေခံပြီး စွဲလိုက်တာလို့ ဆိုပါတယ်။ X ကနေ Y ကိုသွားလို့အတွက် ကြားမှာ Avoid လုပ်ရမယ် ဆိုတာ့ logic ကိုပဲ သုံးပြီး ဂိမ်းတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့ခြင်း ဖြစ် ပါတယ်။

ယင်းဗီဒီယိုဂိမ်းအပြင် အခြား မိုဘိုင်း ဂိမ်း Application တွေကို လည်း ရေးဆွဲနေပြီလို့ ဆိုပါတယ်။ သူ့အနေနဲ့ Java နဲ့ C programming တို့ကို အသုံးပြုပြီးတော့လည်း နောက်ထပ် Application အသစ်များ ဖန်တီးချပြအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:discovery
ရိုးရာလေး နည်းပညာ
7
ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် အမျိုးသား ညီလာခံခေါ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောတူ

အတည်ပြုပြီး ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံချက် မပေးနိုင်ဟု ယူဆသောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲနိုင်ရေးအတွက် အမျိုးသား ညီလာခံတစ်ရပ် ကျင်းပရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၃၉ ခုက ဇွန်လ ၁၇ ရက်နေ့တွင် သဘောတူကြောင်း ထုတ်ပြန်လိုက်သည်။

မြဝတီ DKBA ဌာနချုပ်တွင် ဇွန်လ ၁၅ ရက်မှ စတင်၍ သုံးရက်ကြာ ပြုလုပ်သော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် ဖလှယ်ပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၄ ဦးက ယင်းသို့ သဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃၉ ဖွဲ့တွင် RCSS/SSA အဖွဲ့မှအပ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးလည်း ပါဝင်သည်။

အခြေခံဥပဒေသစ် ရေးဆွဲရေးအတွက် တိုင်းရင်းသား လူမျိုးများနှင့်အတူ အားလုံးပါဝင်သော အမျိုးသား ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားကာ ကျင်းပနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှမ်းတပ်ပေါင်းစုဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောကြားသည်။

ပြည်နယ်တစ်ခုအတွင်း တိုင်းရင်းသားပါတီ တစ်ခုတည်းအဖြစ် ပူးပေါင်းရန် လုပ်ဆောင်နေသော ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်စသော ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများကို ၂၀၁၄ အမျိုးသား ညီလာခံတွင် ပါဝင်လာရန် ညှိနှိုင်းပြီး နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ ကဲ့သို့သော အမျိုးသား ညီလာခံတစ်ခုကို ခေါ်ယူကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲရန် စီစဉ်ထားကြောင်း ၎င်းကရှင်းပြသည်။

ကချင်ပြည်နယ် အင်ဂျန်ယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကမူ ဥပဒေရေးဆွဲလျှင် လွှတ်တော်တွင် ဆွေးနွေး ရမည် ဖြစ်ပြီး ပြည်သူအတွက် ကောင်းသည့် အချက်များကိုယူပြီး ဆိုးသော အချက်များကို ဆွေးနွေး ပယ်ဖျက်ရမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ရေးဆွဲခဲ့သော ဥပဒေကို မဖြစ်မနေ လွှတ်တော်က ပေးရန်မှာ မဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် ဖလှယ်ပွဲတွင် အမျိုးသား ညီလာခံ ခေါ်ယူရေးအပြင် အကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ပြုရန်၊ တစ်နိုင်ငံလုံးတွင် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ရန်၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို လိုက်နာရန်နှင့် အလုပ်သမား၊ လယ်သမား ပြဿနာများကို
မြန်ဆန်ထိရောက်စွာ ဖြေရှင်းပေးရန်ဆိုသော အချက်များကိုလည်း သဘောတူညီခဲ့သည်။

ယင်းသဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန်ဆွေးနွေးပွဲတက် ရောက်လာသည့် ကိုယ်စားလှယ် ၈၄ ဦးမှ အလုပ်အဖွဲ့ဝင် ၁၇ ဦးကို ရွေးချယ်ခဲ့သည်။

The Voice
8
ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်

ပြည်တွင်းတွင် လူသုံးအများဆုံးဖြစ်သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သည့် ဖေ့စ်ဘွတ်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန်ရှိသည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) အတွင်းရေးမှူး ဦးဇော်မင်းဦးက အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ လည်း ဖေ့စ်ဘွတ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရှိပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။

