Author Topic: နိုင်ငံတကာသတင်းများ (Read 13108 times)
0 Members and 5 Guests are viewing this topic.
January 09, 2013, 12:06:43 AM
Reply #1000
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
တရုတ်နှင့်တင်းမာနေစဉ် ဂျပန်ကာကွယ်ရေးအသုံးစားရိတ် တိုးမြှင့်
လွန်ခဲ့သော ရက်ပိုင်းက ဂျပန်နှင့်တရုတ်တို့ ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းစုများအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက်လာမှုကြောင့် ဂျပန်ရှိ တရုတ်သံအမတ်ကို ဂျပန်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီးနောက် ဂျပန် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့်မည်ဖြစ်ကြောင်း လက်ရှိ အာဏာရ ပါတီ LDP ပါတီက ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဆယ်စုနှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်အတွက် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်သုံးစွဲခြင်းလည်း ဖြစ်သည်။
ဂျပန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော LDP ပါတီ၏ ကာကွယ်ရေး ဆိုင်ရာအဖွဲ့က တရုတ်၏ရဲတင်းသောလုပ်ရပ်များကို တုံ့ပြန်ရန် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) ပိုမိုသုံးစွဲရန် ပါလီမန်သို့ တင်ပြ တောင်းခံ မည်ဟု ဆုံးဖြစ်လိုက်ကြောင်း LDP ပါတီ၏ တာဝန်ရှိသူတစ်ဦးကအေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ယခုထပ်မံတောင်းခံထားသည့် ထပ်တိုးကာကွယ်ရေး အသုံးစရိတ်ကိုရေဒါစနစ်နှင့်ပတ်သက်သော သုတေသနအတွက်လည်းကောင်း၊လောင်စာနှင့် အခြားသော တိုက်လေယာဉ်နှင့်ပတ်သက်သည့် ကြိုတင် သတိပေးချက်စနစ်ကို ပြုပြင်ထိန်းသိမ်းသည့်ကိစ္စများတွင် လည်းကောင်း အသုံးပြုသွားမည်ဟု ၎င်းကပြောကြားသည်။
ဂျပန်နှင့်တရုတ်တို့သည် လွန်ခဲ့သောလပိုင်းက အရှေ့တရုတ်ပင်လယ် အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့်ပတ်၍ တင်းမာမှုများ ရှိခဲ့ပြီး၊ ယခု လတ်တလော တင်းမာမှုအဖြစ် အဆိုပါ ကျွန်းစုအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂျပန်ရှိတရုတ်သံအမတ်ကို ဂျပန်အစိုးရကခေါ်ယူသတိပေးခဲ့သည်အထိ တင်းမာမှုများ ပြန်လည်စတင်လာခဲ့သည်။
လက်ရှိဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ရွေးကောက်ပွဲ မဲဆွယ် စဉ်က တရုတ်အပေါ်တင်းမာသော သဘောထားရှိသည့်သဘောကိုပြသမဲဆွယ်ခဲ့ပြီး၊ ယခုကဲ့သို့ တရုတ်သံအမတ်ကို ခေါ်ယူသတိပေးခြင်းသည် ၎င်း၏အစိုးရလက်ထက်ပထမဆုံးအကြိမ်ဖြစ်သည်။
လာမည့် မတ်လအထိအကျုံးဝင်သော ၂၀၁၂ခုနှစ်အတွက် မူလဂျပန် ကာကွယ်ရေးဘတ်ဂျတ်မှာ ဂျပန်ယန်းငွေ ၄ ဒသမ ၆၅ ထရီလီယံ ရှိသည်။ ၂၀၀၂ ခုနှစ်က အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ်အဖြစ် ဂျပန်ယန်းငွေ ၄ ဒသမ ၉၄ ထရီလီယံထိရှိခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးသည် ပြိုင်ဘက် DPJ ပါတီ ၂၀၁၀ ခုနှစ်ကရေးဆွဲခဲ့သော ဂျပန်နိုင်ငံ၏ ရေရှည်ကာကွယ်ရေး အခြေခံ အစီအစဉ်ကိုပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရက ပြောကြားသည်။
MTS
Ref: CNA
The Myanma Age
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 09, 2013, 05:22:11 AM
Reply #1001
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့
တရုတ်နိုင်ငံမှာ အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုတခုကြောင့် ဒေသဆိုင်ရာ အငြင်းပွားမှုတခုကနေ တနိုင်ငံ လုံးအနှံ့ အင်တာနက် အွန်လိုင်းပေါ်မှာ ဆန္ဒပြ ကန့်ကွက်တာတွေ ဖြစ်နေတာနဲ့ အမျှ နိုင်ငံတောင်ပိုင်းမှာ လွတ်လပ်ပြောဆိုခွင့်ဆိုင်ရာ ဆန္ဒပြသူတွေနဲ့ ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေအကြား အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
သတင်းပိုင်းဆိုင်ရာ မူဝါဒအပေါ် အစိုးရက ၀င်ပြီးစွက်ဖက်တယ်လို့ဆိုတဲ့အပေါ် သတင်းမီဒီယာသမားတွေ ဆန္ဒပြ ကန့်ကွက်နေ ကြတဲ့ ဂွမ်ဇောင်းမြို့က Southern Weekly သတင်းစာတိုက်အပြင်ဘက်မှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ အင်္ဂါနေ့က စုဝေးခဲ့ကြတာပါ။
သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုတဲ့ စာတမ်းတွေကိုကိုင်ဆောင်ပြီး ဆန္ဒပြနေကြသူတွေကို တရုတ် အလံတွေဝှေ့ယမ်းပြီး ဥက္ကဋ္ဌ မော်စီတုန်းရဲ့ပိုစတာတွေကို ကိုင်ဆောင်ထားတဲ့ ကွန်မြူနစ်ပါတီကို ထောက်ခံသူတွေက ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီးတဲ့နောက် အသေးစား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရှိခဲ့ပါတယ်။
အခြေခံဥပဒေအရ အခွင့်အရေးတွေပိုပေးဖို့ တိုက်တွန်းထားတဲ့ နှစ်သစ်ကူး အယ်ဒီတာ့အာဘော်တပုဒ်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပိတ်ပင်ခဲ့ပြီးတဲ့နော်က ပြည်နယ် ၀ါဒဖြန့်ချိရေးအကြီးအကဲ နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ အဲဒီ အယ်ဒီတာ့အာဘော်ဆောင်းပါးနေရာမှာ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုတွေကို ချီးမြှောက်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်နဲ့ အစားထိုး ဖော်ပြခဲ့ပါတယ်။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 09, 2013, 05:27:29 AM
Reply #1002
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
ဂျပန်အစိုးရ တရုတ်သံအမတ်ကို ဆင့်ခေါ်
နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ တရုတ်အစိုးရသင်္ဘောတွေ ရှိနေတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောဆိုဖို့ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ဂျပန်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။ ဒီ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ ကိစ္စကြောင့် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဆက်လက်ပြီးတော့ အဆင်မပြေဖြစ်နေဆဲပါ။
နှစ်နိုင်ငံ အကြီးတန်းသံတမန်တွေ တွေ့ဆုံ ဆွေးနွေးကြချိန်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ကျွန်းစုတွေဆီ တရုတ်အစိုးရက သင်္ဘောတွေ စေလွှတ်နေတာ ရပ်ဆိုင်းဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
တရုတ် ရေကြောင်းထောက်လှမ်းရေး သင်္ဘောသုံးစင်းဟာ ကျွန်းစုတွေပတ်ပတ်လည်က ဒေသဆီ တနင်္လာနေ့က ၀င်ရောက်ခဲ့ပြီး ၁၃ နာရီကြာ နေသွားခဲ့တယ်လို့ ဂျပန်ကပြောပါတယ်။ ဒီလုပ်ရပ်ဟာ အလွန်အမင်းကို ပုံမှန်မဟုတ်တဲ့ကိစ္စဖြစ်ပြီး မသင့်လျော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်အစိုးရ အတွင်းဝန်ချုပ် Yoshihide Suga က ပြောပါတယ်။
တရုတ်အစိုးရဟာ မကြာသေးခင်လတွေအတွင်း အငြင်းပွားရေပိုင်နက်ထဲ သင်္ဘောတွေ အကြိမ်ကြိမ် စေလွှတ်ခဲ့ပြီးတော့ ဒါဟာ သူတို့ဆန္ဒရှိတဲ့အတိုင်း လာနိုင်တယ်၊ သွားနိုင်တယ်ဆိုတာကို ပြဖို့ ကြိုးစားတဲ့လုပ်ရပ်အဖြစ် လေ့လာသူတချို့က သုံးသပ်ပါ တယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဂျပန်ပုဂ္ဂလိက ပိုင်ရှင်တဦးလက်ထဲကနေ ကျွန်းတွေကို ဂျပန်အစိုးရက ၀ယ်ယူခဲ့တာကြောင့် တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 09, 2013, 05:30:49 AM
Reply #1003
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ
ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီးကြီးထွားလာနေတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တစုတစည်းတည်းဖြေရှင်းဖို့ လုပ်ဆောင်နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။
အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး  အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက  တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 09, 2013, 07:15:41 AM
Reply #1004
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
သြစတေးလျ တောမီး အကြီးအကျယ်ပြန့်နှံ
သြစတေးလျနိုင်ငံအရှေ့တောင်ပိုင်း နယူးဆောက်ဝေးလ်ပြည်နယ် တောမီးလောင်မှုအကြီးအကျယ်ဖြစ်နေပါတယ်။
နေရာပေါင်း ၁၃၀ ကျော်မှာ မီးလောင်နေပြီး အဲဒီအထဲက နေရာ လေးဆယ်မှာ မီးကိုထိန်းရမနိုင်ဖြစ်နေပါတယ်။
မီးအန္တာရယ်ကိုလဲ နေရာအတော်များများမှာ အမြင့်ဆုံးအဆိုးဆုံးအခြေအနေအဖြစ်သတ်မှတ်ထားပါတယ်။
တောင်ပိုင်းကျတဲ့ ၀ီတိုရီယပြည်နယ်မှာလဲ အရံသင်မီးသတ်အဖွဲ့တွေကိုထားထားပါတယ်။
စလောင်ခဲ့တဲ့ တပ်စမေးနီးယားပြည်နယ်မှာ လဲနေရာအချို့မှာ ဆက်လက်လောင်ကျွှမ်းဆဲဖြစ်ပါတယ်။
သြစတေးလျအလယ်ပိုင်းက ခရီးသည်တွေအလာများတယ် အဲလစ်စပရင်းနားမှာလည်း အပန်းဖြေစခန်းတခုမီးလောင်နေပါတယ်။
အပူချိန်ဟာ ၄၀ ဒီဂရီရှိနေပြီး လေပြင်းတွေလဲတိုက်နေပြီး စိုက်ခင်းတွေလည်းခြောက်သွေ့နေလို့ တောမီးကပိုဆိုးဆိုးဝါးဝါး ပျံနှံနေတာလို့သိရပါတယ်။
မှတ်ချက် 
ဘီဘီစီ ၀က်ဆိုဒ်၏ဖောင့်မှာ Ayeyar font ဖြစ်နေပြီး တချို့ စာလုံးများမှာ အက္ခရာမှန်ကန်စွာမပေါ်သောကြောင့် အနီးစပ်ဆုံး ရေးထားပါသည်။
BBC Burmese News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 10, 2013, 10:25:01 AM
Reply #1005
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
တရုတ် ဆင်ဆာဖြတ်မှု ဖြေရှင်းရေး ယာယီ သဘောတူညီချက်ရ
တရုတ်နိုင်ငံ တောင်ပိုင်းမှာ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုတွေကြောင့် - သတင်းစာတစောင်က စာနယ်ဇင်းသမားတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ အကြား သီတင်းတပတ်နီးပါး ထိပ်တိုက် ကြုံနေရတာတွေကို - အဆုံးသတ်နိုင်မယ့် - အလားအလာရှိတဲ့ ညှိနှိုင်းမှုတခု ရသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
သဘောတူညီချက်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ - ဆန္ဒပြနေကြတဲ့ သတင်းစာတိုက်ရဲ့ အယ်ဒီတာတွေကနေ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ သဘောတူခဲ့ပြီး၊ အပတ်စဉ်ထုတ် Southern Weekly သတင်းစာကိုလည်း ပုံမှန်အတိုင်း ကြာသပတေးနေ့မှာ ထုတ်ဝေသွားမှာ ဖြစ်တဲ့အကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်က ထွက်ခွာပြီး ဆန္ဒပြတဲ့သူတွေကို - အရေးယူမှာ မဟုတ်သလို - သတင်းသမားတွေက တင်းကျပ်လွန်းတယ်လို့ - မြင်နေကြတဲ့ ထိန်းချုပ်မှုတွေကိုလည်း အစိုးရက လျှော့ပေးဖို့ သဘောတူခဲ့တဲ့အကြောင်းလည်း - စေ့စပ်ပေးသူတွေနဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ရေးသားနေကြပါတယ်။ ရှန်ဟိုင်းမြို့မှာရှိတဲ့ ဖူဒန် တက္ကသိုလ်က သတင်းစာပညာ ပါမောက္ခ ဒေါ့ ယန်း (Doug Young) ကတော့ ညှိနှိုင်းမှုဟာ စာနယ်ဇင်းသမားတွေအတွက် အကောင်းဆုံး ရလဒ်တခု ဖြစ်လာဖွယ်ရှိတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ အယ်ဒီတာ့ အာဘော်ကို မဖော်ပြနိုင်အောင် ဆင်ဆာ တည်းဖြတ်ခဲ့ပြီး၊ အာဏာရကွန်မြူနစ်ပါတီကို ချီးမွမ်းထားတဲ့ အကြောင်းအရာနဲ့ အစားထိုးခဲ့ရာကနေ အရင်တပတ်ထဲမှာ ပြဿနာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် အွန်လိုင်းပေါ်မှာ တင်းကျပ်တဲ့ မီဒီယာဆင်ဆာ တည်းဖြတ်မှုတွေကို ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာပြီး ထင်ရှားတဲ့ လူပုဂ္ဂိုလ် အကျော်အမော်တွေကပါ သတင်းစာဘက်က ထောက်ခံအားပေးတဲ့ သဘောထားတွေကို ဖော်ပြလာကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 11, 2013, 02:01:39 AM
