Author Topic: ဒို့တာဝန်အရေး (၃) ပါး သတင်းစုံ (ငြိမ်းချမ်းရေး၊ စစ်ရေး၊ နိုင်ငံရေး) (Read 14501 times)

0 Members and 2 Guests are viewing this topic.

September 06, 2011, 09:09:47 AM
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
အထူးသဖြင့် တပ်မတော်နှင့် တောတွင်းလက်နက်ကိုင်များရဲ့  တိုက်ပွဲသတင်းတွေကို ဖြစ်နိုင်မယ်ဆိုရင် တော့ပစ်အသစ်ဖွင့်ပြီး
တင်ပေးနိုင်ပါတယ်။

                    ချစ်ခင်လေးစားလျက် - Karl Marx

   ဆရာတွေရဲ့တိုက်တွန်းချက်နှင့်စမ်းပြီးတင်ပေးလိုက်ပါတယ်၊မကြိုက်ရင်တော့လဲအဟော့တိကန်ပါခင်ဗျာ။


ဘုရားကျောင်းအတွင်း စစ်တပ် မိုင်းထောင်


by သန်းထိုက်ဦး

ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအတွင်း အစိုးရစစ်တပ်က မိုင်းထောင်ထားကြောင်း ဒေသခံ အုပ်ချုပ်ရေး၊ ဘာသာရေး တာဝန်ခံများက ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို ပြီးခဲ့သည့် လကုန်ပိုင်းတွင် တိုင်ကြားလိုက်ကြသည်။

သြဂုတ် ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော တိုင်စာတွင် ဘုရားကျောင်း နှင့် ရွာလမ်းမများတွင် ထောင်ထားသော မိုင်းများ ဖယ်ရှားရေး၊ ဘုရားကျောင်းတွင် ၀တ်ပြုကိုးကွယ်ခွင့် ပေးရေးတို့ကို တောင်းဆိုထားသည်။

ဘုရားကျောင်းအတွင်းသို့ သြဂုတ် ၁၃ ရက်နေ့မှ စတင်ပြီး ၀င်ရောက်ခွင့် မရတော့ကြောင်း ဧရာဝတီက ရရှိသည့် အဆိုပါ တိုင်စာတွင် ရေးထားသည်။

တိုင်ကြားချက်ကို စစ်တိုင်းမှူး၊ သာသနာရေး ဝန်ကြီး၊ ထိုနယ်မြေတွင် ခြေစိုက်သည့် ခလရ (၅၈)၊ ခမရ (၃၁၈) စသည့် တပ်ရင်းများကိုလည်း မိတ္တူပေးပို့ထားကြောင်း စာတွင် ဖော်ပြထားသည်။

ထိုစာကို သင်းအုပ်ဆရာ ဦးနော်ဘောက်၊ ကဇူးကျေးရွာ ခရစ်ယာန် အသင်း အတွင်းရေးမှူး ဦးတန်ဂွန်း၊ ကဇူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖဂါနော်တို့က လက်မှတ်ရေးထိုး ပေးပို့ခြင်း ဖြစ်သည်။ ကချင် တိုင်းရင်းသား အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။

“ယခုအခါ ကျွန်တော်များ ကဇူး ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းသားများ အနေဖြင့် မိမိတို့ ယုံကြည် အားကိုးရသော ဘုရား သခင်ထံ ၀တ်ပြု ဆုတောင်းရန် အခက်အခဲနှင့် ကြုံတွေ့လာရသည်” ဟု စာတွင် ရေးသားထားသည်။

ရွာအတွင်း စစ်တပ်ရောက်လာသဖြင့် ဒေသခံအများအပြားက မြစ်ကြီးနားမြို့ပေါ်ရှိ ဆွေမျိုး၊ မိတ်ဆွေများထံ သွားရောက်နေထိုင်ကြောင်း သိရသည်။

ဘုရားကျောင်း နယ်မြေအတွင်း စစ်တပ်က စခန်းချထားသည်ဟု ကြားသိရကြောင်း တရုတ် - မြန်မာ နယ်စပ်မှ ကချင် အမျိုးသမီး မိုင်းဂျာက ဧရာဝတီကို ပြောသည်။ ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှ စတင်၍ ထိုနေရာတွင် ကတုတ်ကျင်း တူးဖော်ပြီး တပ်စခန်းများ ဆောက်လုပ်ထားသည်ဟု ဆိုသည်။

“ဘာသာရေးဟာ နိုင်ငံရေးလုပ်တဲ့ အဖွဲ့လည်း မဟုတ်ဘူး၊ ဘုရားကျောင်းကို သွားပြီးတော့ ပိတ်ပင်တာတို့ အစိုးရတပ်က နယ် မြေ သတ်မှတ်ချင်ရင်လည်း ဘုရားကျောင်း အပြင်ကနေ သတ်မှတ်၊ ဘုရားကျောင်း အပါအ၀င် ရွာသားတွေ အားလုံး ၀တ်ပြုတဲ့ နေရာကို ဒီလိုမျိုး လုပ်တယ် ဆိုတော့ တော်တော်လေးကို လူ့ အခွင့်အရေး ချိုးဖောက်ခံရတာပဲ” ဟု မိုင်းဂျာက ဆိုသည်။

မိုင်းဂျာသည် ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ အဖွဲ့မှ ဖြစ်၍ ကချင်ဒေသ စစ်ပြေး ဒုက္ခသည်များကို ကူညီနေသူ တဦးလည်း ဖြစ်သည်။

အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) အကြား ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ စတင်ပြီးနောက် အစိုးရတပ်များ ကဇူးကျေးရွာသို့ ၀င်ရောက်လာသဖြင့် ဒေသခံများ အနိုင်ကျင့် နှိပ်စက်ခံနေရကြောင်း ထိုဒေသနှင့် အဆက်အသွယ်ရှိသည့် ထိုင်းနိုင်ငံရောက် ကချင် တိုင်းရင်းသား လူငယ် ကိုနော်လာက ပြောသည်။

ထို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ ဆွေမျိုးများ၊ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေကြရကြောင်း သိရသည်။
@HB

« Last Edit: September 08, 2011, 10:58:39 PM by မားဆိုး »
 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:10:58 AM
Reply #1
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ပြည်သူ့စစ်နှင့် အကျဉ်းသားများအား ရှေ့တန်းစစ်မျက်နှာ၌ အသေခံသုံး

သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်နေ သည့် မြန်မာစစ်တပ်၏ စစ်ကြောင်းတခိျု့တွင် အကျဉ်းသားများနှင့် ဝတ်စုံချင်းနေရာချင်းလဲ၍ ရှေ့တန်းထွက်ကြောင်း ထွက်ပြေးလွတ်မြောက်လာ သည့် အကျဉ်းသားတဦးကပြောသည်။

“ ကျနော်တို့ကို စစ်ဝတ်စုံဝတ် လက်နက်ကိုင်ပြီး ပွိုင့်ထိုးခိုင်းတယ်။ သူတို့ကျတော့ ထောင်ဝတ်စုံဝတ်ပြီး နောက်က လိုက်တယ်။ သျှမ်းတွေပစ်ရင် ကျနော်တို့ဘဲသေမှာလေ ” ဟု ကိုယ်တိုင်ကြုံတွေ့လာသည့် မိုးမိတ်မှ အကျဉ်းသားတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိုးမိတ်အခြေစိုက် ခမရ ၃၄၈ နှင့်အတူ လိုက်ပါသွားရသည့် အဆိုပါ အကျဉ်းသားမှာ မိုင်းရယ်မတိုင်ခင် ၎င်းတွဲဖက်လိုက် ပါရသည့် စစ်သားတယောက်အား ပစ်သတ်၍ ရိက္ခာများဆွဲယူကာထွက်ပြေးလွတ်မြောက် လာကြောင်း ၎င်းကပြော သည်။

“ စစ်သားတယောက် ထောင်သားတယောက် ပေါင်းစားရတဲ့ ရိက္ခာက ဆန်နို့ဆီဗူး ၃ ဗူးနဲ့ နို့ဆီတလုံးဘဲရတယ်။ ခရီး ရောက်ရောက်မရောက်ရောက် အဲဒါကုန်သွားရင်လဲကိုယ့်နည်းကိုယ့်ဟန်ဘဲ။သူတို့ပေးတဲ့ဆန်မြန်မြန်မကုန် အောင် အစိမ်း လိုက် ဝါးစားရတယ်လေ။ အဲဒီဆန်လေးနဲ့ အိမ်ပြန်ရောက်တဲ့အထိ အသက်ဆက်ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြော ပြသည်။

မြန်မာစစ်ကြောင်းတကြောင်းတွင် မြန်မာစစ်သား ၃ ပုံ ၁ ပုံ သာပါရှိပြီး အကျဉ်းသားများနှင့်ဌာနေပြည်သူ့စစ် များ ၂ ပုံစာ ပါနေကြောင်း ၎င်းကဆက်လက်ပြောပြသည်။

“ သျှမ်းသူပုန်တွေနောက်လိုက်ရင်လဲ သူပုန်က မြောက်ဖက်မှာရှိတယ်ကြားရင် သူတို့က တောင်ဖက်သွားရှာ တယ်။ ရွာထဲ ပတ်လိုက် ရွာပြင်ဖက်မှာပတ်လိုက်နဲ့ သူတို့နဲ့လိုက်ပြီးလမ်းလျှောက်ရတာ သေလုမျောပါးဘဲ။ ပစ်ခတ်တိုက်ခိုက်ရမှာစိုးလို့ လေ။ တိုက်ပွဲတိုင်းမှာ မြန်မာစစ်တပ်ဖက်ကချည်းကျနေတာကိုး” ဟုဆို၏။

အဆိုပါ ဒေသ၌ ရှေ့တန်းလိုက်ပါရသော ပြည်သူ့စစ်မှာ လစာကျပ် ၉ သောင်းရပြီး ရွာစောင့် တပ်စောင့်ရသော ပြည်သူ့စစ် မှာ တလကျပ်ငွေ ၆ သောင်းရရှိကြောင်း၊ ၎င်းတို့အတွက် လစာအား ဒေသခံများထံမှ လစဉ်ကောက် ယူကြောင်း လားရှိုး ရောက် မိုးမိတ်ဒေသခံတဦးကလည်း ပြောသည်။

“ပြည်သူ့စစ်တွေရဲ့ လစာကို ကျမတို့ ရွာသားတွေဆီကနေ တအိမ် တလ ၂၀၀၀ ကျပ် ကောက်တယ်။ပြည်သူ့စစ် ရှိပြီဆို ကတည်းက ကျမတို့ ပိုအလုပ်ရှုပ်ရတယ်။ ဟိုကြေး ဒီကြေးကောက်တယ်” ဟု ပြောသည်။

မိုးမိတ်မြို့တွင် ခလရ ၂၃၃၊ ၂၇၆၊ ခမရ ၃၄၈ နှင့် တိုးချဲ့မခွယ်မြို့သစ်တွင် ခမရ ၄၃၇ တို့အခြေစိုက်လှုပ်ရှား သည်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:11:55 AM
Reply #2
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
မြန်မာ့ဆန်နဲ့ မြောက်ကိုရီးယား လက်နက် လဲလှယ်ခဲ့

အင်တာနက်ကနေ လျှို့ဝှက် အချက်အလက်တွေ ဖော်ထုတ်နေတဲ့ ၀ီကီလိခ်စ် (WikiLeaks) ၀က်ဘ်ဆိုဒ်ကို ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန်ကြေးနန်း တခုထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက် အရောင်းအ၀ယ် လုပ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် သံတမန်တွေရဲ့ ဆက်သွယ်မှုတွေကို ၀ီကီလိခ်စ် ၀က်ဘ်ဆိုဒ်က လူသိရှင်ကြား ဖော်ထုတ်နေရာမှာ နောက်ဆုံးအသုတ် ထုတ်ပြန်လိုက်တဲ့ ကြေးနန်းစာတွေထဲ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးကနေ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဇူလိုင်လထဲမှာတုန်းက ပေးပို့တဲ့ ကြေးနန်းစာလည်း ပါဝင်လာတာပါ။

သမားရိုးကျ လက်နက်တွေရဖို့ ၂၀၀၉ ခုနှစ် ပထမ ၆ လအတွင်း အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရက မြောက်ကိုရီးယားကို ဆန်တန်ချိန် ၂၀,၀၀၀ လောက် တင်ပို့ပေးခဲ့ကြောင်း မှတ်တမ်းက ဖော်ပြထားပါတယ်။ ဒီလို အပြန်အလှန် ပေးပို့နေတာဟာ ၅ နှစ်လောက် ရှိနေပြီလို့လည်း ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တဦးကို ကိုးကားပြီး အမေရိကန်သံရုံးရဲ့ ကြေးနန်းက ဖော်ပြထားတာပါ။

မြောက်ကိုရီးယားဟာ အစားအစာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရပေမဲ့ လက်နက်ထုတ်လုပ်မှုတွေမှာတော့ ကျွမ်းကျင်တဲ့ တိုင်းပြည်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်အောင် မြောက်ကိုရီးယားက အကူအညီပေးကောင်း ပေးနိုင်တယ်လို့ အမေရိကန် သံတမန်တွေက အချိန်အတော်ကြာကတည်းက သံသယ ရှိနေကြတာပါ။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေကတော့ ဒါကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:12:52 AM
Reply #3
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ

by ခင်ဦးသာ

ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင်ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက်လာလျှင် မှုစရာ မလိုဘဲ အသာစီးရမည်ဟု အဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက်စာမျက်နှာတွင် သောကြာနေ့က ဖော်ပြခဲ့သည့် လျှို့ဝှက်ကြေးနန်းစာတစောင်တွင် ရေးသားထားသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန်နိုင်ငံခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက်မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက်အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။

သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာများတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့် မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်း အချက်အလက် အများအပြား ပါဝင်နေသည်။

အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ် ဘွဲ့ရခဲ့သူတဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား သံတမန် တဦးကဲ့သို့ သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။

UWSA သည် ငွေကြေး အကူအညီကို တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