ဦးဇော်မင်းဦးက ''ဖေ့စ်ဘွတ်က တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံကို ထပ်မံလာရောက်ဖို့ရှိပါတယ်။ နေပြည်တော် ကမ္ဘာ့စီးပွား ရေးဖိုရမ်တုန်းကလည်း နိုင်ငံခြားနည်းပညာ ကုမ္ပဏီတွေ အများကြီးလာတဲ့ အထဲမှာ ဖေ့စ်ဘွတ်ပါ,ပါတယ်။ သူတို့ဘက်က ဖိုရမ်အတွင်း မှာ ဆွေးနွေးတာရယ်၊ နောက် ဝန်ကြီးဌာနက တာဝန်ရှိသူတွေရယ်လောက်ပဲ ဆွေးနွေးသွားတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့လာရောက်မည့် အချိန်အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိသေး ဟုလည်း အသင်းချုပ်တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ အလုပ်အမှုဆောင် ဦးသောင်းစုငြိမ်းက ''ဘယ်နေ့ ဘယ်အချိန်လာမယ် ဆိုတာတော့ အသေးစိတ်မသိသေးဘူး။ နောက် နိုင်ငံခြားနည်းပညာကုမ္ပဏီအများအပြားကလည်း လာရောက်ဖို့ ရှိနေပါတယ်''ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဖေ့စ်ဘွတ်မှ တာဝန်ရှိသူများ လာရောက်သည့် ဇွန်လ ပထမပတ်အတွင်း ဖေ့စ်ဘွတ်စာမျက်နှာတွင် အသုံးပြုရသည့် ဘာသာစကားများ၌ မြန်မာ ဘာသာစကားဖြင့် အသုံးပြုနိုင်ရန်လည်း ထည့်သွင်းထားပြီးဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာနိုင်ငံသို့ Google OuúX Eric Schmidt လာရောက်ခဲ့စဉ်ကလည်း Google အနေဖြင့် မြန်မာ ဘာသာစကားဖြင့် အသုံးပြုနိုင်သော Sub Domain တစ်ခုကို လွှင့်တင်ပေးခဲ့သည်။

ယင်းအပြင် ဇွန်လပထမပတ်အတွင်း၌လည်း ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Microsoft က မြန်မာနိုင်ငံရှိ Software ကုမ္ပဏီတစ်ခုဖြစ်သည့် MIT ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် Microsoft ၏ ထုတ်ကုန်များဖြစ်သည့် Software များတွင်ပါ မြန်မာဘာသာစကားဖြင့် ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ဦးဇော်မင်းဦးက သုံးသပ်ပြော ကြားသည်။

Mizzima
9


တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ဖျားနာဆောင်၏ အိမ်သာထဲတွင် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဇွန်လ(၁၈)ရက်နေ့ နံနက်(၈း၄၅)နာရီဝန်းကျင်က ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ် ကိုမောင်မောင်သည် ဆေးရုံ အိမ်သာအတွင်း ကြိုးဆွဲချ မသေဆုံးမီရက်ပိုင်းက ဆေးရုံအနီးအနားမှာ သွားသွားလာလာ ပြုလုပ်နေပြီး
 ဆေးရုံအတွင်းရှိ ထိုင်ခုံပေါ်တွင် တရားထိုင်နေတာကိုလည်း ရံဖန်ရံခါ တွေ့ရှိရကြောင်း ဆေးရုံအတွင်းရှိ လူနာတစ်ဦးမှ ပြောကြားလာသည်။ နောက်ထပ် သိရှိရသည်မှာ သေဆုံးသူသည် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူသူ မဟုတ်ကြောင်းလည်း သိရသည်။

သေဆုံးသူ၏ ဇာတိမှာ မလှိုင်မြို့မှ ဖြစ်သော်လည်း တာချီလိတ်တွင် ဆွေမျိုးသားချင်းမရှိကြောင်းသိရှိရပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်းနှင့် ပတ်သက်၍
ရင်ခွဲစစ်ဆေးပြီးနောက် နာရေးကူညီမှုကိုတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

Tachileik Online News

10
ဒေါ်အောင်ဆန်းစုကြည် (၆၈)နှစ်မြောက် မွေးနေ့ရက်မြတ် အား ဂုဏ်ပြုကြိုဆိုပါသည်၊၊



                            သူဘယ်သူလဲ.....??

သူဟာ.....
ငါတို့ဘ၀တွေရဲ့ ဖန်းဆင်းရှင်
ဒါပေမယ့် ဘုရားသခင်တော့မဟုတ်ဘူး
သူဘယ်သူလဲ......??

သူဟာ.....
ဓားမကိုင် ၊ လှဲမဆွဲ
တိုက်ပွဲများစွာတိုက်ခိုက်ခဲ့တဲ့ သူရဲကောင်း
သူဘယ်သူလဲ......??

သူဟာ.....
အပွင့်ပဲမဲ့မဲ့ အသီးပဲချဉ်ချဉ် အပင်ပဲခါးခါး
စွန့်စားပြီး စိုက်ပျိုးသူ ဥယျာဉ်မှူး
သူဘယ်သူလဲ......??

သူဟာ.....
သမိုင်းဆရာတော့မဟုတ်ဘူး
ဒါပေမယ့်
တို့တတွေရဲ့ ဘ၀သမိုင်းကို ရေးသားခဲ့သူ
သူဘယ်သူလဲ......??

သူဟာ.....
ကျောက်ဆစ်သမားတော့ မဟုတ်ဘူး
ဒါပေမယ့်
တို့တတွေရဲ့ ဘ၀တွေကို ထုဆစ်ခဲ့သူ
သူဘယ်သူလဲ......??

နွေသစ်ဦး(ယင်းမာမြေ)
Pages: [1] 2 3 ... 10