Reply #1006
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
အိမ်ဖြူတော်အရာရှိချုပ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုဖွယ်ရှိ
10.01.2013
အမေရိကန်သမ္မတ Barack Obama ဟာ အိမ်ဖြူတော် အရာရှိချုပ် Jack Lew ကို ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ် အဆိုတင်သွင်းဖို့  မျှော်လင့်ရပါတယ်။ မစ္စတာ Lew ဟာ မစ္စတာ Obama နဲ့ အရင်တုန်းကသမ္မတဟောင်း Bill Clinton အစိုးရတွေအတွက် ရသုံးခန့်မှန်းခြေ ဘဏ္ဍာရေးရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ သမ္မတအိမ်ဖြူတော်နဲ့ ကွန်ကရက်လွှတ်တော်တို့ကြား ဘဏ္ဍာရေးဆိုင်ရာ ညှိနှိုင်းမှုမှာ အဓိက နေရာကနေ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 11, 2013, 02:07:23 AM
Reply #1007
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
အခွင့်အရေးလှုပ်ရှားသူတွေအပေါ် ဗီယက်နမ်ပြစ်ဒဏ် ပြင်းထန်
ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ် အစိုးရက ဖြုတ်ချဖို့ ကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
၂ ရက်ကြာ အကျဉ်းရုံး ကြားနာစစ်ဆေးပြီးနောက် ဗုဒ္ဓဟူးနေ့မှာပဲ တရားရုံးက ထောင်ဒဏ် ၃ နှစ်ကနေ ၁၃ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာပါ။ ဒီအထဲက တယောက်ကိုတော့ နေအိမ် အကျယ်ချုပ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။
ပြစ်ဒဏ်စီရင်ခံခဲ့ရသူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ထားပြီး ဗီယက်နမ်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အတိုက်အခံ Viet Tan အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုပြီး နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Nghe An ပြည်နယ်က တရားရုံးတခုမှာ စစ်ဆေး အရေးယူခဲ့တာပါ။
Viet Tan အဖွဲ့ကတော့ လူမှုအသိုင်းအ၀ိုင်းကြား တရားမျှတမှုရရှိရေး ကြိုးစားပမ်းစား ဆောင်ရွက်နေသူတွေ၊ တာဝန်သိ သတင်းဖြန့်ချီနေသူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့ သူတွေကို မတရားသဖြင့် အပြစ်ပေးတဲ့ လုပ်ရပ်အဖြစ်နဲ့ ရှုတ်ချကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဗီယက်နမ်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း စီရင်ချက်နဲ့ ပတ်သက်လို့ စိတ်အနှောက် အယှက် ဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့သလို ဗီယက်နမ်နိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနိမ့်ကျမှုကို ပြသနေတဲ့လုပ်ရပ်တခု ဖြစ်တာကြောင့် ဒီလူတွေကို ချက်ခြင်းပြန်လွှတ် ပေးဖို့လည်း တောင်းဆိုခဲ့တာပါ။
တက်ကြွသူတွေဖက်က ခုခံလျှောက်လဲပေးတဲ့ ရှေ့နေတယောက်ကတော့ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် အတိုက်အခံအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အထောက်အထားလည်း မပြနိုင်သလို တရားခွင်မှာ လုပ်ထုံးလုပ်နည်း ချိုးဖောက်တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 11, 2013, 08:51:44 AM
Reply #1008
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
ဘင်္ဂလာဒေ့ရှ်တွင် စံချိန်တင် အပူချိန် လျော့နည်းမှုကြောင့် လူ ၈၀ သေဆုံး
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး အအေးလှိုင်းဖြတ်မှုကြောင့် ကြာသာပတေးနေ့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်းရှိ စီပူးလ် (Syedpur) မြို့တွင် အနိမ့်ဆုံးအပူချိန် ၃ ဒီဂရီ စဲစီးယပ်အထိ ကျဆင်းသွားသည်ဟု မိုးလေ၀သရုံးက ထုတ်ပြန်ချက်အရ သိရသည်။
၁၉၆၈ ခုနှစ် ဖေဖာဝါရီလတွင်း အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်ထိလျော့ကျသွားခဲ့ပြီးနောက်ပိုင်း ယခု ဖြစ်ရပ်သည် ဘင်္ဂလားဒေရှ့်သမိုင်း၌ အပူချိန် အနိမ့်ဆုံး လျော့နည်းခြင်းဖြစ်ကြောင်း မိုးလေ၀သဌာန ဒုတိယ တာဝန်ရှိသူ Shah Alam က ပြောကြား သည်။
အဆိုးရွားဆုံး အအေးလိုင်းဖြတ်ခဲ့မှုကြောင့် ဆင်းရဲသည့်ကျေးလက်ဒေသမှ လူပေါင်းများစွာသည် အနွေးထည်မလုံလောက်မှု၊ အနွေးဓာတ် မရရှိမှုတို့နှင့်
တွေ့ကြုံခဲ့ကြရသည်။
" ဒီလို ဆိုးရွားသည့် ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်မှုဆိုတာ မရှိခဲ့ဘူး။ လူအများအပြား အလုပ်ကိုတောင် မသွားနိုင်ခဲ့ကြဘူး။ အုပ်ချုပ် ရေးရုံးတွေရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၈၀ နီးပါးလောက် အအေးဒဏ်ကြောင့် ဖျားနာ ပြီး သေခဲ့တယ်လို့ သိရတယ်" ဟု Red Crescent အဖွဲ့ အစည်းမှ အထွေထွေအတွင်းရေးမှူး အာဘူဘာကာက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်သည် အပူပိုင်းဇုန် နိုင်ငံဖြစ်ပြီး ပုံမှန်အားဖြင့် ဆောင်းရာသီ၌ အပူချိန် ၁၀ ဒီဂရီ စဲစီးယပ်ထိသာ လျော့နည်းခဲ့သည်။
Ref: AFP
The Myanma Age
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 12, 2013, 11:01:52 PM
Reply #1009
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110126
  • Join Date: 02 May 2011
  • Posts: 16476