UWSA ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းဒေသ၌ တည်ရှိပြီး မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ ၀-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။ တပ်သား အင်အား သုံးသောင်းဝန်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး စစ်ရေးအင်အားတောင့်တင်းလာခြင်းကို မြန်မာအစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

UWSA သည် ယခင် နအဖ စစ်အအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သတ္ထုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေးထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။

ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။

မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်း လက်နက်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။

ယခင်က လျှို့ဝှက်အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံးသတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင်တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက်အပြုံလိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်းပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။

နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန်သံရုံးများကို သတင်းပေးသူတို့၏ အမည်များ၊ အချက်အလက်များ အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:13:38 AM
Reply #4
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၅ ခုကို ၁ နာရီအတွင်း ဆုံးဖြတ်

by အံ့ဘုန်းမြတ်

ဒီနေ့ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်းခဲ့တဲ့ ဥပဒေ ၅ ခု ဖျက်သိမ်းတာနဲ့ ပြင်ဆင်တာတွေကို ၁ နာရီအတွင်း ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်ထောင်စု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်း တင်သွင်းတဲ့ အမြတ်ခွန် ဥပဒေ ဖျက်သိမ်းရေး၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်း ဥပဒေ ပြင်ဆင်ရေး၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပြင်ဆင်ရေး၊ ၀င်ငွေခွန်ဥပဒေ ပြင်ဆင်ရေးနဲ့ ရုံးခွန်ဥပဒေ ပြင်ဆင်ရေးစတဲ့ အဆိုတွေကို ဆုံးဖြတ်ခဲ့တယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“အဲဒီ ဥပဒေကြမ်း ၅ ခုလုံးကို တနာရီလောက်အတွင်းမှာ ပြီးသွားပါတယ်။ အခွန်ဘဏ္ဍာဝန်ကြီးက နည်းနည်းဆွေးနွေးပြီး တင်ပြဖို့လုပ်တယ်။ အဲဒီအပေါ်မှာ နာယက ဦးခင်အောင်မြင့်က မဆွေးနွေးပါနဲ့တဲ့။ အဆိုတင်ပြရုံပဲ တင်ပြပါတဲ့။ ထောက်ခံမယ့်သူများကိုလည်း မဆွေးနွေးပါနဲ့၊ ထောက်ခံတယ်ဆိုရင် ထောက်ခံတယ် ပြီးရောဆိုပြီး အဲလိုမျိုး လုပ်ပြီး ဥပဒေကြမ်း ၅ ခု အတည်ပြုတာကို တနာရီလောက်အတွင်းမှာ ပြီးသွားတယ်။”

ကိုယ်စားလှယ်အားလုံးကို ဘဏ္ဍာအခွန်ဝန်ကြီးဌာနက ပြင်ဆင်ဖျက်သိမ်း ဥပဒေတွေ ပေးထားပြီး ဖြစ်ပေမယ့် ၀င်ရောက်ဆွေးနွေးတဲ့ ကိုယ်စားလှယ် မရှိဘူးလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပါတယ်။

“ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ စိတ်ဝင်တစားနဲ့ ပြင်ဆင်ချက် ပေးတာမျိုး မရှိဘူး။ အဲဒါကြောင့်လည်း လွယ်လွယ်ကူကူပဲ ဥပဒေကြမ်း ၅ ခုလောက်ကို တနာရီလောက်အတွင်း ပြီးသွားတာပေါ့။ သူ့ဟာတွေက တံဆိပ်ခေါင်းတို့၊ တော်တော်လေးကို ကြာတဲ့ခေတ်ဥပဒေတွေထင်ပါတယ်။ ဘဏ္ဍာအခွန်စီးပွားရေးက ပတ်သက်တဲ့လူတွေလည်း ဘာမှပြောဆိုသံလည်း မကြားပါဘူး။”

ဖျက်သိမ်းလိုက်တဲ့ အမြတ်ခွန်ဥပဒေတွေကို အစိုးရ၀န်ကြီးဌာနနဲ့ လွှတ်တော် ဥပဒေမူကြမ်းကော်မတီတွေက အသစ်ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ ပြန်လည်အစားထိုး ကျင့်သုံးမှာလို့ ကိုယ်စားလှယ်တချို့က ရှင်းပြကြပါတယ်။

အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန် အဆိုပြုထားတဲ့ ပြည်ထောင်စု သစ်တောရေးရာဝန်ကြီးဌာနကို ပြည်ထောင်စု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲဖို့အဆိုကို အတည်ပြုခဲ့ပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:14:17 AM
Reply #5
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

by မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်ခရိုင်အတွင်းရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်မှ တနင်္လာနေ့ လွှတ်တော်တွင် ဖတ်ကြားတင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟု လွှတ်တော် အမတ်များက ပြောသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန်ရွာကို အေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေးခဲ့ကြသည်။ ဥပဒေမူကြမ်းများအတည်ပြုခြင်း၊ မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊ ဝန်ကြီးဌာန အမည်ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုပါ ခွဲဆွေးနွေးခဲ့သည်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊ ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ်လိုက်ပြီး တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။

မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာသာ ကျန်ရစ်သည်။

စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။

သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန"ဟု အမည် ပြောင်းလည်းခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

“ တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်းဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခု တောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ်ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ဟာမျိုးပါ။” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:15:05 AM
Reply #6
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ဗြောင်မဲ​ပေး​စနစ်သာ ကျင့်​သုံး​တော့​မည်ဟု ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ​ကြေညာ

by အံ့ဘုန်းမြတ်

လွှတ်​တော်အတွင်း​ အဆို​တွေကို မဲခွဲဆုံး​ဖြတ်တဲ့​နေရာမှာ လျှိုဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲ​ပေး​စနစ်ကို မကျင့်​သုံး​တော့​ဘဲ ​ဗြောင်မဲ​ပေး​စနစ်ကို အမြဲတမ်း​ ကျင့်​သုံး​တော့​မယ်လို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌက သူရ ဦး​ရွှေမန်း​က ​ကြေညာလိုက်ပါတယ်။

ဒီက​နေ့​ ​နေ့​လယ်ပိုင်း​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​အပြီး​ ပြန်လည် ​ခေါ်ယူကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ အခုလို ​ကြေညာတာလို့​ အစည်း​အ​ဝေး​တက်​ရောက်ခဲ့​တဲ့​ ​မြေပုံမဲဆန္ဒနယ်က ပြည်သူ့​လွှတ်​တော်အမတ် ဦး​ဖေသန်း​က ​ပြောပါတယ်။

“စက်ခလုတ်ခုံက ထိန်း​ချုပ်ထား​တဲ့​ အခန်း​ရှိတယ်။ အဲဒီ​နေရာက ဘယ်သူဘာမဲ​ပေး​တယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး​ တချို့​ကလည်း​ ​ပြောတယ်။ တချို့​ကလည်း​ အဲဒီစက်ခလုတ်ခုံရဲ့​ ထိန်း​တဲ့​အခန်း​က​နေ ဘာကိုဘယ်လို လုပ်လို့​ရတယ်။ ​ပြောင်း​လို့​ရတယ် ဆိုပြီး​တော့​ ​ပြောတာ​ပေါ့​။ အဲဒီအ​ပေါ်မှာ ဥက္ကဋ္ဌကြီး​က ကြား​သွား​တယ် ထင်ပါတယ်။ အဲဒါကို စက်ခလုတ်ခုံကို အများ​စုက သံသယဖြစ်တဲ့​အတွက် အဲဒါကို မ​ပေး​တော့​ဘူး​ဆိုပြီး​ ​ဗြောင် မတ်တပ်ရပ်တဲ့​ စနစ်ကိုပဲ သုံး​တော့​မယ်ဆိုပြီး​ ​ကြေညာတယ်။”

ဗြောင်မဲစနစ် ကျင့်​သုံး​ဖို့​ လွှတ်​တော်ဥက္ကဋ္ဌရဲ့​ အဆုံး​အဖြတ်ကိုလည်း​ ဦး​ဖေသန်း​က ​ဝေဖန်ထား​ပါတယ်။

“လျှို့​ဝှက်မဲ​ပေး​စနစ်ကို ဒီမိုကရက်တစ်ဘက်က ကြိုက်တယ်။ အခုဟာက ​ဗြောင်ကြီး​ဆို​တော့​ ဘယ်သူမှ သူတို့​ဘက်က သင်း​ကွဲပြီး​တော့​ ဦး​တို့​ဘက်ကို အဆို ဘယ်​လောက်​ကောင်း​ကောင်း​ လာပြီး​တော့​ ​ထောက်ခံမယ့်​ အ​ခြေအ​နေ မရှိ​တော့​ဘူး​။ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တပ်မ​တော်ကိုယ်စား​လှယ်​တွေက သ​ဘော​ပေါက် လွယ်တယ်။ သူတို့​က ထရင်လည်း​ အကုန်လုံး​၊​ ထိုင်ရင်လည်း​ အကုန်လုံး​ပဲ။ ဇာတ်တိုက်ထား​သလိုပဲ ညီညီညာညာနဲ့​ သ​ဘော​ပေါက်ကြတယ်။ အဲဒါမျိုး​ပေါ့​။”

အမည်မ​ဖော်လိုတဲ့​ လွှတ်​တော်ကိုယ်စား​လှယ်အချို့​က​တော့​ အခြား​ ယုံကြည်စိတ်ချရတဲ့​ လျှို့​ဝှက်မဲ​ပေး​စနစ်မျိုး​တွေ လွှတ်​တော်တွင်း​ ကျင့်​သုံး​ဖို့​ ဆန္ဒရှိ​နေကြပါတယ်။

ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က​တော့​ ​ဗြောင်ဆန္ဒမဲ​ပေး​မှု​ကြောင့်​ အ​ရေး​ယူမှု​တွေ မရှိ​စေရဘူး​လို့​ အာမခံ ​ပြောကြား​ထား​တယ်လို့​လည်း​ ဦး​ဖေသန်း​က ဆိုပါတယ်။

“အဲဒီလို​ဗြောင်မဲ​ပေး​လို့​ အ​ရေး​ယူတာတို့​ အ​နှောင့်​အယှက်​ပေး​ဖို့​ ဆိုတာ မရှိဘူး​တဲ့​။ အဲဒီလို လုပ်ပိုင်ခွင့်​လည်း​ မရှိဘူး​တဲ့​။ အဲဒါ​ကြောင့်​ ကိုယ်နှစ်သက်တယ် ဆိုရင် ​ဗြောင်မတ်တပ်ရပ်ပြီး​တော့​ ​ထောက်ခံ-ကန့်​ကွက် လုပ်နိုင်တယ်။ ဘယ်သူမှ အ​ရေး​ယူလို့​လည်း​ မရဘူး​။ အ​ရေး​ယူပိုင်ခွင့်​လည်း​ မရှိဘူး​။ အဲဒါ​တော့​ ​ပြောပါတယ်။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​တွေက လွှတ်​တော် အစည်း​အ​ဝေး​တွေ အတွင်း​မှာ​တော့​ ​ဗြောင်မဲ​ပေး​စနစ်​ကြောင့်​ ကိုယ်စား​လှယ်အချို့​ရဲ့​ အဆို​တွေ မဲခွဲဆုံး​ဖြတ်ရာမှာ ​ထောက်ခံတဲ့​ ကိုယ်စား​လှယ် အနည်း​ငယ်ပဲရပြီး​ မဲအပြတ်အသက်နဲ့​ ရှုံး​နိမ့်​ခဲ့​ပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:16:23 AM
Reply #7
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် မေးမြန်းချက်

လွှတ်တော်အတွင်း အဆိုတွေကို မဲခွဲဆုံးဖြတ်တဲ့နေရာမှာ လျှို့ဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲပေး စနစ်ကို မကျင့်သုံးတော့ဘဲ ဗြောင်မဲပေးစနစ်ကိုပဲ အမြဲတမ်း ကျင့်သုံးတော့မယ်လို့ ဒီကနေ့ နေ့လယ်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် မြေပုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦီးဖေသန်းကို မေးမြန်းထားပါတယ်။

မဲပေးတာနဲ့ပတ်သက်လို့ ဒီနေ့လွှတ်တော်မှာ နောက်ပိုင်း လျှို့ဝှက် မဲပေးစနစ် မရှိတော့ဘူးလို့ ကြားပါတယ်။

“ဒီနေ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးပြီးတော့ ကိုယ်စားလှယ်အချို့က စက်ခလုတ်ခုံနဲ့ မဲပေးတဲ့စနစ်ကို မကြိုက်ဘူး။ သံသယရှိတယ်လို့ ကြားပါတယ်။ အဲဒီတော့ စက်ခလုတ်ခုံအစား နောက်ဆိုရင် မဲခွဲမယ်ဆိုရင် လျှို့ဝှက် စက်ခလုတ်ခုံနဲ့ မခွဲတော့ဘဲ ဗြောင်မဲပေးတော့မယ်။ အဲလို ဗြောင်မဲပဲပေးတဲ့အတွက် ဘာမှကြောင့်ကြစရာ မရှိဘူး။ ဘာမှအနှောင့်အယှက်ပေးလည်း မခံရဘူး။ အနှောင့်အယှက် ပေးနိုင်တဲ့အခြေအနေလည်း မရှိပါဘူးတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောဆိုချက်က စည်းကမ်းတခုအနေနဲ့ ဖြစ်သွားပြီလား။ ဒါမှမဟုတ်ရင် လွှတ်တော်ကိုယ်စားလှယ်တွေကနေ စောဒက တက်ဖွယ်တွေကော ရှိလား။ ဘာတွေ ဆက်ဆွေးနွေးဖို့ ရှိသေးလဲ။