  • Credit : 123600 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
စာဖတ်လွန်သည့်ကျောင်းသား ရဲများကထိန်းသိမ်းရ
ဗြိတိန်နိုင်ငံ ကျောင်းတစ်ကျောင်းမှ ရဲအဖွဲ့ကို စာစွဲလမ်းလွန်းသည့်ကျောင်းသားတစ်ယောက်အား စာကြည့်တိုက် အတွင်းမှ ထုတ်ပေးပါရန် အကြောင်းကြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဂျမေး ဂါလီယာဒီ အမည်ရှိ ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အင်္ဂလန်နိုင်ငံတောင်ပိုင်း အိုင်ဖီး ကွန်မြူနတီကောလိပ်မှ ကျောင်းသား
တစ်ဦးဖြစ်ပြီး ကျောင်းစာကြည့်တိုက်အတွင်းမှ မထွက်တမ်း စာကြည့် နေသောကြောင့် ကျောင်းအာဏာပိုင်များက ရဲအဖွဲ့ထံ အကူအညီတောင်းရခြင်းဖြစ်သည်။
ဂါလီယာဒီသည် စာကို အလွန်အမင်းကြိုးစားသူတစ်ယောက်ဖြစ်ပြီး၊ ဆရာများ စိတ်ထဲတွင် ငြိုငြင်ရလောက် အောင် စာဖတ်နေကြောင်း၊ သူသည် ကျောင်းပြီးလျှင်လည်း စာကြည့်တိုက်ထဲသွားကာ စာဖတ်နေတတ် ကြောင်း၊ သူ့ကို ဆရာများက ထိုသို့မလုပ်ရန်တောင်းပန်သော်လည်း သူက လူတော်တစ်ယောက်ဖြစ်ရန် ကြိုးစားနေကြောင်းပြောကာ အိမ်ပြန်ခိုင်းသည်ကို ငြင်းဆန်ကြောင်း၊ကျောင်းစာကြည့်တိုက်ထဲမှ မထွက်ဘဲ စာကြည့်နေသဖြင့်ကျောင်းအုပ်ကြီးကိုယ်တိုင် အရေးပေါ်အစည်းအဝေးခေါ်ကာ
ဆရာများနှင့် တိုင်ပင်ခဲ့ရ ကြောင်း သိရသည်။
ကျောင်းအုပ်ချုပ်ရေး ဒါရိုက်တာတစ်ဦးက “သူ့ကို သွားပြောတော့လည်း ကျယ်ကျယ်လောင်လောင်နဲ့ အော်ထုတ်တယ်” ဟုပြောကြားသည်။
ဂါလီယာဒီသည် ကျောင်းတွင် အတော်ဆုံးဖြစ်ရန် ကြိုးစားအားထုတ်နေပြီး၊ လက်ရှိအနေအထားတွင်လည်း ဘာသာရပ်ဆိုင်ရာ ရမှတ်များအနေအထား
ကောင်းမွန်ကြောင်း၊ သို့သော် စာကြည့်တိုက်ထဲမှ မထွက်ဘဲ စာဖတ်နေမည်ဆိုခြင်းက ကျောင်းရှိ အုပ်ချုပ်သူနှင့် ဆရာများကို စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားသည်။
ရဲတပ်ဖွဲ့မှ ထိုကျောင်းသားကို စာကြည့်တိုက်ထဲမှ ဖယ်ရှားပေးမည်ဖြစ်သော်လည်း အရေးမယူပါဟု ပြောကြားခဲ့ သည်။
မောက္ခ
 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
January 12, 2013, 11:08:23 PM
Reply #1010
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110126
  • Join Date: 02 May 2011
  • Posts: 16476
  • Credit : 123600 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဒေါ်လာ တစ်သန်းထီပေါက်ပြီးမှ အဆိပ်သောက်သေ
အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့မှ အူရွတ် ခမ်းဆိုသူတစ်ယောက်သည် ဒေါ်လာ တစ်သန်းတန် ထီပေါက်ခဲ့သော်လည်း သူရရှိခဲ့သည့်ငွေများကို သူမသုံးခဲ့ရကြောင်း ရဲများက သတင်းထုတ်ပြန် ခဲ့သည်။
အူရွတ် ခမ်းသည် ဒေါ်လာ တစ်သန်းထီပေါက်ကြောင်းကြားသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ထခုန်ခဲ့ကြောင်း၊ သို့သော် ထီပေါက်ပြီး
နောက်တစ်လအကြာတွင် သေဆုံးသွားကြောင်း သိရသည်။ ခမ်း၏အလောင်းကို စစ်ဆေးရာတွင် သေစေနိုင်လောက်သည် ဆိုင်ရာနိုက်အဆိပ်ပမာဏများစွာကို သူ့ခန္ဓာကိုယ်အတွင်းတွေ့ရ သည်ဟုဆိုသည်။
သေမှုစုံစမ်းရေးအရာရှိက ထိုဆိုင်ရာနိုက်အဆိပ်များကြောင့် သေဆုံးခြင်းဖြစ်သဖြင့် အဘယ်ကြောင့် အဆိပ်သင့်ကြောင်းကို စုံစမ်းနေကြောင်း သိရသည်။
ခမ်းသည် 7-Eleven မှ ထီဆုကိုရရှိခဲ့ခြင်းဖြစ်ပြီး ထီတစ်စောင်လျှင် ဒေါ်လာ ၃၀ ဖြင့်ရောင်းချနေသော ထီကို ထိုးပြီး ဒေါ်လာ တစ်သန်းထီဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ခမ်းသည် အသက် ၄၆ နှစ်အရွယ်ဖြစ်ပြီး ဇနီးနှင့် သမီး တစ်ယောက်ရှိသည်။ သူက ထီပေါက်သည်ဟု သတင်းကြားရစဉ်က ထခုန်ပြီး သူ့စတိုးဆိုင်မှ
ငွေကိုင်စာရေးကို ဒေါ်လာ ၁၀၀ ဘောက်ဆူးပေးခဲ့ကြောင်း၊ သူ့အိမ်ကို အပေါင်ထားရသဖြင့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အခွန်အခ များကို
ပြေလည်အောင်ပေးပြီးနောက် ဆိုင်ကိုလည်းတိုးချဲ့မည်ဖြစ်ကြောင်း ထီပေါက်စဉ်က ပြောကြားခဲ့သည်။
ခမ်းသည် သူရရှိခဲ့သည့် ဒေါ်လာငွေတစ်သန်းကို စိန့်ဂျက် ကလေးဆေးရုံသို့လည်း လှူဒါန်းမည်ဟုပြောကြားခဲ့ သေးသည်။ သို့သော် ထိုငွေများကို ဘာတစ်ခုမျှ မထိလိုက်ရပဲ သူသေဆုံးခဲ့ရသည်ဟု ရဲများကဆိုသည်။
မောက္ခ
 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
January 14, 2013, 08:59:06 PM
Reply #1011
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ လေထုညစ်ညမ်းမှုဖြစ်
တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ လေထုညစ်ညမ်းမှု ဟာ အန္တရယ်ဖြစ်တဲ့ အဆင့်ကိုရောက်လာပြီး အသက်ရှုလမ်းကြောင်း ရောဂါပွားမှု နှုန်းအဆမတန်မြင့်တက်လာပြီး ဆေးရုံတွေမှာ လူနာတွေ နဲ့ ပြည့် နေပါတယ်။ သောကြာနေ့ ကစပြီး မီးခိုး မြူတွေ ထူထပ်စွာဖုံးအုပ်နေတဲ့ အတွက် စက်ရုံအလုပ်ရုံတွေနဲ့  ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေလဲ ပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေလဲ ရပ်ဆိုင်းထားရပါတယ် ။ စာသင်ကျောင်းတွေကို စာသင်ခန်းပြင်ပလှုပ်ရှားမှုတွေမလုပ်ဖို့  နဲ့  မြို့ နေလူထုကို အိမ်ပြင်ပထွက်တဲ့ အခါ အသက်ရှု လမ်းကြောင်း ကာကွယ်မှုတွေ လုပ်ကြဖို့  အာဏာပိုင်တွေက အထူးနှိုးဆော်ထားပါတယ် ။
မီးခိုးမြူတွေဆိုင်းတဲ့ အခြေအနေဟာ ဘေဂျင်း မြို့ ရဲ့ အရှေ့ ဘက်ပိုင်းမှာပိုပြီးဆိုးဝါးတဲ့ အတွက် ကားမောင်းဖို့ တောင် အန္တရယ်ရှိတယ်လို့  မြို့ နေလူထုက ပြောပါတယ် ။မြူခိုးတွေမှာ ပါဝင်တဲ့ အမှုန်အရွယ်အစား ဟာ ၂.၅ အဆင့်ရှိပြီး လေထု ၁ကုဗမီတာမှာ ပါဝင်နှုံးက ၉၉၃ မိုက်ကရိုဂရမ်ရှိ တဲ့ အတွက် ကမ္ဘာကျမ်းမာရေးအဖွဲ့ က သတ်မှတ်တဲ့ အဆင့်ထက် အဆ ၄၀ များနေတယ်လို့ ဆိုပါတယ် ။ အဲဒီအမှုန်အရွယ် အစား ၂.၅ အဆင့်ဟာ အဆုတ်ထဲကို ဖေါက်ဝင်နိုင်တဲ့ အရွယ်အစားဖြစ်ပါတယ် ။