“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ စကားက အတည်ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လျှို့ဝှက်မဲပေးတဲ့ စနစ်ဖြစ်ဖြစ်၊ ဗြောင်မဲပေးစနစ်ဖြစ်ဖြစ် သူက ဆုံးဖြတ်ခွင့်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စက်ခလုတ်ခုံနဲ့ မဲပေးတဲ့စနစ်ကို နည်းနည်းသံသယရှိတယ်လို့ သူပြောတာ။ တချို့ကလည်း အဲလိုပဲမြင်တယ်လေ။ ဘာလို့လဲဆိုတော့ စက်ခလုတ်ခုံက ထိန်းချုပ်တဲ့အခန်း ရှိတယ်။ အဲဒီနေရာက ဘယ်သူဘာမဲပေးတယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး တချို့ကလည်း ပြောတယ်။ တချို့ကလည်း အဲဒီစက်ခလုတ်ခုံရဲ့ ထိန်းတဲ့ အခန်းကနေ ဘာကိုဘယ်လို လုပ်လို့ရတယ်။ ပြောင်းလဲလို့ရတယ် ဆိုပြီးတော့ ကိုယ်စားလှယ်တချို့က သံသယရှိတာ အမှန်ပဲပေါ့။ အဲဒီအတွက် စက်ခလုတ်ခုံကို မသုံးဘဲ ဗြောင်မဲပေးတဲ့စနစ်ကိုပဲ သုံးတော့မယ်ဆိုပြီးတော့ ဖြစ်သွားတာပါ။”

လွန်ခဲ့တဲ့အပတ်က အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် တယောက်က အဆိုတင်သွင်းတဲ့ အခါမှာ မတ်တတ်ရပ်ပြီး မဲပေးရတော့ တချို့တွေက အင်အားစုများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးက ငြိုငြင်မှာဆိုးလို့ ကြားနေလိုက်တဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ နောက်ပိုင်းမှာ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလား။ ဘယ်လိုမြင်လဲ။

“ကျနော်တို့နိုင်ငံကတော့ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံ မဟုတ်တော့ အဲဒီလို စပ်ကူးမတ်ကူး ကာလမှာ စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိနိုင်တယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံမှာဆိုရင် ကိုယ်စားလှယ်တွေက ကိုယ့်ပါတီ သူ့ပါတီမရွေးဘူး။ မှန်တယ်ထင်ရင် သူများဘက်က လာပြီးတော့ အဆိုတင်သွင်းရင်လည်း ထောက်ခံပေးလိုက်တာပဲ။ မှားတယ်ထင်ရင်တော့ ကိုယ့်ပါတီက တင်ပြပါစေ၊ ကန့်ကွက်လိုက်တာပဲ။ ကျနော်တို့နိုင်ငံမှာတော့ ဒီမိုကရက်တစ် အင်အားစုတွေ ဆိုတာ လွှတ်တော်ထဲမှာ သိပ်ပြီးနည်းပါတယ်။ အခုပြည်သူ့လွှတ်တော်မှာဆိုရင် ၅၀ လောက်ပဲရှိတာ။ အရေးပေါ်ပုဒ်မအက်ဥပဒေ ပြင်ဆင်ဖို့ကို ဦးသိန်းညွန့်က တင်သွင်းတဲ့အခါမှာ ကျနော်တို့ဘက်က အဲဒီပုဒ်မရဲ့ အကြောင်းအရာတွေကို အတိအကျ မသိဘူး။ ဦးသိန်းညွန့် ပြောတဲ့ဘက်ကိုလည်း ကျနော်တို့ ထောက်ခံသလို တဖက်က ပြန်ရှင်းတော့လည်း ကျနော်တို့က ဇဝေဇ၀ါဖြစ်သွားတာပေါ့။ အဲဒီပုဒ်မအပေါ်မှာ ကျနော်တို့က ကြိုတင်လေ့လာမှုမရှိဘဲနဲ့ ဖြစ်သွားတာပါ။ ဒီမိုကရက်တစ် အင်အားစုတွေက ကြောက်စိတ်ကြောင့်၊ အခွင့်အရေးကြောင့် အခုလိုမျိုး မရှိပါဘူး။ ပြတ်ပြတ်သားသားပဲ ထောက်ခံရဲပါတယ်။

“တခုရှိတာက ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ၊ တပ်မတော်အင်အားစုတွေ အနေအထားကတော့ ကျနော်တို့က အဲဒီလိုစက်ခလုတ်ခုံနဲ့ပေးရင် နည်းနည်းများ ပိုလာမလားလို့ သူတို့ကြိုက်တဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကလည်း ဗြောင်မဲပေးတယ်ဆိုတော့ ဒီဘက်ကို ကူးပြောင်းလာဖို့ မလွယ်ဘူးလေ။ ဗြောင်မဲပေးတော့ သူတို့အကုန်လုံး ညီညီညာညာပဲ။ အကုန်လုံးပဲ သဘောပေါက်လွယ်တယ်။ ဥပဒေတွေကို သဘောပေါက်လွယ်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေရော၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေရော၊ အကုန်တယောက်မကျန် မတ်တတ်ရပ်တယ်။ ကန့်ကွက်ရင်လည်း အကုန်လုံး ကန့်ကွက်တယ်။”

စက်ခလုတ်ခုံ ပျက်ယွင်းမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စက်ခလုတ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့လူတွေ အဆင့်ဆင့်ကို အရေးယူ ဆောင်ရွက်တာတွေ ကြားရလား။

“အဲဒါမျိုး မကြားရဘူးခင်ဗျ။ အမှန်က ဒီခေတ်မှာ စက်ခလုတ်ခုံပျက်လည်း ခနပေါ့။ လုပ်နိုင်ရင် လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို အကြံအစည်ရှိရှိနဲ့ လုပ်မလုပ်တော့ မသိဘူး။ အခုဖြစ်နေတာတော့ စက်ခလုတ်ခုံကဏ္ဍ လုံးဝပိတ်သွားပြီ။”

ဒီလိုမျိုး ဗြောင်မဲပေးတာနဲ့ စာရင် မဲပုံးတခုထဲမှာ လျှို့ဝှက်မဲထည့်ကြဆိုပြီး ဗြောင်ရေတွက်တာမျိုးက ပိုမသင့်တော်ဘူးလား။

“မဲလက်မှတ်နဲ့ပေးတာ အကောင်းဆုံးပါပဲ။ အဲဒီစနစ်က အရင်သမ္မတ ရွေးတုန်းက သုံးခဲ့တယ်။ ဒါပေမယ့် အချိန်တော့ပေးရတယ်။ အခုလို ဗြောင်မတ်တပ်ရပ်လိုက်ဆိုတော့ အချိန်က တမိနစ်လောက်အတိုင်းအတာမှာ ပြီးသွားတယ်။ လျှို့ဝှက်မဲပေးစနစ်နဲ့တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် အဲဒါကိုမှ မညွှန်းတာ။ လျှို့ဝှက်မဲပေးစနစ်၊ စက်ခလုတ်ခုံက မဲပေးစနစ်၊ ဗြောင်မဲပေးစနစ် အဲဒီလိုမျိုး ကျင့်သုံးနိုင်တဲ့အခြေအနေမှာ နှစ်ခုက တခုပဲရွေးလိုက်တော့ လျှို့ဝှက်မဲပေးတဲ့စနစ်က ပျက်သွားတာပေါ့။ အမှန်က မဲလက်မှတ်နဲ့ပေးရင်တော့ အကောာင်းဆုံးပဲ။ ဒါပေမယ့် အဲဒီစနစ်ကိုမှ မသုံးတာ။ အဲဒီအခြေအနေမှာ ကျနော်တို့က ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီအတိုင်းပဲ ကြည့်နေရတာပေါ့။”

ဗြောင်မဲပေးတဲ့စနစ်က တပ်မတော်သား ၂၅ ရာခိုင်နှုန်းအင်အားစုနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီထဲက အင်အားစုတွေက လျှို့ဝှက်မဲပေးပြီးတော့ အများပြည်သူ လိုလားတဲ့ ပြောင်းလဲစေချင်တဲ့ ကိစ္စတွေမှာ ပြောင်းလဲလို့ မရဘူးဆိုတဲ့ ခြိမ်းခြောက်မှုလိုမျိုးကော မမြင်ဘူးလား။

“အခြေအနေက စပ်ကူးမတ်ကူးကာလ ဖြစ်နေလို့ပါ။ ပြီးတော့ တပ်မတော်က ဘယ်ပါတီရဲ့ နောက်မြီးဆွဲအင်အားစု မဖြစ်သင့်ဘူး။ ပါတီရဲ့လက်ကိုင်တုတ်လည်း မဖြစ်သင့်ဘူး။ ကိုယ့်ရဲ့ မှန်ကန်မှုအပေါ်မှာ သီးခြားရပ်တည်သင့်တဲ့ အဖွဲ့တခုလို့ ကျနော်ယူဆတယ်။ သူများက ထောက်ခံဆိုထောက်ခံတယ်၊ ကန့်ကွက်တယ်ဆို ကန့်ကွက်တယ် အဲလိုမျိုး ဖြစ်နေရင် တပ်မတော်အပေါ်မှာ ပြည်သူက လေးစားမှာမဟုတ်ဘူး။ တပ်မတော်က လွှတ်တော်ထဲမှာ အင်အားကို ထိန်းညှိပေးတဲ့ အဖွဲ့အစည်းပဲဖြစ်သင့်တယ်။ ဒါမှလည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပိုတိုးတက်လာမယ်။ တပ်မတော်က သီးခြားရပ်တည်ပြီးတော့ ထိန်းညှိပေးတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်စေချင်တယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ဘက်က မဲကတော့ ဗြောင်မဲပေးတဲ့စနစ်နဲ့ဆိုတော့ ဒီလိုအချိန်အခါမျိုးမှာတော့ တပြားတချပ်မှ ရနိုင်မယ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်။”
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:17:18 AM
Reply #8
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
“ဒီကေဘီအေ” တပ် အင်အား ထောင်ချီ လှုပ်ရှားနေဆဲ

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA) သည် အင်အားထောင်နှင့်ချီပြီး ရပ်တည်လှုပ်ရှားနေဆဲ ဖြစ်ကြောင်း ဒီကေဘီအေ၏ ကလိုထူးဘော စစ်ဌာနချုပ် ပြန်ကြားရေးတာဝန်ခံက ယနေ့ ပြောဆိုလိုက်သည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က ဒီကေဘီအေအား နိုင်ငံတော်ဖွဲ့စည်းပုံနှင့်အညီ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးဖြစ်သဖြင့် DKBA ဟူ၍ မရှိတော့ကြောင်း စက်တင်ဘာ ၂ ရက်နေ့ နေ့စွဲဖြင့် အစိုးရပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့ခြင်းအပေါ် ဒီကေဘီအေက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပြန်ကြားရေးတာဝန်ခံက “ဒီကေဘီအေတပ်ဖွဲ့က အင်အား သုံးထောင်ဝန်းကျင်နဲ့ ရပ်တည်နေဆဲဖြစ်တယ်၊ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်သည့်တပ်ဖွဲ့နဲ့ ဗိုလ်မှူးကြီးစောဘိ ဦးဆောင်တဲ့ မြိုင်ကြီးငူတပ်ဖွဲ့တွေ အင်အား အဓိက ရှိတယ်”ဟု ပြောသည်။

မြန်မာအစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံသော ဒီကေဘီအေတပ်ဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

ယင်းတပ်များသည် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ မြိုင်ကြီးငူဒေသရှိ လှိုင်းဘွဲ့နှင့် ဖားအံခွင်တလျှောက်မှာ ကေအဲန်ယူတပ်များနှင့် ပူးပေါင်းလှုပ်ရှားနေသည်။

ယင်းဒီကေဘီအေတပ်ဖွဲ့များသည် တဖက်တွင် စစ်ရေးအရ ကေအဲန်ယူနှင့် ပူးပေါင်းပြီး အစိုးရတပ်ကို တိုက်ခိုက်နေသလို နိုင်ငံရေးအပိုင်းမှာလည်း ကေအဲန်ယူနှင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်သွားလိုသည်ဟု ဆိုသည်။

ဒီကေဘီအေသည် ကေအဲန်ယူအဖွဲ့မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စစ်အစိုးရ၏ အစီစဉ်အရ ဒီကေဘီအေတပ်ဖွဲ့အများအပြား နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းခဲ့သည်။

သို့ရာတွင် ထိုသို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရခြင်းကို လက်မခံသည့် ဗိုလ်မှူကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့်တပ်များက ဒီကေဘီအေနာမည် ဆက်လက် ခံယူပြီး စစ်ရေးအရ လှုပ်ရှားနေခြင်းဖြစ်သည်။

ဒီကေဘီအေ မရှိတော့ကြောင်း အစိုးရပိုင် သတင်းစာမှ ကြေညာသည့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ်က ဒီကေဘီအေတပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲခဲ့ပြီး နောက်ပိုင်း ဒီကေဘီအေမှ ထွက်လာသည့် အရာရှိ စစ်သည်ဟောင်းများဖြင့် နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သည်။

၎င်းပါတီတွင် ဥက္ကဌ စောသာထူးကျော်၊ ဒုဥက္ကဌ စောအောင်ငွေနှင့် အတွင်းရေးမှူး စောသန်းမြတို့ဖြင့် ဦးဆောင်နေပြီး၊ လက်ရှိ ကရင်ပြည်နယ်၏ စီးပွားရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်မှာ KSDDP ပါတီမှ ဖြစ်သည်ဟု ကေအိုင်စီသတင်းတပုဒ်တွင် ဖော်ပြထားသည်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:18:31 AM
Reply #9
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
လွှတ်တော် ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်စု ပါဝင်ခွင့်မရ