ဘေဂျင်းမြို့ အပြင် တခြားမြို့ ကြီးတွေမှာလဲ မြူခိုးတွေ ဆိုင်းနေပြီး လာမယ့် ဗုဒ္ဓဟူးနေ့ အထိ မြူတွေ ဆိုင်းနေနိုင်တယ်လို့  ခန့် မှန်း ထား ပါတယ်။ တရုတ်နိုင်ငံဟာ စက်မှုဖွံ ဖြိုးမှုအလွန်မြန်ဆန်လာတဲ့  အပြင် ကားပိုင်ဆိုင်မှုလည်း အဆမတန် တိုးမြင့်လာတဲ့အတွက် လေထုညစ်ညမ်းမှု အမြင့်ဆုံး နိုင်ငံတခုဖြစ်ပါတယ် ။
VOA News
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 17, 2013, 08:03:15 AM
Reply #1012
  • Tea Master
  • *****
  • Thank You
  • -Given: 116
  • -Receive: 2897
  • Join Date: 23 May 2011
  • Posts: 337
  • Credit : 3710 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • အောင်မြင်ကြီးပွားတိုးတက်ကြပါစေ
2 killed as helicopter crashes into crane in central London
By Laura Smith-Spark and Nick Thompson, CNN
January 17, 2013 -- Updated 04:33  (GMT +0630)
Smoke pours from the burning debris of a helicopter which crashed in the Vauxhall area. The helicopter appeared to hit a crane attached to the nearby St Georges Wharf Tower before plunging into the road below during the morning rush hour.
January 29, 2013, 05:54:01 PM
Reply #1013
  • Super Customer
  • ****
  • Thank You
  • -Given: 1
  • -Receive: 300
  • Join Date: 22 Jan 2013
  • Posts: 128
  • Credit : 790 $
  • View Inventory
  • Send $/Gift
  • Gender: Male
“နျူကလီးယားသုတေသနဌာန ပေါက်ကွဲမှုသတင်းအား အီရန်ငြင်းဆို”
အီရန် အစိုးရက မိမိတို့၏ ဖော်ဒို နျူကလီးယား သုတေသန စီမံကိန်း နေရာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းများအား ငြင်းဆန်သွားခဲ့သည်။
နိုင်ငံခြား သတင်းဌာနများက ဖော်ဒိုတွင် ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း အီရန်က ယင်းကိစ္စသည် အနောက်နိုင်ငံများ၏ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဖော်ဒိုသည် အီရန်၏ မြေအောက် ယူရေနီယမ် သန့်စင်မှု ပြုလုပ်နေသည့် အဓိက မဟာဗျူဟာ နေရာတစ်ခုလည်း ဖြစ်သည်။
အစ္စရေးနှင့် အနောက်နိုင်ငံ မီဒီယာ အချို့က ကွမ်မြို့ အနီးရှိ နျူကလီးယား သုတေသန စက်ရုံတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး ဆိုးဆိုးရွားရွား ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
planet myanmar network
January 29, 2013, 05:55:20 PM
Reply #1014
  • Super Customer
  • ****
  • Thank You
  • -Given: 1
  • -Receive: 300
  • Join Date: 22 Jan 2013
  • Posts: 128
  • Credit : 790 $
  • View Inventory
  • Send $/Gift
  • Gender: Male
“မြောက်ကိုရီးယား၏ နျူစမ်းသပ်ဖောက်ခွဲမှုကို တားဆီးရန် တရုတ်ကြိုးပမ်းဖွယ်ရှိ”
မြောက်ကိုရီးယားတွင် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု တစ်ခု ပြုလုပ်မည့် အခြေအနေကို တရုတ်က ကိုယ်စားလှယ်အဖွဲ့ တစ်ခု စေလွှတ်ကာ တားဆီးစေဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
တရုတ်သည် ၎င်းတို့၏ အိမ်နီးချင်း မဟာမိတ် နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား လက်နက် စမ်းသပ် ဖောက်ခွဲမည့် အစီအစဉ်အတွက် ကြားဝင်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
planet myanmar network
January 29, 2013, 05:56:37 PM
Reply #1015
  • Super Customer
  • ****
  • Thank You
  • -Given: 1
  • -Receive: 300
  • Join Date: 22 Jan 2013
  • Posts: 128
  • Credit : 790 $
  • View Inventory
  • Send $/Gift
  • Gender: Male
“နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်”
နယ်သာလန် ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံ အလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။
တနင်္လာနေ့ ညနေပိုင်းက ဘုရင်မသည် တစ်နိုင်ငံလုံးသို့ ဝီလျံသည် ဘုရင်အသစ် ဖြစ်လာတော့မည်ဆိုသော သတင်းကို အတည်ပြု အသိပေးခဲ့သည်။
planet myanmar network
January 29, 2013, 06:00:07 PM
Reply #1016
  • Super Customer
  • ****
  • Thank You
  • -Given: 1
  • -Receive: 300
  • Join Date: 22 Jan 2013
  • Posts: 128
  • Credit : 790 $
  • View Inventory
  • Send $/Gift
  • Gender: Male
“မြောက်ကိုရီးယားအငတ်ဘေး လူသားစားသည်အထိ ဆိုးရွားလာ”
မြောက်ကိုရီးယား နိုင်ငံတွင် အငတ်ဘေးကြောင့် မိဘများသည် မိမိတို့၏ သားသမီးများကိုပင် သတ်ဖြတ် စားသောက်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ပုန်းလျှိုးကွယ်လျှိုး အခြေအနေမှ ထွက်ပေါ်လာသည့် နောက်ဆုံး သတင်းများသည် အံ့ဩ တုန်လှုပ်ဖွယ် အခြေအနေမျိုး ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားရှိ အငတ်ဘေး ဆိုက်နေသော အချို့ဒေသများတွင် ဆာလောင်မွတ်သိပ်မှုသည် လူသားများကို ရက်စက် ရူးသွပ်သွားစေကြောင်း သိရှိရသည်။
planet myanmar network
February 05, 2013, 11:57:16 PM
Reply #1017
  • Regular Customer
  • **
  • Thank You
  • -Given: 378