By မသင်းသီရိ

အမျိုးသားလွှတ်တော်က ထာဝရ ငြိမ်းချမ်းရေး အမြဲတမ်း ကော်မတီတရပ် ဖွဲ့စည်းဖို့ အတည်ပြုလိုက်တာကြောင့် ကော်မရှင်ပုံစံမျိုး ဖွဲ့စည်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ပြင်ပက တခြားလူပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးက ဗွီအိုအေကို ပြောပါတယ်။ ကော်မတီ ဆိုတာဟာ လွှတ်တော်အမတ်တွေနဲ့ပဲ ဖွဲ့စည်းရတာမို့ လွှတ်တော်ပြင်ပက ပုဂ္ဂိုလ်တွေ ပါဝင်ခွင့် မရတော့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီ အခြေအနေ အပါအ၀င် ဒီကနေ့မနက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ နေ့လယ်ပိုင်းတွေမှာ ကျင်းပတဲ့ လွှတ်တော်နှစ်ရပ် အစည်းအဝေးတွေထဲက ထူးခြားတဲ့ ဆွေးနွေးချက်တွေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးတွေ ထာဝရ တည်မြဲစေဖို့အတွက် အများ ယုံကြည်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား တတ်သိပညာရှင်တွေပါ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အဆိုပြု တင်သွင်းထားပေမဲ့ အခု ငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းဖို့ သောကြာနေ့က အတည်ပြုလိုက်တာကြောင့် အပြင်က ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ ကော်မရှင်ဖြစ်မှသာ အပြင်လူတွေ ပါဝင်နိုင်ပြီး ကော်မတီ ဆိုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းရမှာကြောင့် ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်တော့ ဒါ လွှတ်တော်အမတ်တွေနဲ့ပဲ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာလို့ ပါတာကိုး၊ ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်လို့ ပြောတဲ့အခါမှာ။ ကော်မတီဆိုရင်တော့ သင့်လျော်တဲ့ နိုင်ငံသားများ ဆိုတာကို ထည့်သွင်းလို့ မရတော့ဘူးပေါ့လေ။ လွှတ်တော်မှာ အမြဲတမ်း ကော်မတီပဲ ဖြစ်ဖြစ်၊ ယာယီကော်မတီပဲ ဖြစ်ဖြစ် ကော်မတီဆိုတာ ဖွဲ့လို့ရှိရင် ကော်မတီဟာ လွှတ်တော်အမတ်တွေနဲ့ပဲ ဖွဲ့ရတာကိုး။

“ကော်မရှင်ဆိုတဲ့ အခါကျတော့ ပြင်ပမှာရှိတဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ လူရိုသေ ရှင်ရိုသေ နိုင်ငံသားတွေနဲ့ ပူးပေါင်း ပါဝင် ဖွဲ့စည်းနိုင်တာမျိုးကို ပုဒ်မ ၁၅၀ မှာ ဖွင့်ပေးထားတာ ရှိတယ်။ အဲဒီဟာနဲ့ဆိုရင် လွှတ်တော်ပြင်ပမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ဆွဲခေါ်နိုင်ပြီး ညှိနှိုင်းနိုင်တဲ့ ကာလတို ကော်မရှင်လေးတခု ဖြစ်ရင် ပိုကျယ်ပြန့်တာပေါ့ဗျာ။ အဆိုလေးရယ်၊ အသံလေးရယ်၊ သမိုင်းရဲ့ ကဏ္ဍလေးတခုအဖြစ် ကျန်ခဲ့မှာပါ။ ဒါကြီးက ဆက်လက် အကောင်အထည် ဖော်ကြမှာ မဟုတ်ဘူးလေ။”

နိုင်ငံအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ထဲ အရေးတကြီးအဆင့်မှာ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး အစီအစဉ်ထဲမှာ ကျယ်ပြန့်ပြီး အများလက်ခံတာမျိုးနဲ့ ဘက်ပေါင်းစုံ ပါဝင်မှုတွေနဲ့ အလျှင်အမြန် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဇူလိုင်လ ၂၈ ရက်နေ့က သူ့ရဲ့ အိတ်ဖွင့်ပေးစာမှာ သူလည်းပဲ ဒီကဏ္ဍလေးကို တထောင့်တနေရာက ပါဝင် ပူးပေါင်းပြီး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါဝင်ချင်တယ်ဆို၊ ကျနော်တို့ ဆွဲသွင်းနိုင်ရင် သမ္မတကြီးကလည်း ပူးပေါင်းဖို့၊ အချိန်တိုအတွင်းမှာ ကျနော်တို့ ဖြစ်ပျက်ခဲ့တဲ့ အပေါ်မှာ နောင်တရစရာ၊ နှမျောစရာ ကောင်းလိုက်တာလို့ တွေ့တဲ့ကာလလေးမှာ ကျနော်တို့ဟာ လုပ်နိုင်ရင် အချိန်တို လေးငါးနှစ်အတွင်းမှာ အမြန်ဆုံး လုပ်နိုင်မှာဖြစ်လို့ ငြိမ်းချမ်းမှုအတွက် ရောင်ခြည်သန်းအောင် စောင့်နေကြတဲ့ လွှတ်တော်တွင်း အစိုးရအဖွဲ့တွေ အကုန်လုံး ပျော့ပြောင်း ငြင်သာစွာ ဆွဲသွင်းရမှာဗျ။”

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်အတွင်း အစိုးရဟာ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရာမှာ တို့တာဝန်အရေး ၃ ပါးကို မထိခိုက်ဘဲ ဆောင်ရွက်ဖို့ဆိုတဲ့ အဆိုကို ရန်ကုန်တိုင်း မဲဆန္ဒနယ် ၁၂ က ကိုယ်စားလှယ် ဦးဆွေအောင်က တင်ပြပါတယ်။ ဒါကို ဒီကနေ့မှာ ကိုယ်စားလှယ် ၃ ဦးက ထောက်ခံ ဆွေးနွေးပေမဲ့ မနက်ဖြန် အင်္ဂါနေ့ ဒီအကြောင်း ဆက်လက်ဆွေးနွေးတဲ့အခါ မတူကွဲပြားတဲ့ အမြင်နဲ့ ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။

“အဲဒီအပေါ်မှာက အမြင်အမျိုးမျိုးပေါ့၊ တို့တာဝန် အရေးသုံးပါး ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုလုံးမှာလည်း အကြိမ်ပေါင်းများစွာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့ဘက်က တိုင်းရင်းသားတွေ အဓိက ဖွဲ့တာကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာ အင်မတန် အရေးကြီးတယ်ပေါ့။ ဆိုတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲဖို့အတွက် ဘာလုပ်မလဲဆိုတဲ့ အမြင်လေးကို ဆွေးနွေးကြတဲ့ အပိုင်းကတော့ ကွာနိုင်တာပေါ့။

“ခုနလို တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲဘူး၊ အခု ပြိုကွဲနေလို့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတယ်။ ပြိုကွဲနေပြီ၊ ဒါကြီးကို မပြိုကွဲအောင် ဘယ်လိုလုပ်မလဲ ဆိုတာ၊ ပြိုကွဲနေတဲ့ဥစ္စာကို ပြန်စေ့စပ်ဖို့အတွက် ဘယ်လိုနည်းသုံးမယ်ဆိုတဲ့ အပိုင်းက တမျိုးလေ။ နှစ်ပေါင်းလည်း ၆၀ ကျော်ပြီလေ။ အဆိုတခုကတော့ဖြင့် အမြင်ချင်း မတူနိုင်တဲ့ လွှတ်တော်အမတ်တွေရဲ့ အယူအဆလေးတွေကတော့ ဆွေးနွေးကြတဲ့အခါမှာ ကျနော်တို့ကတော့ မှတ်သားရမှာပေါ့။”

ဒါ့အပြင် မြန်မာနိုင်ငံ သတ္တုကဏ္ဍ ဖွံ့ဖြိုးရေး အဆိုနဲ့ ဒါကို ပြည်ထောင်စုလွှတ်တော်ကနေ အမြန် အကောင်အထည်ဖော်ရေး ကိစ္စတွေကိုလည်း ဒီနေ့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ အစည်းအဝေးတွေတွင်း လွှတ်တော် ၂ ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ ဒုတိယ ပုံမှန်အစည်းအဝေးရဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဲဒီမှာလည်း အခွန်ဘဏ္ဍာဆိုင်ရာ ဥပဒေမူကြမ်းတွေကို အတည်ပြုခဲ့သလို ရပ်ကွက်နဲ့ ကျေးရွာဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူကြမ်းတွေကိုလည်း အတည်ပြုခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်က နေပြီးတော့ ဥပဒေတွေ အဓိက အတည်ပြုတာပေါ့။ ဥပဒေကြမ်း ကော်မတီက တင်တဲ့ ဥပဒေတွေပေါ့လေ။ အမြတ်ခွန်ဥပဒေတို့၊ ဘဏ္ဍာရေး၊ ၀င်ငွေခွန် ဥပဒေတို့၊ နောက်တခါ ရုံးခွန် အက်ဥပဒေတို့၊ ဥပဒေတွေ မှန်သမျှ မနက်က တော်တော်များများကို အတည်ပြုလိုက်တာပေါ့။”

ဒီလိုဆွေးနွေးချက်တွေအပြင် သစ်တောဝန်ကြီးဌာနကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက်တာကိုလည်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ တခါ ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆက်လက်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အတွင်းမှာတော့ ရေးရာကော်မတီ တခုချင်းစီရဲ့ လုပ်ကိုင်ခွင့် သတ်မှတ်ချက် မူဝါဒတွေကို ဆက်လက်ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 09:19:38 AM
Reply #10
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်ရာတွင် နှစ်ဖက်သေဆုံးမှုရှိ

မင်းသုတ- ကရင်ပြည်နယ်တွင်လှုပ်ရှားနေသော မွန်ခွဲထွက်များနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့တို့ ယမန်နေ့ညပိုင်းတွင် ဖားအံမြို့နယ်၊ ခရားအတွင်းရွာအနီး၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

မွန်ခွဲထွက်အဖွဲ့မှနှစ်ဦးနှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့မှတစ်ဦး သေဆုံးခဲ့ပြီး မွန်ခွဲထွက်သေနတ် ၃ လက်ကို ကရင်နယ်ခြားစောင့်တပ်က သိမ်းဆည်းရမိကြောင်း နယ်စပ်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

“မွန်ခွဲထွက်အဖွဲ့ဆိုတာ တလောက ခရစ်ရွာပြန်ပေးဆွဲတဲ့အဖွဲ့က ၃ ယောက်အဖွဲ့ပေါ့၊ နှစ်ယောက်သေတာ နာမည်အတိအကျရအောင်စုံစမ်းနေတုန်းပဲ” ဟု သူကဆက်ပြောသည်။

အဆိုပါ ၃ ယောက်အဖွဲ့မှာ လက်နက်ချနိုင်ရှောင်ဦးစီးသော မွန်လက်နက်ကိုင်အောင်ချမ်းအဖွဲ့မှ ခွဲထွက်လာသည့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင်တို့ဖြစ်ကြပြီး ကော့ကရိတ်မြို့နယ်၊ ခရစ်ကျေးရွာတဝိုက်တွင်လှုပ်ရှားလျှက်ရှိရာ လွန်ခဲ့သည့်သြဂုတ်လ ၂၄ ရက်နေ့တွင် ပဲ့ချိပ်လှေမောင်းသမားအနိုင်(အသက်-၃၆ နှစ်)နှင့် နိုင်ကွန်းစော့(အသက်-၄၀ နှစ်) နှစ်ဦးတို့ကို ပြန်ပေးဆွဲ၍ငွေကျပ်သိန်း ၁၅၀ တောင်းခံခဲ့သူများဖြစ်ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

အထက်ပါနှစ်ဖက်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးခဲ့သည်ကို မိမိတို့လည်းကြားသိခဲ့ရကြောင်း မြဝတီနယ်စပ်သို့ရောက်ရှိနေသူ နိုင်ကွန်းစော့က အတည်ပြုပြောကြားခဲ့ပြီး မည်သူမည်ဝါသေဆုံးခဲ့သည်ကို ဆက်လက်စုံစမ်းနေသည်ဟုလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ပြည်သစ်ပါတီဝင်ဟောင်း ကွယ်လွန်သူဗိုလ်ချုပ်အောင်နိုင်သည် ယခင်စစ်အစိုးရနှင့်အပေးအယူပြုလုပ်ပြီး အင်အားအချို့စုစည်းကာမွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၀၈ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။

ယမန်နှစ်တွင် မွန်ဗိုလ်ချုပ်ဟောင်းအောင်နိုင်ကွယ်လွန်ခဲ့ပြီး မွန်ပြည်သစ်ပါတီမှတပ်မှူးဟောင်း နိုင်ရှောင်က မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဆက်လက်ဦးစီးပြီး ၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့များတွင် စစ်အစိုးရထံနှစ်ကြိမ်တိတိ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ကို မြန်မာအစိုးရသတင်းများတွင် အသားပေးဖေါ်ပြခဲ့သည်။

ခေါင်းဆောင်နိုင်ရှောင် ဦးစီးသောအဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လှုပ်ရှားလျှက်ရှိပြီး လက်ထောက်ဖြစ်သူ အောင်ချမ်းနှင့် အဖွဲ့ဝင် ၂၀ ဦးတို့မှာ မြန်မာစစ်တပ်အစီအစဉ်ဖြင့် မွန်လူမျိုးအများစုနေထိုင်ကြသော ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကော့ယက္ခရွာနှင့် ကော့ကရိတ်မြို့နယ် ကော့ပေါက်ရွာတွင်အခြေပြုလျှက်ရှိရာ ဝင်ငွေမလောက်မငသဖြင့် ဇော်မင်း၊ ထောအောင်နှင့် နိုင်မောင် (၃) ဦးတို့ လက်နက်များယူဆောင်က ကော့ကရိတ်မြို့နယ်တွင် ပြန်ပေးဆွဲခဲ့မှုပြုလုပ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီသထုံခရိုင်မှ ဖုန်းဖြင့်ပြောကြားခဲ့သည်။

အလားတူ မုဒုံမြို့နယ်နှင့် ဘုရားသုံးဆူဒေသတို့တွင်လည်း အမည်မသိလက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲမှုများနှင့် ဆက်ကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 11:17:18 AM
Reply #11
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ဝီကီလိခ် ဖေါ်ပြချက် ဖဒိုမန်းရှာ မိသားစု လက်မခံ
2011-09-05

၂၀၀၈-ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံမှုမှာ လက်ရှိ KNU ဗိုလ်မှူး နာဒါမြလည်း ပါဝင်တယ်ဆိုတဲ့ ၀ီကီလိခ် ရဲ့ဖော်ထုတ်ချက်ကို ဖဒိုမန်းရှာ ရဲ့ မိသားစုဝင်တွေက လက်မခံ ပယ်ချလိုက်ပါတယ်။



ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ မှတ်တမ်းတွေကို ဖွင့်ချနေတဲ့ ၀ီကီလီခ် သတင်းတွေထဲမှာ KNU ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာကို လုပ်ကြံ သတ်ဖြတ်သူတွေထဲမှာ ကွယ်လွန်သူ KNU ဥက္ကဌကြီး စောဗိုလ်မြ ရဲ့သား ဗိုလ်မှူး နာဒါမြ လည်း ပါဝင်ကြောင်း ကောလဟာလ သတင်း ထွက်နေတယ်လို့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိ တဦးကို ကိုးကားပြီး ဒေါက်တာ စောဆိုင်မွန်သာ က အမေရိကန် သံရုံးကို ပြောဆိုခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး ဖဒိုမန်းရှာရဲ့ သမီးလည်းဖြစ် အခုအခါ အင်္ဂလန်နိုင်ငံမှာ မြန်မာအရေး ဆောင်ရွက်နေတဲ့ Burma Campaign ရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ မဇိုရာဖန်းက အခုလို ပြောပါတယ်။

" ဒေါက်တာ စောဆိုင်မွန်သာ ဘာရည်ရွယ်ချက်နဲ့ ပြောဆိုသလဲ ဆိုတာတော့ ကျမတို့ မသိရပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျမတို့ ကရင် တိုင်းရင်းသား အချင်းချင်းကြားမှာ စည်းလုံး ညီညွတ်မှု ထိခိုက်သွားမှာ စိုးရိမ်မိပါတယ်၊ ကရင် တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲအောင် အာဏာရှင်က နည်းမျိုးစုံနဲ့ လုပ်နေခဲ့တာပါ၊ အခုလို သက်သေ အထောက်အထား မရှိတဲ့ ကောလဟာလကို ကျမတို့ဘက်က လက်မခံနိုင်ပါဘူး။"

မြန်မာ စစ်အစိုးရဟာ KNU နဲ့ တွေ့ ဆုံ ဆွေးနွေးရေး အတွက် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာကို ကြားလူ အနေနဲ့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
@RFA

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 01:11:23 PM
Reply #12
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။

လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခု အဖွဲ့ဝင်စာရင်း ထုတ်ပြန်

Tuesday, 06 September 2011 11:37

လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခုတွင် ပါဝင်မည့် အဖွဲ့ဝင်စာရင်းကို ယမန်နေ့က အောက်လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်သည်။ ကော်မတီ ဥက္ကဋ္ဌများမှာ ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ကိုင်တွယ်ခဲ့သော ဗိုလ်ချုပ်ဟောင်းများနှင့် ဝန်ကြီးဟောင်းများသာဖြစ်ကြောင်း တွေ့ရသည်။ တိုးချဲ့ဖွဲ့စည်းသည့် ကော်မတီ ၁၉ ခုတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ စသည်တို့ ပါဝင်သည်။
@ဧရာဝတီ

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 01:14:21 PM
Reply #13
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ရေး စာရင်းတင်သွင်းနိုင်

Thursday, 01 September 2011 11:52

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို စက်တင်ဘာ ဒုတိယပတ်အတွင်း ဆွေးနွေးရန် ဆုံးဖြတ်သည့်အတွက် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာတို့ကို ဖော်ပြ၍ အောက်လွှတ်တော်သို့ တင်သွင်းနိုင်ကြောင်း သိရသည်။ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်။

@ဧရာဝတီ

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 06:25:12 PM
Reply #14
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ဝါဒဖြန့်မှုကိုတုံ့ပြန်ရန် ပြည်ပမီဒီယာ အရေးပါ

Tuesday, 06 September 2011 12:15

ဧရာဝတီ အပါအ၀င် ပြည်ပအခြေစိုက် စာနယ်ဇင်း ဌာနများသည် အစိုးရမီဒီယာ ၀ါဒဖြန့်ချိရေးကို တုံ့ပြန်မှု၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရန် တွန်းအားပေးမှုတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သောကြာနေ့တွင် ၀ီကိလိ ၀က်ဆိုက်က ဖွင့်ချလိုက်သည့် ရန်ကုန်မြို့ အမေရိကန်သံရုံး၏ ကြေးနန်းစာတစောင်တွင် ဖော်ပြထားသည်။

Rangoon_residents_listen_to_newsမြန်မာပြည်အတွင်း ဧရာဝတီ မဂ္ဂဇင်း ရောက်ရှိနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ကဲ့သို့သော နိုင်ငံရေးသမားများထံ ဖြန့်ဝေနေကြောင်း ကြေးနန်းစာက ဆိုသည်။

ဦးတင်ဦး နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ၂၀၀၉ ခုနှစ်တွင် သူ၏ဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေနှင့် ရန်ကုန်မှ အမေရိကန်သံတမန်တဦးတို့ စကားပြောဆိုမှုကို ကြေးနန်းစာက ကိုးကား ရေးသားထားခြင်း ဖြစ်သည်။ ဦးတင်ဦးသည် ယမန်နှစ်က အကျယ်ချုပ်မှ လွတ်မြောက်လာသည်။

ဦးတင်ဦး၏ကျန်းမာရေးနှင့် ပတ်သက်ပြီး အာဏာပိုင်တို့နှင့် ဆက်သွယ်ပြောဆိုရာတွင် အခက်အခဲများစွာ ရှိနေသည်ဟု ဒေါက်တာ ဒေါ်တင်မိုးဝေက သံအရာရှိကို ပြောပြသည်ဟု ဆိုသည်။ ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်တွင် အထိန်းသိမ်းခံရစဉ်  ဦးတင်ဦး၏ လိုအပ်ချက်များကို အလျှင်အမြန် တုံ့ပြန်ပေးတတ်ကြောင်း ဒေါက်တာ ဒေါ်တင်မိုးဝေက သတိတရ ပြန်ပြောပြသည်ဟု ဆိုသည်။

နိုင်ငံရေးအတိုက်အခံတို့၏ မိသားစုများကို မည်သို့ အကူအညီပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ကြားချက်ပေးရန် သံရုံးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့သော စာတွင် တင်ပြထားသည်။

ဦးတင်ဦးက အထိန်းသိမ်းခံရသည့် ကာလများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးစေပြီး National Geographic နှင့် ဧရာဝတီ မဂ္ဂဇင်းတို့ကို အကြိုက်ဆုံးဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့က ဦးတင်ဦးကို ဆက်သွယ်မေးမြန်းရာတွင် “ဟိုတုန်းကတော့ဗျာ၊ ဧရာဝတီ မဂ္ဂဇင်းကို ဖတ်ပြီးရင် အခြေအနေအရ ဖျောက်ဖျက်လိုက်တာမျိုး ရှိပါတယ်။ အခုတော့ ဖတ်နေကြတာပါပဲ၊ ဘာမှ ပြဿနာ မရှိတော့ပါဘူး” ဟု ဧရာဝတီကို ပြောပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ၁၉ နှစ်ကြာ ထိန်းသိမ်းခံရစဉ်က  ဧရာဝတီ မဂ္ဂဇင်းကို အင်းစိန်ထောင်အတွင်း လျှို့ဝှက်သွင်းယူပြီး ဖတ်ရှုခဲ့ဖူးသည်ဟု ဆိုသည်။

ဧရာဝတီ မဂ္ဂဇင်းကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ပြီး ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံရုံးများမှတဆင့် မြန်မာ့နိုင်ငံရေးအသိုင်းအ၀န်းသို့ ဖြန့်ဝေခဲ့သည်ဟု မဂ္ဂဇင်းကို တည်ထောင်သူ ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က ပြောသည်။

မဂ္ဂဇင်းကို လစဉ် ထုတ်ဝေနိုင်ခဲ့သော်လည်း ရန်ပုံငွေအခက်အခဲကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ပြီး သုံးလတကြိမ်သာ ပုံနှိပ်ဖြန့်ဝေနိုင်တော့သည်။ မြန်မာပြည်အတွင်းသို့ ပေးပို့ရာတွင်လည်း စောင်ရေ အကန့်အသတ် ရှိလာသည်။ ဘဏ္ဍာရေးအခက်အခဲ ပိုမို ကြီးထွားလာသဖြင့် ယခုနှစ်ကုန်ပိုင်း မဂ္ဂဇင်းထုတ်ဝေမှု နှောင့်နှေးမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် ဧရာဝတီ မဂ္ဂဇင်းကို တရားဝင် ဖြန့်ချိဖတ်ရှုခွင့်မရှိသကဲ့သို့ ဧရာဝတီ အင်တာနက်စာမျက်နှာကိုလည်း အစိုးရက ပိတ်ပင်ထားသည်။

သတင်းအမှောင်ချထားသော မြန်မာပြည်တွင်း အခြေအနေများကို ဖော်ထုတ်တင်ဆက်ရာတွင် ဧရာဝတီ မဂ္ဂဇင်းက ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သည်ဟု အယ်ဒီတာ ကိုအောင်ဇော်က ပြောသည်။အစိုးရသစ်လက်ထက်တွင် အခြေအနေပေးပါက  ဧရာဝတီ မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေလိုသည်ဟု ကိုအောင်ဇော်က ဆိုသည်။

၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွန့်က ကရင်သူပုန်ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ်  ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြထားသည့် အချက်များနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ဖူးသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှု၊ လူသတ်မှုတို့တွင် သူ ပါဝင်ပတ်သက်နေသည်ဟု မဂ္ဂဇင်းတွင်ရေးသားထားချက်များကို ယုံကြည်ခြင်း မပြုရန် ဗိုလ်ချုပ်စောဘိုမြကို ပြောဆိုခြင်း ဖြစ်သည်။

ပါဝင်ပတ်သက်မှုမရှိကြောင်း သက်သေပြနိုင်လျှင် ဧရာဝတီက ရေးသားဖော်ပြ၀ံ့မည်မဟုတ်ကြောင်း ဗိုလ်ချုပ်စောဘိုမြက ပြန်လည် ပြောဆိုခဲ့သည်/
@ဧရာဝတီ

« Last Edit: September 06, 2011, 06:30:07 PM by ကိုတုတ်ကြီးရေ »
 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 06:29:04 PM
Reply #15
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

ရန်ပိုင် Tuesday, 06 September 2011 16:38

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏  အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA  သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။
@ဧရာဝတီ

« Last Edit: September 06, 2011, 06:30:42 PM by ကိုတုတ်ကြီးရေ »
 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 06, 2011, 07:21:35 PM
Reply #16
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။

ကချင်ခေါင်းဆောင်သတင်း KIA ငြင်းဆို

 Tuesday, 06 September 2011 18:39


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ အစည်းအဝေး တခုအတွင်း ခေါင်းဆောင်များ အငြင်းပွားကြပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အစိုးရ မီဒီယာများတွင် ဖော်ပြထားခြင်းမှာ လုပ်ကြံ ၀ါဒဖြန့်မှုသာ ဖြစ်သည်ဟု KIA က ယနေ့ ပြောဆိုလိုက်သည်။

gen-kiaစက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလိုလားသူများ နှင့် စစ်လိုလားသူ KIA ခေါင်းဆောင်များ  အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးပြီး ခေါင်းဆောင် တဦး ဒဏ်ရာရရှိသွားကြောင်း  ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“သူတို့ ရေးထားတဲ့ဟာ တချက်မှ မှန်ကန်တာ မပါဘူးခင်ဗျာ။ လုံးဝ ကျနော် အာမခံပြီး ပြောပါတယ်” ဟု KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး အဖွဲ့၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

“အစိုးရက အဲဒီလို ရေးလိုက်တဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ မူဝါဒက မိုးလုံးပြည့် မုသာဝါဒ ဆိုတာကတော့ လုံးဝ ထင်ရှားသွားပြီ” ဟု ဦးလနန်က ဆက်ပြောသည်။ 

မကြားသေးခင် ရက်ပိုင်းကလည်း အစိုးရအာဏာပိုင်များဟု ယူဆရသူတို့က သတင်းစာပါ အချက်အလက်များကို   မြစ်ကြီးနား၊ ဗန်းမော်မြို့များတွင် ဖြန့်ဝေခဲ့ပြီးဖြစ်သည်ဟု ဦးလနန်က ရှင်းပြသည်။

“မြို့ပေါ်က ကချင် လူထုတွေကလည်း ယုံပြီးတော့ ဖုန်းနဲ့ လှမ်းမေးတာတွေ အများကြီး ရှိတယ်၊ ကျနော်တို့ကလည်း ထိုင်ပြီး တော့ ဖြေရှင်းနေရတာလည်း အလုပ်တခု။ အဲဒါ ကျနော်တို့ဘက်မှာ အဲဒီကိစ္စတွေကို ဒိုင်ခံဖြေရှင်းဖို့ အလုပ်ပေးတဲ့ သဘောလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

ယခုလ ၁ ရက်နေ့ အစည်းအဝေးတက်သူများထဲတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ပါဝင်သည်ဟု သတင်းစာတွင် ရေးထားသည်။

သို့သော်လည်း ထိုနေ့က ဒုတိယ စစ်ဦးစီးချုပ် ခရီးထွက်နေသည်ဟု KIA တပ်မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့ကလည်း KIA က ကချင်ပြည်နယ်တွင် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေကြောင်း အစိုးရ သတင်းစာတွင် ရေးသားခဲ့သေးသည်။
@ဧရာဝတီ

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 07, 2011, 08:54:09 AM
Reply #17
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ပဒိုမန်း​ငြိမ်း​မောင်ကို မြန်မာအာဏာပိုင် စစ်​ကြော​နေဟုဆို

by နော်နိုရင်း

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ပဒိုမန်း​ငြိမ်း​ ​မောင်ကို မြန်မာအာဏာပိုင်​တွေက ဖမ်း​ဆီး​ထား​ပြီး​ ရန်ကုန် ​ရေကြည်အိုင် စစ်​ကြော ​ရေး​စခန်း​မှာ စစ်​ဆေး​နေတယ်လို့​ သတင်း​ရ​ကြောင်း​ သူ့​ဆွေမျိုး​တဦး​က ​ပြောပါတယ်။

မန်း​ငြိမ်း​ ​မောင်ဟာ ပြီး​ခဲ့​တဲ့​ ဇူလိုင်မှာ တရုတ်နိုင်ငံကို နှစ်ပတ်ကြာသွား​ပြီး​ ကူမင်း​ ​လေ​ကြောင်း​နဲ့​ ထိုင်း​နိုင်ငံကိုအပြန်မှာ ဗီဇာမရှိတာ​ကြောင့်​ နှစ်နိုင်ငံ အပြန်အလှန် ပို့​ဆောင်ခဲ့​ပြီး​ ဇူလိုင်လကုန်ပိုင်း​မှာ သူ့​ကို တရုတ်အာဏာပိုင်​တွေက မြန်မာနိုင်ငံကို ပို့​လိုက်တာလို့​ သူ့​ဆွေမျိုး​က ​ပြောပါတယ်။

မန်း​ငြိမ်း​မောင်ကို မြန်မာလူဝင်မှုကြီး​ကြပ်​ရေး​ရုံး​ကတဆင့်​ ​အောင်သ​ပြေ စစ်​ကြော​ရေး​၊​ မင်္ဂလာဒုံမြို့​နယ်ရဲစခန်း​၊​ စသည်ဖြင့်​ အဆင့်​ဆင့်​ပို့​ပြီး​နောက် ​နောက်ဆုံး​မှာ ​ရေကြည်အိုင် စစ်​ကြော​ရေး​ကို ​ရောက်သွား​တယ်လို့​ သိရ​ကြောင်း​ မန်း​ငြိမ်း​မောင်ရဲ့​ဆွေမျိုး​က ​ပြောပါတယ်။

ရေကြည်အိုင်မှာ စစ်​ကြောမှုကြမ်း​တမ်း​တဲ့​အတွက် အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့​ မန်း​ငြိမ်း​မောင်အတွက် စိုး​ရိမ်စရာဖြစ်​နေတယ်လို့​လည်း​ ​ပြောပါတယ်။

“သူ့​ကျ​တော့​ နိုင်ငံ​ရေး​နဲ့​နွှယ်တယ်ဆို​တော့​ အဲဒီမှာ ​ပေါ်သွား​မယ်ထင်တယ်။ အဲဒါ ​ကြောင့်​ အဆင့်​ဆင့်​ သူ့​ကိုပို့​တာက ပိုကြမ်း​တဲ့​ ​နေရာကိုပို့​ပြီး​တော့​ သတင်း​ပိုရဖို့​ လုပ်​နေ သလိုမျိုး​ ဖြစ်​နေမလား​။ ​ရေကြည်အိုင်က စစ်​ဆေး​မေး​မြန်း​လို့​ရှိရင် ပုံစံ​တော်​တော်ကို ရက်ရက်စက်စက် စစ်​ဆေး​မေး​မြန်း​တဲ့​နေရာ။ အဲဒါလည်း​ ကျ​နော်တို့​အတွက် အ​တော်ကို အစိုး​ရိမ်ဆုံး​ဖြစ်တယ်။ သူ့​မှာ အသက်လည်း​ကြီး​တဲ့​အပြင် ​ရောဂါလည်း​ရှိတယ်။ ကျန်း​မာ​ရေး​လည်း​ ​ကောင်း​တာမဟုတ်ဘူး​။ သူကဘယ်လိုနည်း​နဲ့​မှ အကြမ်း​ခံပြီး​တော့​ ​မေး​မယ့်​မေး​ခွန်း​တွေကို ရိုက်နှက်စစ်​ဆေး​တာ​တွေ ပုံစံအမျိုး​မျိုး​နဲ့​ အပြစ်​ပေး​ပြီး​တော့​ သတင်း​ထွက်လာ​အောင် ယူတာမျိုး​တော့​ ဘယ်လိုမှလက်ခံမှာမဟုတ်ဘူး​။ ဒီလူက ဒါမျိုး​ ဆို ​သေမှာပဲ။”

ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင် မန်း​ငြိမ်း​မောင်ဟာ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီ တပ်​ပေါင်း​စု တွဲဖက်အတွင်း​ရေး​မှူး​လည်း​ ဖြစ်ပါတယ်။

မန်း​ငြိမ်း​မောင်ဟာ မဆလ (မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီ) ​ခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ တသက်တကျွန်း​ ​ထောင်ဒဏ်ချမှတ်ခံရပြီး​ ကိုကိုး​ကျွန်း​မှာ အကျဉ်း​ကျဖူး​ပါတယ်။ အကျဉ်း​ကျ​ဖော်နှစ်ဦး​နဲ့​အတူ လက်ဖြစ်​လှေနဲ့​ ပင်လယ်ဖြတ်ပြီး​ ကိုကိုး​ကျွန်း​နဲ့​ မိုင် ၂၅၀ အကွာ မွန်ပြည်နယ်ကမ်း​ခြေကို လွတ်​မြောက်သွား​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​လို့​ အင်း​စိန်​ထောင်မှာ ၃ နှစ်အကျဉ်း​ကျ တိုက်ပိတ်ခံခဲ့​ရပြီး​ ၁၉၇၃ ခုနှစ်မှာ လွတ်​မြောက်ခဲ့​ပါတယ်။

မန်း​ငြိမ်း​မောင်ဟာ မဆလ​ခေတ်မှာ အဖမ်း​ခံရတုန်း​က ​ရေကြည်အိုင် စစ်​ကြော​ရေး​စခန်း​မှာ နှိပ်စက်စစ်​ဆေး​ခံခဲ့​ရတဲ့​အ​ကြောင်း​ကို သူကိုယ်တိုင် ‘မုန်တိုင်း​ကို ဆန်၍ ပင်လယ်ကိုဖြတ်​သောအခါ’ ဆိုတဲ့​ စာအုပ်မှာ ထည့်​သွင်း​ရေသား​ထား​ပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 07, 2011, 08:55:53 AM
Reply #18
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
‘ဘား​မား​’ဟု သုံး​နှုန်း​သူ ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ မပါသင့်​ဟု လွှတ်​တော်၌ ​ဝေဖန်

by အံ့ဘုန်းမြတ်

မြန်မာ (Myanmar) ကို ဘား​မား​ (Burma) လို့​ ​ခေါ်​ဝေါ်သုံး​နှုန်း​သူတဦး​ဟာ ငြိမ်း​ ချမ်း​ရေး​ကော်မရှင်မှာ မပါဝင်သင့်​ဘူး​လို့​ ဒီ​နေ့​ အမျိုး​သား​လွှတ်​တော်အစည်း​အ​ဝေး​မှာ ပြည်ခိုင်ဖြိုး​ပါတီဝင် ကိုယ်စား​လှယ်တဦး​က ​ပြောသွား​တယ်လို့​ သိရပါတယ်။

ဒီအစည်း​အ​ဝေး​မှာ “လက်နက်ကိုင် ပဋိပက္ခ​တွေကို ငြိမ်း​ချမ်း​ရေး​နဲ့​ အပစ်အခတ် ရပ်ဆိုင်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​နိုင်ဖို့​နဲ့​ ဒီလို​ဆွေး​နွေး​ရာမှာ ဒို့​တာဝန်အ​ရေး​သုံး​ပါး​ကို ထိပါး​မခံဘဲ ​ဆွေး​နွေး​ကြဖို့​” အဆိုကို ရန်ကုန်မဲဆန္ဒနယ်အမှတ် (၁၂) က ကိုယ်စား​လှယ် ဦး​ဆွေ​အောင်က တင်သွင်း​ပါတယ်။

ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီက ​ဒေါက်တာ​အေး​မောင်နဲ့​ ချင်း​တိုး​တက် ​ရေး​ပါတီက ဦး​ပေါ်လျှံလွင် စတဲ့​ကိုယ်စား​လှယ်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် စတဲ့​ တိုင်း​ သိပြည်သိ၊​ အများ​ ကြည်ညို​လေး​စား​သူ​တွေလည်း​ ပါဝင်ဖို့​ ​ဆွေး​နွေး​ပါတယ်။

ဒါကို ပြည်ခိုင်ဖြိုး​ပါတီက မ​ကွေး​တိုင်း​ဒေသကြီး​ မဲဆန္ဒနယ်အမှတ် (၁၂) ကိုယ်စား​ လှယ် ဦး​လှ​ဆွေက ​ဆွေး​နွေး​တဲ့​အခါ “မြန်မာကို မြန်မာလို့​မ​ခေါ်ဆိုနိုင်ပဲနဲ့​ ဘား​မား​လို့​ ​ခေါ်တာကို ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ ထည့်​မယ်ဆိုရင် ကျ​နော်တို့​ သံသယရှိပါတယ်” လို့​ ထည့်​ပြောသွား​ကြောင်း​ လွှတ်​တော်တက်​ရောက်သူတဦး​ဖြစ်တဲ့​ ဦး​ဘုန်း​မြင့်​အောင်က ​ပြောပြပါတယ်။

မွန်​ဒေသလုံး​ဆိုင်ရာဒီမိုက​ရေစီပါတီက ​ဒေါက်တာဗညား​အောင်မိုး​က​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​တွေနဲ့​ ​ဆွေး​နွေး​ရာမှာ ကြိုတင်ကန့်​သတ်ချက်​တွေ ရှိ​နေတဲ့​အချက်ကို ​ထောက်ပြ​ဆွေး​နွေး​သွား​တယ်လို့​လည်း​ ​ပြောပါတယ်။

“ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲဆိုတာ ကြိုတင်ကန့်​သတ်ချက်ရှိရင် မ​ကောင်း​ဘူး​ပေါ့​။ အဲဒီ​တော့​ ဒီငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲကို လိုအပ်ချက်အရ အချိန်များ​စွာ သင်ခန်း​စာယူပါတဲ့​။ ဒီလိုကန့်​သတ်ချက်ကို​တော့​ ကြိုတင်ကန့်​သတ်ချက်ဖြစ်တဲ့​အတွက် မထည့်​ပါနဲ့​တဲ့​။”

ချင်း​တိုး​တက် ​ရေး​ပါတီက ဦး​ပေါ်လျှံလွင်ကလည်း​ လူနည်း​စု တိုင်း​ရင်း​သား​ပါတီ အ​နေနဲ့​ ရင်ဆိုင်ရတာ​တွေကို တင်ပြသွား​တယ်လို့​ ဆိုပါတယ်။

“သူတို့​အ​နေနဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို လက်ခံခဲ့​တာ​ကော၊​ ဒီ ၂၀၁၀ ​ရွေး​ ​ကောက် ပွဲဝင်ခဲ့​တဲ့​အတွက်ကို​ရော အများ​ကြီး​ပဲ ကဲ့​ရဲ့​ခြင်း​ခံခဲ့​ရပါတယ်တဲ့​။ ကဲ့​ရဲ့​ခြင်း​ခံရ တယ်တဲ့​။ ဒီလွှတ်​တော်ထဲကို ​ရောက်လာတဲ့​အခါမှာလည်း​ အမတ်အင်အား​ကလည်း​ နည်း​ တယ်၊​ တိုင်း​ရင်း​သား​တွေဖြစ်တဲ့​အတွက် များ​စွာမျက်နှာငယ် ​နေပါတယ်တဲ့​။ ဗမာလူမျိုး​တွေ နဲ့​ ငြိမ်း​ချမ်း​ရေး​ယူတဲ့​အခါမှာလည်း​ အကိုကြီး​တွေအရနဲ့​ အား​ကိုး​ချင်ပါတယ်တဲ့​။ အကိုကြီး​ အရာ ​နေ​ပေး​ပါ​ပေါ့​။”

တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေက ​ဆွေး​နွေး​ရာမှာ​တော့​ တပ်မ​တော်က တာ ဝန်ယူခဲ့​တဲ့​ နှစ် ၅၀ နီး​ပါး​မှာ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို မ​ဖော်​ဆောင်နိုင်တာ​ကြောင့်​ ဖွံ့​ဖြိုး​တိုး​ တက်မှု ​နောက်ကျခဲ့​ရတယ်ဆိုတဲ့​ အချက်​တွေကို အဓိက ​ဆွေး​နွေး​သွား​ကြတယ်လို့​လည်း​ လွှတ်​တော်ကိုယ်စား​လှယ်တချို့​က ​ပြောပါတယ်။

ဒီအဆိုကို အမျိုး​သား​လွှတ်​တော်ဥက္ကဌ ဦး​ခင်​အောင်မြင့်​က အဆိုအဖြစ် အတည်ပြု ရုံမက ကိုယ်စား​လှယ် ၁၄ ဦး​ ​ဆွေး​နွေး​သွား​တဲ့​ အ​ကြောင်း​အရာ​တွေကို ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က ဖွဲ့​စည်း​ထား​တဲ့​ အမျိုး​သား​လွှတ်​တော် တိုင်း​ရင်း​သား​ရေး​ရာနှင့်​ ငြိမ်း​ချမ်း​ရေး​ကော်မတီက စာတမ်း​ပြုစုပြီး​ လွှတ်​တော်မှတ်တမ်း​အဖြစ် ထား​ရှိဖို့​ ဆုံး​ဖြတ်သွား​ပါတယ်။

ပြည်သူ့​လွှတ်​တော်မှာလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ပတ်သက်တဲ့​ ​မေး​ခွန်း​တွေကို အစိုး​ရ​ပြောခွင့်​ရပုဂ္ဂိုလ် ပြန်ကြား​ရေး​ဝန်ကြီး​က ​ဆောင်ရွက်​နေ​ကြောင်း​ ​ဖြေကြား​သွား​တယ် လို့​ သိရပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 07, 2011, 09:09:39 AM
Reply #19
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီမှာ ထည့်သွင်းဖို့ ချင်း လွှတ်တော်အမတ် အဆိုပြု

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ကိုကော်မတီဝင် အဖြစ် ထည့်သွင်းဖို့ ချင်းတိုးတက်ရေး ပါတီ လွှတ်တော်အမတ်က ဒီကနေ့ အဆိုပြုလိုက်ကြောင်း သိရပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ချင်းတိုးတက်ရေး ပါတီက ဦးပေါ်လျံလွင်က လူနည်းစု တိုင်းရင်းသား တွေရဲ့အရေးကို တင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး ကော်မတီကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အဆိုပြု တင်သွင်းခဲ့တဲ့ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဒို့တာဝန် အရေးသုံးပါး ဘောင်အတွင်းက ဆွေးနွေးဖို့ တင်ပြချက်ကို တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေး ကော်မတီအနေနဲ့ သုံးသပ်ပြီး ပြန်လည် တင်ပြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက ဒီကနေ့ ဆုံးဖြတ် လိုက်ကြောင်းလည်း သိရပါတယ်။

တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကို လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး က ပြင်းပြင်း ထန်ထန် ဆွေးနွေး ခဲ့ကြအပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အလုပ်သမား အခွင့်အရေး ဆိုင်ရာ အဆိုတခုနဲ့ သတင်း သုံးသပ်မှုကို လွတ်လပ်စွာ ဖေါ်ပြနိုင်ခွင့် အတွက် အဆိုမူကြမ်း တခုတို့ကို တင်ပြခဲ့ပြီး အဲဒီ အဆိုကို စက်တင်ဘာ ၇ ရက် မနက်ဖြန်မှာ ဝိုင်းဝန်း ဆွေးနွေး ကြလိမ့်မယ်လို့ သိရပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 07, 2011, 07:49:11 PM
Reply #20
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110086
  • Join Date: 02 May 2011
  • Posts: 16461
  • Credit : 123527 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက်
အရာရှိငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့သော တပ်တွင်း ပစ်ခတ်မှုကြောင့်

သေဒဏ်ပေးခံရသူ မောင်ဖြိုးစည်သူသည် ထောင်ထဲတွင် ခုနှစ်နှစ်ကျော် နေခဲ့ရပြီးနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ၏ ကြားဝင် ဆောင်ရွက်ပေးမှုဖြင့် မကြာသေးခင်က လွတ်မြောက်လာခဲ့သည်။

ILO က အကျဉ်းဦးစီးနှင့် စစ်ဘက်သို့ ဆက်သွယ်၍ ကလေးသူငယ် အခွင့်အရေးကို တင်ပြခဲ့ရာက  စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ သြဂုတ်လ ၃ ရက်နေ့တွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု အမှုလိုက် ရှေ့နေ ဦးစန်းအောင်က မဇ္ဈိမကို ပြောသည်။

“အမှုနဲ့ဆိုင်တဲ့ ဌာနတွေကိုရော ဆက်သွယ်ပြီး သူတို့ (ILO) လုပ်ပေးတော့ ရှစ်လ အကြာမှာပဲ လွတ်လာခဲ့တာပါ” ဦးစန်းအောင်က ပြောသည်။


သေဒဏ်ပေးခံရပြီး ပြန်လည် လွတ်မြောက်လာသော ကလေးစစ်သားဟောင်း မောင်ဖြိုးစည်သူနှင့် သူ၏မိခင် ဒေါ်သန်းသန်းရီ တို့ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ရန်ကုန်တိုင်း သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ ယခုအခါ အသက် ၂၁ နှစ်ရှိပြီ ဖြစ်သည့် ဖြိုးစည်သူမှာ စစ်ကိုင်းတိုင်း အရာတော်ရှိ လေ့ကျင့်ရေး (၁၀) ၏ သင်တန်း အမှတ်  (၂/ ၂ဝဝ၄) ကို တက်ရောက်ခဲ့ပြီး ကိုယ်ပိုင်နံပါတ် (တ/၂၇၉၄၄၉)ဖြင့် တပ်သား ဖြစ်ခဲ့သည်။

ဦးဝင်းဗိုလ်နှင့် ဒေါ်သန်းသန်းရီတို့မှာ သူတို့၏သား ဖြိုးစည်သူမှာ စစ်သားဘဝဖြင့်  ကလေးမြို့ထောင်တွင် အကျဉ်း ကျနေကြောင်းကို ၂၀၀ဝ၅ ခုနှစ်တွင်  ကမ္ဘာ့ကြက်ခြေနီ အဖွဲ့မှ တဆင့် ပေးပို့ပေးခဲ့သည့် စာအရ သိရှိခဲ့သည်ဟု ဆိုသည်။ သေဒဏ်မှ ထောင်ဒဏ် ပြောင်းပေးရန်  ILO၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF နှင့် အကျဉ်းဦးစီးဌာနသို့  ၂၀၁၀  ခုနှစ် နှစ်ကုန်တွင် သနားခံစာ ပေးပို့ခဲ့သည်။

“သေဒဏ်ပေးခံရတယ်လို့ သိရတော့ ရင်ထဲမှာဆို့ပြီး ပြောမပြတတ်အောင်ပဲ၊ သားက သူငယ်ချင်းတွေနဲ့ ထွက်သွား ပြီးတော့ စစ်ထဲ ရောက်သွားတာပါ၊  ပြန်လွတ်လာတော့ ထီပေါက်သလိုပဲ ဝမ်းသာတာတော့ မပြောနဲ့တော့” ဟု  ဒေါ်သန်းသန်းရီက မဇ္ဈိမကို ပြောသည်။

ဖြိုးစည်သူသည် အသက် ၁၄ နှစ်အရွယ် မေလ ၂၀၀၃ ခုနှစ်တွင် စစ်သားအဖြစ် စုဆောင်းခြင်းခံရကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက် ဂန့်ဂေါမြို့ရှိ ခြေလျင်တပ်ရင်း (၅၀) သို့ စေလွှတ်ခံရသည်။ ချင်းပြည်နယ်ရိဒ်ဒေသရှိ မွန်သဲဂေဲလ် ရှေ့တန်းစခန်းတွင် တာဝန်ကျစဉ် တပ်တွင်း အချင်းချင်း ပစ်ကြရာ ဒုဗိုလ်တဦး အပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့မှုကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ စစ်ခုံရုံးက ၂ဝဝ၄ ခုနှစ် မေလတွင် သေဒဏ် အပြစ်ပေးခဲ့သည်။

( မောင်ဖြိုးစည်သူ ပြောပြသည့် တပ်တွင်းအတွေ့အကြုံ တစိတ်တပိုင်း။ )

“အိပ်နေတုန်းမှာ ပစ်လိုက်တာ၊ ကျနော့် သူငယ်ချင်းတွေက မကျေနပ်လို့ ပစ်လိုက်တာ၊ တာဝန်ပျက်ကွက်မှုနဲ့အရာရှိက ထိုးတာကြိတ်တာတွေရှိလို့ မကျေနပ်တာလည်း ပါတယ်၊ ကင်းအိပ်ရင် မျက်နှာကို စစ်ဖိနပ်နဲ့ ကန်တယ်၊ ထိုးတယ်၊ တုတ်နဲ့ ရိုက်တယ် အဲလိုနှိပ်စက်တာ”  ဟု သံလျင်မြို့ နေအိမ်သို့ ပြန်ရောက်လာပြီးနောက် ဖြိုးစည်သူက မဇ္ဈိမကို ပြောပြသည်။

ပစ်ခတ်မှုကြောင့် ဒုဗိုလ် ရန်လင်းထွန်း၊  တပ်ကြပ်တဦးနှင့် ဆေးတပ်သား တဦးတို့ သေဆုံးသွားခဲ့ပြီး ပစ်ခတ်ရာတွင် ပါဝင်ခဲ့သော တပ်သား သုံးဦးမှာ အိန္ဒိယဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

အမှုကို စစ်ခုံရုံးမှ စစ်ဆေးရာတွင် ပစ်ခတ်မှုအပြင် တပ်အရာရှိများ ငွေးကြေး အလွဲသုံးစားမှုနှင့် လာဘ်စားမှုများပါနောက်ဆက်တွဲ ပေါ်လာသဖြင့်  ခလရ (၅၀)  တပ်ရင်းမှူးနှင့် အရာရှိ သုံးဦးကို ထောင်ဒဏ် သုံးနှစ် အပြစ်ပေးခဲ့ပြီး၊  သူ့တဦးတည်းသာ သေဒဏ် ချမှတ်ခံခဲ့ရသည်ဟု ပြောဆိုသည်။

“အုန်းသီးကြားထဲမှာ ဘိန်းထည့်ပြီး မြင်းနဲ့ သယ်တာကို စစ်ကြောင်း (၁) က မိတော့ ပိုက်ဆံယူပြီး လွှတ်ပေးလိုက် တယ်၊ ရတာကို တပ်ရင်းမှူးနဲ့ ခွဲစားကြတာပေါ့။ အဲဒါတွေလည်း  ကျနော်တို့ အမှုစစ်ရင်းကနေ ပေါ်လာတယ်”ဟု ဖြိုးဝေအောင်က ပြောပြသည်။ စစ်တပ်တွင်းသို့ ပို့ခံရစဉ် အသက် ၁၈  နှစ်ပြည့်ကြောင်း မွေးသက္ကရာဇ်ကို လိမ်လည် ထွက်ဆိုခိုင်းခဲ့သည်ဟု ဆိုသည်။

ယခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် အကျဉ်းကျခံနေရသူများ အတွက် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် သေဒဏ်ကို တသက်တကျွန်းပြောင်းရန်ဟု ပါရှိသဖြင့် လက်ရှိ အကျဉ်းဦးစီး ထုံးစံအရ ဖြိုးစည်သူ၏ပြစ်ဒဏ်ကို ထောင်ဒဏ် ၂၀ နှစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

၂၀၁၁ ခုနှစ် မေလတွင် ထောင်ဒဏ် ခုနှစ်နှစ် ပြည့်သွားခဲ့သော ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီထောင်ဒဏ် ပြောင်းလဲ သတ်မှတ်ပါက ထောင်မှ လွတ်မြောက်သင့်ကြောင်း လွတ်မြောက်ရေး ကူညီဆောင်ရွက် သူများက အာဏာပိုင်များသို့ တင်ပြခဲ့ကြသည်။

၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ ပုဒ်မ ၄၆ အရ သေဒဏ် သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါက အများဆုံး ထောင်ဒဏ် ခုနှစ်နှစ်သာ ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ILO က ၂၀၀၇ မှစ၍ အရွယ်မရောက်သေးသည့် ကလေးစစ်သားများ မြန်မာစစ်တပ်မှ ခန့်ထားမှုပေါင်း ၁၇၄ ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး၊ မိသားစုဆီ ပြန်ပို့နိုင်ခဲ့ကြောင်း ဇွန်လအတွင်းက  AFP သတင်းတရပ်တွင် ပါရှိသည်။

မေလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းအဖွဲ့ ND-Burma ၏မှတ်တမ်း ၌ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း၌ ကလေးစစ်သား စုဆောင်းမှု ၂၁ မှု ရှိနေကြောင်းဖော်ပြထားသည်။



 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
September 07, 2011, 07:54:04 PM
Reply #21
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110086
  • Join Date: 02 May 2011
  • Posts: 16461
  • Credit : 123527 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်စုပါမည်ကို ကြံ့ခိုင်ရေးအမတ် မလိုလား
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကိုကော်မတီဝင် အဖြစ် ထည့်သွင်းရန် အကြံပြုမှုကို ဗိုလ်မှူးကြီးဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ် ဦးလှဆွေမှလိုလားမှု မရှိဟု အင်္ဂါနေ့ အထက်လွှတ်တော် ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားသွားကြောင်း လွတ်တော် အမတ်များက ပြောသည်။

မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက Myanmar ကို Burma ဟု ခေါ်ဆိုသူ ငြိမ်းချမ်းရေး ကော်မတီတွင် ပါဝင်ပါက မိမိအနေနှင့် သံသယ ဖြစ်မိကြောင်း လွှတ်တော် ဆွေးနွေးပွဲ တွင် ပြောသွားသည်ဟု ဆိုသည်။ ဦးလှဆွေက အမည်တပ် ပြောဆိုသွားခြင်း မရှိသော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု အမတ်အားလုံးက ယုံကြည် ကြသည်။



လွန်ခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉မှ ကြံ့ဖွံ့အမတ် ဦးထွန်းလွင်က “မြန်မာနိုင်ငံ အတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အတွက် အမြဲတမ်းကော်မတီ ဖွဲ့စည်းရေး” အဆိုကို အထက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ ယင်းအဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁မှ ဒေါက်တာ အေးမောင်က ဖြည့်စွက် ဆွေးနွေးရာ ကော်မတီတွင်ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းသင့်ကြောင်း ဆွေးနွေးခဲ့သည်။

Burma ဟူသည့် အသုံးအနှုန်းကို ၁၉၈၉ ခုနှစ်တွင် Myanmar ဟု အာဏာသိမ်း စစ်အစိုးရက ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ယင်းသို့ ပြောင်းလဲ ခေါ်ဝေါ်စေမှုသည် ပြည်သူလူထု၏ ဆန္ဒ မပါခြင်းကြောင့် မိမိအနေဖြင့်Burma ဟုသာ ခေါ်ဆိုမည် ဖြစ်ကြောင်း လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) ၏ ယခုနှစ် မေလအတွင်းကထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဖူးသည်။

ဦးလှဆွေက တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ မအောင်မြင်ရခြင်းမှာ အစိုးရမှ “အခွင့်ထူး” များ မပေးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသွားခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များကိုလည်း နောက်ကွယ်တွင် ပံ့ပိုးပေးသူများ ရှိနေကြောင်းလည်း စွပ်စွဲပြောဆိုသွားသည်ဟု အမျိုးသား လွှတ်တော် အမတ်တဦးက မဇ္ဈိမကို ပြန်လည် ပြောပြခဲ့သည်။


 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
September 08, 2011, 08:36:50 AM
Reply #22
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
ပြည်နယ်ဝန်ကြီးချုပ်များအား စစ်တိုင်းမှူးများထက် ရာထူးပိုပေးထား

လက်ရှိအစိုးရသစ်၏ ပြည်ထောင်စု အင်္ဂါစဉ်တွင် ပြည်နယ်ဝန်ကြီးချုပ်များအား စစ်တိုင်းမှူးများထက် ရာထူး ဌာနန္တရ ပိုမိုပေးထားသည်ဟုပြည်နယ်အစိုးရ နှင့် နီးစပ်သည့် ပုဂ္ဂိုလ်က ဆိုသည်။