  • -Receive: 585
  • Join Date: 13 Apr 2011
  • Posts: 32
  • Credit : 644 $
  • View Inventory
  • Send $/Gift
  • Gender: Male
မာလီ စစ်သွေးကြွများ၏ နောက်ဆုံး ခြေကုပ်ယူသည့် စခန်းကို ပြင်သစ် စစ်လေယာဉ် အစင်း ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်
Timbuktu မြို့သို့ ပြင်သစ်သမ္မတ အော်လွန်ဒ် ဖေဖော်ဝါရီလ ၂ ရက်က ရောက်ရှိလာစဉ် မာလီပြည်သူများမှ ကြိုဆိုနေစဉ်
မာလီမြောက်ပိုင်း သဲကန္တာရရှိ အစ္စလာမ္မစ် စစ်သွေးကြွများ၏ နောက်ဆုံးခြေကုပ်ယူသည့် ကီဒယ်မြို့ကို ပြင်သစ် စစ်လေယာဉ် အစင်း ၃၀ က ဖေဖော်ဝါရီလ ၃ ရက်တွင် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ပြင်သစ်တပ်များသည် ကီဒယ်မြို့ရှိ လေဆိပ်ကို ဇန်န၀ါရီလ ၃၀ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီးနောက် ကီဒယ်မြို့မြောက်ဘက်၊ တက်ဆာလစ် ဧရိယာရှိ အစ္စလာမ္မစ် သူပုန်များ၏ လေ့ကျင့်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး စခန်းများကို ပြင်သစ်စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂ ရက်တွင် ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လွန်ဒ်သည် မာလီမြို့တော် ဘာမာကိုနှင့် Timbuktu မြို့များသို့ သွားရောက်ခဲ့ရာ ဒေသခံများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး အော်လွန်ဒ်ကလည်း သူ၏နိုင်ငံရေး ဘ၀တွင် အရေးကြီးဆုံး နေ့တစ်နေ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အော်လွန်ဒ်က မာလီအရေးတွင် အံ့အားသင့်ဖွယ် ၀င်ရောက်ကိုင်တွယ်မှုက မာလီတွင် သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုမှု ရရှိခဲ့သည်။
ပြင်သစ်တပ်များ ဦးဆောင်ပြီး မာလီအပါအ၀င် အာဖရိကနိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် မာလီမြောက်ပိုင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွ သူပုန်များကို ထိုးစစ်ဆင်မှုများ ပြုလုပ်နေရာ သီတင်းပတ်သုံးပတ်ခန့် ရှိလာပြီဖြစ်ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ သို့သော် ပြင်သစ်သည် မာလီပဋိပက္ခမှ ရုန်းထွက်ရန် ဆန္ဒပြင်းပြနေပြီး ကူညီပေးမည်ဟု ကတိပေးထားသော အာဖရိက တပ်ဖွဲ့ဝင်များထံ တာဝန်လွှဲပေးရန် စိတ်အားထက်သန်နေသည်။
ယခုအခါ သူပုန်များသည် ကီဒယ်မြို့တစ်ဝိုက် တောင်ထူထပ်သော နေရာများသို့ ထွက်ပြေးပုန်းအောင်းနေကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကီဒယ်လေဆိပ်ကို သိမ်းယူနိုင်ခဲ့ပြီးနောက် Islamic Movement of Azaward (MIA) အဖွဲ့မှ ခွဲထွက်လာသော အဖွဲ့ကလည်း အစွန်းရောက် ၀ါဒများနှင့် အကြမ်းဖက်မှုများကို စွန့်လွှတ်တော့မည်ဟုဆိုကာ လက်နက်ချခဲ့သည်။
Ref:AFP
Credit @ Eleven Media Group
February 05, 2013, 11:58:54 PM
Reply #1018
  • Regular Customer
  • **
  • Thank You
  • -Given: 378
  • -Receive: 585
  • Join Date: 13 Apr 2011
  • Posts: 32
  • Credit : 644 $
  • View Inventory
  • Send $/Gift
  • Gender: Male
၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် မာလာလာ ပါဝင်
တာလီဘန်ကို ဖီဆန်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ပါကစ္စတန် ကျောင်းသူ မာလာလာယူဆွတ်ဖ်ဇိုင်နှင့် ဥရောပအရှေ့ပိုင်း နိုင်ငံတို့မှ လှုပ်ရှားတက်ကြွသူများသည် ၂၀၁၃ ခုနှစ်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။
ယခုနှစ် နိုဗယ်ဆုကို အောက်တိုဘာ အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး ခန့်မှန်းတွက်ဆမှုများလည်း ထွက်ပေါ်နေသည်။ ဆန်ခါတင် စာရင်းအတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရန် သတ်မှတ်ထားသည်။
အမျိုးသမီးများ၏ ပညာရေးအတွက် လှုံ့ဆော်ခဲ့သည့် အသက် ၁၅ နှစ် အရွယ်ရှိ မာလာလာကို ကျောင်းသို့သွားရာ ဘတ်(စ်)ကားပေါ်တွင် တာလီဘန် သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မာလာလာသည် ထိုက်တန်သော နိုဗယ်ဆုရှင်တစ်ဦး ဖြစ်ရန်အတွက် အကြောင်းအရင်းများစွာ ရှိသည်ဟု နော်ဝေရှိ လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ မာလာလာသည် ဒီမိုကရေစီ၊ သာတူညီမျှ ရရှိမှုနှင့် လူ့အခွင့်အရေးတို့အတွက် တာလီဘန်တို့ကို ဆန့်ကျင်ခဲ့သည့် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
လတ်တလောတွင် အကျဉ်းကျခံနေရသည့် ဘီလာရုဇ်မှ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ Ales Belyatskiှနှင့် ရရုရှားမှ Lyudmila Alexeyeva တို့ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများသည် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။
နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းသည် ရှုပ်ထွေးသောကြောင့် နိုဗယ်ဆု ရရှိမည့်သူကို ခန့်မှန်းရန် ကြိုးစားခြင်းသည် ခက်ခဲသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
စာပေပညာရှင်၊ ကမ္ဘာတစ်ဝန်းရှိ အစိုးရနှင့် လွှတ်တော်အဖွဲ့ဝင်များ၊ တက္ကသိုလ် ပါမောက္ခများနှင့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းများသည် နိုဗယ်ဆုအတွက် အမည်စာရင်းပေးရန် အရည်အချင်း ပြည့်မီသူများ ဖြစ်ကြသည်။ ပြင်သစ်၊ ကနေဒါနှင့် နော်ဝေမှ လွှတ်တော်အမတ်များသည် မာလာလာကို ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် သီးခြားစီ အဆိုပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆန်ခါတင်စာရင်းတွင် ဖော်ပြခံရသော်လည်း ဆုရရှိမည်ဟု တစ်ထစ်ချ မပြောနိုင်ကြောင်း နော်ဝေနိုဗယ် ကော်မတီက ထုတ်ပြန်ခဲ့သည်။ ယခင်ကလည်း ဆန်ခါတင်စာရင်းတွင် အာဏာရှင်များဖြစ်သည့် အဒေါ့ဟစ်တလာ၊ ဂျိုးဇက်စတာလင်၊ ဘင်နစ်တိုမူဆိုလီနီတို့လည်း ပါဝင်ခဲ့သလို ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်လည်း ပါဝင်ခဲ့ဖူးကြောင်း သိရသည်။
Ref:AFP
Credit @ Eleven Media Group
February 13, 2013, 10:18:59 AM
Reply #1019
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရ
အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရကာ ၎င်းတို့အချင်းချင်းကြား ပေးပို့ထားသည့် အချက်အလက်အချို့ အင်တာနက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် ယခုအခါ အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သည်။
သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ်နှင့် သားဖြစ်သူ သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်တို့ အပါအဝင် မိသားစုဝင် ၆ ဦး၏ အီးမေးလ်အကောင့်များ hack လုပ်ခံရခြင်းဖြစ်ကြောင်း CNN တွင် ဖော်ပြသည်။
ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များ hack လုပ်ခံရသည့် ဖြစ်ရပ်ကြောင့် အင်တာနက် privacy ပိုင်းဆိုင်ရာ လုံခြုံရေးအပေါ် မေးခွန်းထုတ်မှုများလည်း ပိုမိုမြင့်တက်လာကြောင်း သိရှိရသည်။
News from:Planet Myanmar Network
 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
February 15, 2013, 03:32:22 AM
Reply #1020
  • ဖြစ်ချင်တာထက်... ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတယ်။ :-X
  • Royal Customer
  • *****
  • Thank You
  • -Given: 6332
  • -Receive: 12418
  • Join Date: 12 Apr 2011
  • Posts: 846
  • Credit : 8890 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • မင်္ဂလာပါ။
    • www.ayeyarwaddywebhost.org
အိုလံပစ် အကျော်အမော် ချစ်သူများ နေ့ မှာ ချစ်သူ ကို ပစ်သတ်
by FNG on February 15, 2013            
article-2278492-1791F2D6000005DC-255_634x423 height=200            
မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော်မှာ အပြေးသမား အနေ နဲ့  ရွှေတံ ဆိပ် ဆုတွေ ရရှိခဲ့တဲ့ အိုလံပစ် ချံပီယံ အော်စကာ ပစ်စတိုရီးယာစ် ဟာ ဖေဖော်ဝါရီ
 လ ၁၄ ရက်နေ့  မနက် အစော ပိုင်း မှာ သူ့ ရဲ့ ချစ် သူနာမည် ကျော် မော်ဒယ်(လ) တစ်ဦး ဖြစ်တဲ့ ရီဗာ စတင်း ကမ့် ကို သေနတ် နဲ့  ပစ် သတ် ခဲ့ပါတယ်။
ချစ်သူများနေ့ နံနက် အစောပိုင်း မနက် လေးနာရီမှာ ပရီတိုးရီးယား က အော်စကာ ရဲ့  တန်ဖိုးကြီးလှ တဲ့ အိမ်ကြီး မှာ သေနတ် ပစ်မှု ဖြစ်ပွား ခဲ့ တာ ဖြစ်ပါတယ်။
ရီဗာ စတင်း ကမ့် က အသက် ၃၀ အရွယ် ရှိ နေ ပြီ ဖြစ် ပြီး အော်စကာ ပရီတိုးရီယာစ် ကတော့ အသက် ၂၆ နှစ် ပဲ ရှိပါသေးတယ်။
သူတို့  နှစ်ဦး ချစ်ကြိုက် ကြတာ နှစ် လ သက်တမ်းလောက် ပဲ ရှိ သေး ပြီး စတင်း ကမ့် က မနေ့  က တော့ သူ့  ရဲ့  တွစ်တာ မှာ ချစ်သူများ နေ့ မှာ သူ ပြု လုပ် မယ့် အစီအစဉ် တွေ အတွက် သူ့  ပရိသတ် တွေ ကို ဆု တောင်းမှု ပြု လုပ် ထား ပါတယ်။
အော်စကာ ပရီတိုးရီးယာစ် ကို ရဲ က လူသတ်မှု နဲ့  ဖမ်းဆီး ပြီး နောက် အာမခံနဲ့  ပြန် လည် လွှတ်ပေး ခဲ့ ပါတယ်။
အော်စကာ က သူ့  အိမ် ထဲ ကို ဖောက်ထွင်း ၀င်ရောက် သူ တစ်ဦး လို့  ထင်တာ ကြောင့် စတင်း ကမ့် ကို မှား ယွင်း ပြစ် သတ် မိတာ ပါ လို့  ပြောပါတယ်။
မော်ဒယ်(လ) ရီဗာ စတင်း ကမ့် ဟာ ဟာ အမျိုး သမီး အခွင့် အရေး ဆော်သြ လှုံဆော်သူ တက်ကြွ သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့ တဲ့ သီတင်း ပတ်က ကပဲ အုပ်စု လိုက် မုဒိမ်းကျင့် ပြီး သတ်ဖြတ် ခံ ခဲ့ ရတဲ့ Anene Booysen အတွက် ပြည်သူ လူထု နိုးကြား မှု ဖြစ်အောင် လှုံဆော် မှု ပြု ခဲ့ ပါသေးတယ်။
သူက မသန် ပေမယ့် စွမ်းသူ တစ်ယောက် ဖြစ် ပြီး ပညာရေး မှာ လည်း တက္ကသိုလ် ဘွဲ့  ကို ထူးချွန်စွာ ရရှိခဲ့ သူ တစ်ဦး ပါ။
Photo Credit : http://www.dailymail.co.uk
article-2278492-1791ECAB000005DC-490_634x445 article-2278492-1791F2E2000005DC-244_634x505 article-2278492-1791F52C000005DC-835_634x744 article-2278492-1791F322000005DC-375_634x422 article-2278492-1792C8B8000005DC-218_619x626 article-2278492-1792C628000005DC-879_634x422 article-2278492-1792EC97000005DC-945_634x553 article-2278492-1792F138000005DC-727_634x482 article-2278492-17923A10000005DC-70_306x679 South Africa's Olympic sprinter Oscar Pi article-2278492-179420EA000005DC-752_306x423 article-2278492-179495C4000005DC-157_634x906 article-2278492-1792056B000005DC-424_306x423 article-2278492-1792395B000005DC-725_306x423 article-2278492-1792396B000005DC-222_306x423 article-2278492-1793282E000005DC-850_634x356 article-2278492-1794985D000005DC-305_634x327 article-2278492-17920574000005DC-84_634x606 article-2278492-17932845000005DC-654_634x356 Reeva Steenkamp Twitter Pics
Oscar Pistorious
 Related articles
« Last Edit: February 15, 2013, 03:35:38 AM by ကိုစိုင်း »
 Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.