“အခုလက်ရှိ ပြည်ထောင်စု အင်္ဂါစဉ်မှာ ဘယ်သူက ပိုအာဏာရှိလဲဆိုတာ အစဉ်လိုက်ကို ဖေါ်ပြထားတာ၊ စစ် တိုင်းမှူးတွေက အဆင့် ၃၄ မှာ ရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေက အဆင့် ၁၇ လောက်မှာရှိတယ်။ အမြင့် ဆုံးပုဂ္ဂိုလ်ကတော့ သိထားတဲ့အတိုင်းဘဲ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတနှစ်ဦးတို့ပေါ့” - ဟု ဂျူလိုင်လ ၉ ရက်နေ့ မြန်မာ့အလင်းသတင်းစာ အင်္ဂလိပ်ပိုင်းပါ သတင်းကို ကိုးကား၍ အမည်မဖော်လို သည့် အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

လက်ရှိပြည်ထောင်စုအင်္ဂါစဉ်ဖွဲ့စည်းမှု၏ အမြင့်ဆုံးရထားမှာ ပထမရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ နှစ်ယောက်ဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်း တို့ဖြစ်ကြောင်း၊ အင်္ဂါစဉ်အဆင့် ၃၇ ခုရှိသည့်အနက် စစ်တိုင်းမှူးများအဆင့်က အဆင့် ၃၄ တွင်ရှိကြောင်း၊ ပြည်နယ်ဝန်ကြီး ချုပ်ထက်ပိုမြင့်သည့် ပုဂ္ဂိုလ်များမှာ နေပြည်တော်ရှိ လွှတ်တော်ဥက္ကဌများနှင့်ဝန်ကြီးများဖြစ်ကြောင်း - အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပြောဆိုသည်။

“အဲဒီကိစ္စက ဇူလိုင်လကတည်းက စတင်လာတာ။ ပြီးခဲ့တဲ့လထဲက သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် လားရှိုးကိုလာတော့ လားရှိုး စစ်တိုင်းမှူးကိုယ်တိုင်က လေးစားသမှုပြုဆက်ဆံတယ်။ ညွှန်ကြားချက်တွေလိုက် နာတယ်” ဟု လားရှိုးဒေသခံ ရပ်မိရပ်ဖ တဦးကလည်း ပြောပါသည်။

၁၉၆၂ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မြန်မာစစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးသည့်နောက် ပြည်နယ် နှင့် တိုင်းများတွင် တိုင်းမှူးများက ဘုရင်များဖြစ်နေကြောင်း၊ သျှမ်းပြည်ရောက် စစ်တိုင်းမှူးများအားလည်း သျှမ်းနိုင်ငံရေးအသိုင်းအဝိုင်းများက မြောက်ပိုင်းစော်ဘွား၊ တောင်ပိုင်းစော်ဘွားဟု လှောင်ပြောင်ခေါ်ဆို ကြကြောင်း အဆိုပါ လားရှိုးဒေသခံ က ဆက်ပြောပါသည်။

သို့သော် လက်ရှိ သျှမ်းပြည်တွင်ဖြစ်ပွားနေသောတိုက်ပွဲအခြေအနေ၊ မြန်မာစစ်တပ်မှ ချိုးဖေါက်နေသည့် လူ့အခွင့်အရေးများအားကြည့်ပါက သျှမ်းပြည်အစိုးရသည် သျှမ်းပြည်၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေ များဖြေရှင်းပေးနိုင်ခြင်းမရှိသေး ။ အနာဂတ်တွင်လည်း မည်မျှဆောင်ကြဉ်းပေးနိုင်မည်ဆိုသည်ကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက သုံးသပ်ပါသည်။
@HB

« Last Edit: September 08, 2011, 08:53:20 AM by ကိုတုတ်ကြီးရေ »
 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 08, 2011, 08:44:01 AM
Reply #23
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် စတင်

By ဒေါ်ခင်မျိုးသက်

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဒီနေ့ ၀ါရှင်တန်ဒီစီ မြို့တော်ကနေ မြန်မာနိုင်ငံကို ထွက်ခွာမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူ့ရဲ့ခရီးစဉ် အတွင်းမှာ အမေရိကန် အထူးကိုယ်စားလှယ်ဟာ မြန်မာအစိုးရ အရာရှိတွေအပြင် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေ အပါအ၀င် တခြား လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူးသံတမန် အဖြစ်နဲ့ ခန့်အပ်တာ ခံခဲ့ရတဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စက်တင်ဘာလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်နိုင်ငံကနေ ခရီးစတင် ထွက်ခွာမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာဌာန ပြောခွင့်ရ မစ်စ် ကယ်လီ မက်ကဲလော့ဂ် (Kelly McKellogg) က ပြောပါတယ်။

“မစ္စတာ မစ်ချဲလ်ဟာ ဗုဒ္ဓဟူးနေ့မှာ သွားမှာပါ။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပါလိမ့်မယ်။ သူ ဘယ်သူတွေနဲ့ ဘယ်နေ့တွေမှာ တွေ့ဆုံမယ် ဆိုတာကို သေသေချာချာ မပြောနိုင်သေးပေမဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေအပြင် လူမှု လူ့အဖွဲ့အစည်း အသီးသီးနဲ့လည်း တွေ့ဆုံမှာပါ။”

မစ္စတာ မစ်ချဲလ်ဟာ အရင်က အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အာရှ ပစိဖိတ်ရေးရာ အကြီးတန်း အရာရှိတာဝန် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အခု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ် အရေးယူနေတဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာဖို့အပြင် မြန်မာလူထု ဖွံ့ဖြိုး တိုးတက်လာဖို့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်နေရာမှာ အခု မစ္စတာ မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ပိုပြီး တိုးတက် အောင်မြင်စေဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန် အစိုးရနဲ့ မြန်မာ နှစ်နိုင်ငံကြား အချေအတင် ဆွေးနွေးမှုတွေကို အားဖြည့်ပေးဖို့နဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှဝေ ထားရှိတဲ့ ဦးတည်ချက် ဖော်ဆောင်နိုင်ရေး အတွက်လည်း ရည်ရွယ်ပါတယ်။”

မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်း (Georgetown) တက္ကသိုလ်က အာရှရေးရာဌာန အကြီးအကဲ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) ကတော့ မစ္စတာ မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သိပ်ကို အရေးကြီးသလို အောင်မြင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

“သူထမ်းဆောင်ရမယ့် တာဝန်က သိပ်ကို ခက်ခဲမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် သူလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။ အခုလိုမျိုး အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားဖို့ ကိစ္စက သိပ်ကို အရေးကြီးသလိုပဲ သူ့အနေနဲ့လည်း ဒီတာဝန်ကို ယူနိုင်တဲ့သူပါ။”

မစ္စတာ မစ်ချဲလ်ဟာ သောကြာနဲ့ စနေနေ့မှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို စနေနေ့ကနေ စက်တင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့အထိ ရန်ကုန်မှာရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်း အသီးသီးကို တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးဟာ မစ္စတာ မစ်ချဲလ်အတွက် အထူးအရေးပါတယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က သုံးသပ်ပါတယ်။

“သူနဲ့တွေ့ဆုံဖို့ ကိစ္စက အရေးကြီးပါတယ်။ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူထားမှုကို မြန်မာအစိုးရက ဖယ်ရှားချင်နေတဲ့ကိစ္စ တခုလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လုံးဝ အရေးပါနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်ကနေပြီးတော့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေအတွက် အမေရိကန်ဘက်က အပြောင်းအလဲတွေ ဖြစ်လာနိုင်တာမို့ပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အလေးထားတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်နေတာမို့ပါ။”

မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သွားရောက်ဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မစ်စ် မက်ကဲလော့ဂ်က ပြောပါတယ်။

“သူဟာ ဘန်ကောက်နဲ့ ဂျကာတာကိုလည်း သွားဖို့ ရှိပါတယ်။ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ တွေ့ဆုံမှာ ဖြစ်ပေမဲ့ အစီအစဉ် အသေးစိတ်ကိုတော့ အခုချိန်မှာ မသိရသေးပါဘူး။”

အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး ကြိုးပမ်းနေမှုအတွက် မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက် လေ့လာဖို့အတွက် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခု အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ မစ္စတာ မစ်ချဲလ် တွေ့ဆုံဖို့ ရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။
September 08, 2011, 08:46:04 AM
Reply #24
  • Tea Pot
  • *****
  • Thank You
  • -Given: 262
  • -Receive: 29043
  • Join Date: 24 Aug 2011
  • Posts: 5026
  • Credit : 3073 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။
အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် မြောက်ပိုင်း SSA က သံသယဖြစ်

by ဇော်ကြီး

အစိုးရသစ်က အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို လွှတ်တော်အတွင်း ဆွေးနွေး နေသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ပေါ်ပေါက်လာမည်မဟုတ်ဟု သံသယ ဖြစ်မိကြောင်း မြောက်ပိုင်း SSA ကပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များဆောင်ရွက်ရန် အချိန်ကောင်း ရောက်ပြီဖြစ်၍ ယင်းကိစ္စ အစိုးရ အဖွဲ့အနေဖြင့် မူဝါဒချမှတ်သင့်ပြီ ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက နေပြည်တော်တွင် ကျင်းပနေသည့် ပြည်သူ့လွှတ်တော် (၁၂)ရက်မြောက် အစည်းအဝေးတွင်တင်ပြဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အစိုးရ အနေဖြင့် တရားဝင် ကြေငြာချက် ထုတ်ပြန်ထားပြီးဖြစ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တို့တာဝန်အရေး သုံးပါးကို အာမခံသော မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြသည်။

ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့က လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် အချက်(၃) ချက်ပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်ကို တရားဝင် ထုတ်ပြန်ခဲ့သလို လွှတ်တော်တွင်း အစည်းဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဆွေးနွေးမှုကို လက်မခံနိုင်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့အားလုံးက ငြင်းဆိုထားပြီး ဖြစ်၍ အစိုးရသစ်က ယခုလို ပြောဆိုမှုများသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို မလိုလားသည့် လက္ခဏာတရပ်ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ယခုလို ပြောသည်။

“သူတို့က ဒီလိုပဲ ပြောနေတယ်ဆိုရင်တော့ တကယ့် ငြိမ်းချမ်းရေးကို အလို မရှိဘူးလို့ ကျနော်တို့ ယူဆရမှာပဲ။ သူတို့က သဘောရိုးနဲ့ ကမ်းလှမ်းတာ မဟုတ်ဖူးလို့ပဲ ယူဆရမှာပေါ့။ သူတို့ အဲဒီ ထုတ်ပြန်ကြေငြာချက် ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ ဘာမှလည်း အပြောင်းအလဲ မရှိသေးဘူး။ ဒါကြောင့် သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ဟာကို ကျနော်တို့က သံသယတော့ ဖြစ်မိတယ်။”

တချိန်တည်းတွင် SSA/SSPP ထိန်းချုပ်ရာဒေသများတွင် အစိုးရတပ်က စစ်ရေးလှုပ်ရှားမှုများ ပိုမို ပြုလုပ်လာ နေသည့်အတွက် ဒေသတွင်းတိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ နားယိပ်နှင့် မောက်တောင်း ကျေးရွာအကြားတွင် ယခုလ (၄) ရက်နေ့ (၁၁) ရီခွဲ အချိန်ခန့်က နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး “သူတို့က (၃) ယောက်ကျတယ်၊ နှစ်ယောက် ဒဏ်ရာရသွားတယ်။ အဲဒီ ဒဏ်ရာ ရတဲ့ နှစ်ယောက်မှာ ဗိုလ်ကြီးအဆင့်တယောက်နဲ့ စိန်ကျော့ ပြည်သူ့စစ်အဖွဲ့က တစ်ယောက်ပါတယ်။ အဲဒီ နှစ်ယောက်ကို သူတို့က လားရှိုးကနေတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့လိုက်တယ်လို့ သတင်းရတယ်။” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

ထို့အပြင် ယခုလ (၄) ရက်နေ့ကပင် မိုင်းရှူးမြို့နယ် ဟိုင်းပါ ကျေးရွာအနီး၌ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၉၆) နှင့် မြောက်ပိုင်း SSA တပ်ဖွဲ့တို့ နေ့လည်ပိုင်း မွန်းတည့်ချိန်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖက်မှ (၃) ဦးကျဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆက်လက် ပြောဆိုသည်။

အလားတူ ထိုနေ့ တရက်တည်း၌ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ကောင်းလန်ကျေးရွာ အနီးတွင်လည်း နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု “အဲဒီပစ်ခတ်မှုမှာတော့ သူတို့ဖက်က (၆) ယောက်ကျပြီးတော့ အများအပြား ဒဏ်ရာရတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေကို ကားငယ် ငါးစီးနဲ့ ၀မ့်ဝပ် ဘုန်းကြီးကျောင်းကနေပြီးတော့ ၀မ့်ဖြတ် တပ်စခန်းဆီ သယ်သွားကြတယ်။” ဟုဗိုလ်မှူး စိုင်းလ က ပြောသည်။

ယင်းထိခိုက်သေဆုံးမှုစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မြောက်ပိုင်း SSA အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသော်လည်း အစိုးရတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်နေသည့်အတွက် ပြန်လည် ပစ်ခတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ အကယ်၍ အမှန်တကယ် ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါက ဒေသတွင်း တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းရန်နှင့် အစိုးရတပ်ဖွဲ့များအား သက်ဆိုင်ရာ တပ်ရင်းများထံ ပြန်လည် ဆုတ်ခွာ ပေးရမည်ဟု SSA က အစောပိုင်း ကတည်းက ပြောဆိုခဲ့ပြီးဖြစ်သည်။

ဒေသတွင်း တိုက်ပွဲများကြောင့် မြောက်ပိုင်း SSA ၀မ့်ဟိုင်း ဌာနချုပ်အနီး မြို့နယ်(၉)ခုမှ စစ်ပြေးဒုက္ခသည် သုံးသောင်းကျော် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားရေရိက္ခာနှင့် ဆေးဝါးများ အခက်အခဲဖြစ်နေကြသည်ဟု ထိုင်းနိုင်ငံ နယ်စပ်အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားမှု ဆောင်ရွက်ရေးအသင်း SWAN အဖွဲ့လေ့လာချက်များကဆိုသည်။
@HB

 Increases your pet's total skill points by 1  Get a random amount of money, between -190 and 190!

ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ဆိုတာ အရေးကြီးဆုံးပါ။။