AyeyarwaddyWebHost.Org for Myanmar Web Sites
( Domain & Web Hosting Sales and Service )
February 15, 2013, 03:39:33 AM
Reply #1021
  • ဖြစ်ချင်တာထက်... ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတယ်။ :-X
  • Royal Customer
  • *****
  • Thank You
  • -Given: 6332
  • -Receive: 12418
  • Join Date: 12 Apr 2011
  • Posts: 846
  • Credit : 8890 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • မင်္ဂလာပါ။
    • www.ayeyarwaddywebhost.org
Valentine နေ့မှာ ချစ်သူနဲ့ စကားများပြီး အဆုံးစီရင်
အသက်(၁၉)နှစ်အရွယ်၊မလေးရှာနိုင်ငံသူတရုတ်အမျိုးသမီးတဦး ချစ်သူများနေ့ တွင် ချစ်သူဖြင့် စိတ်ဆိုးပြီးစကားများရာမှ မလေးရှားနိုင်ငံ ကွာလာလပ်ပူမြို့ တိုင်းစကွဲး
( Times Square ) ၆ ထပ်မှ ခုန်ချပြီး အဆုံးစီရင်သွားသည်။ — at Berjaya Time Square.
Credit @ FB
 Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.
AyeyarwaddyWebHost.Org for Myanmar Web Sites
( Domain & Web Hosting Sales and Service )
March 04, 2013, 08:12:43 PM
Reply #1022
  • Special Customer
  • ****
  • Thank You
  • -Given: 12230
  • -Receive: 23185
  • Join Date: 21 Apr 2011
  • Posts: 2356
  • Credit : 39738 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
    • Teashop PDF Team  
ကင်ဆာဝေဒနာသည်၏ ဝှေးစေ့ကို ဆရာဝန်များက ဘယ်ညာမှားဖြတ်
အင်္ဂလန်နိုင် ငံတောင်ပိုင်း ဆာလစ်ဘူ ရီမြို့ဆေးရုံ တစ်ရုံမှ ဝှေးစေ့ကင် ဆာဝေဒနာသည် တစ်ဦးကို ခွဲစိတ်ကု သရာတွင် ခွဲစိတ်ဆရာ ၀န်များက ဝှေးစေ့ ဘယ်နှင့်ညာ မှားဖြတ်ခဲ့ မိကြသည်။
ခွဲစိတ်ဆရာ ၀န်များသည် ထိုသို့မှား ယွင်းမှုကို ခွဲစိတ် ကု သမှုများပြု လုပ်ပြီး မီးနစ်၄၀အကြာမှ သတိပြုမိခဲ့ ကြောင်း သိရှိရ သည်။ အသက် ၄၈ နှစ်အရွယ်ရှိ အမည်မဖော်လိုသည့် ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးဖြစ် သူသည် ထိုသို့မှားယွင်း အဖြတ်ခံ ရခြင်း ကြောင့် ၄င်း၏ဘ၀တစ် သက်တာ၌ သားသမီးရ ရှိတော့မည် မဟုတ်ကြောင်း သတင်း ထောက်များအား ၀မ်းနည်း ဖွယ် ပြောကြားသွားခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပက်သက်၍ ဆာလစ်ဘူရီမြို့ အခြေစိုက် NHS ဖောင်ဒေးရှင်းက စုံစမ်း စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
@http://www.facebook.com/mailsfromfriends
  • Cafe` Publisher EBook(PDF) List
 Send to Other.  Allows access to Games Room for 1 days  Allows access to Games Room for 1 days  Increase your Karma by 1  Allows access to Games Room for 7 days  Send to Other.  Send to Other.  Send to Other.
March 05, 2013, 10:00:58 PM
Reply #1023
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110126
  • Join Date: 02 May 2011
  • Posts: 16476
  • Credit : 123600 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
အင်တာနက်မှ တစ်ဆင့် ရာဇဝတ်မှု ကျူးလွန်ခြင်းအား တိုက်ဖျက်ရန် ပထမဆုံးသော ဆိုက်ဘာ ရာဇဝတ်မှု ဆိုင်ရာ ဥရောပ ကောင်စီ ညီလာခံ အဖွဲ့သို့ သြစတြေးလျ နိုင်ငံ ပူးပေါင်း
အင်တာနက်မှ တစ်ဆင့် ရာဇဝတ်မှု ကျူးလွန်ခြင်းအား တိုက်ဖျက်ရန် ပထမဆုံးသော ဆိုက်ဘာ ရာဇဝတ်မှု ဆိုင်ရာ ဥရောပ ကောင်စီ ညီလာခံ အဖွဲ့သို့ သြစတြေးလျ နိုင်ငံ ပူးပေါင်းပါဝင်ခဲ့ကြောင်း ရှေ့နေချုပ် Mark Dreyfus က မတ်လ ၄ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။ အင်တာနက်သည် စည်းမျဉ်း ဥပဒေ များဖြင့် ထိန်းချုပ်မှု နည်းပါးသည့် နိုင်ငံများမှ နေ၍ ရာဇဝတ်မှု ကျူးလွန်ရန် လွယ်ကူ စေကြောင်း Dreyfus က ပြောကြား ခဲ့ပါသည်။ သြစတြေးလျ နိုင်ငံ အနေဖြင့် ညီလာခံတွင် ပါဝင်ခြင်း အားဖြင့် သြစတြေးလျ ဥပဒေ စိုးမိုးရေး အေဂျင်စီများ အနေဖြင့် မိတ်ဖက် နိုင်ငံများမှ ကမ္ဘာ တစ်ဝန်းလုံးရှိ ဆိုက်ဘာ ရာဇဝတ်မှုနှင့် သက်ဆိုင်သော အချက်အလက် များအား ချက်ချင်း ရနိုင်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။
မြ၀တီ
 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
March 12, 2013, 07:11:14 PM
Reply #1024
  • Special Customer
  • ****
  • Thank You
  • -Given: 12230
  • -Receive: 23185
  • Join Date: 21 Apr 2011
  • Posts: 2356
  • Credit : 39738 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
    • Teashop PDF Team  
အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်တွင် ကျောင်းသားများအား လက်ပ်တော့ပ်အခမဲ့ဝေ
12/Mar/2013
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒက်ရှ် ပြည်နယ် အစိုးရက ပထမဆုံးအကြိမ် အဖြစ် လက်ပ်တော့ပ် ၁.၅ သန်းကို ကောလိပ် ကျောင်းသားများအား အခမဲ့ ပေးဝေမည်ဟု သိရသည်။ တနင်္လာနေ့က ကျောင်းသား တစ်သောင်းအား ရူပီးငွေ ၁၉၀၀၀ တန်သော Hewlet Packard လက်ပ်တော့ပ်များ ပေးဝေခဲ့ပြီး ဖြစ်သည်။ လက်ပ်တော့ပ်များ အခမဲ့ ပေးဝေခြင်းသည် Mr Yadav ၏ ရွေးကောက်ပွဲ ကာလအတွင်း ပေးခဲ့သော ကတိများထဲမှ တစ်ခု ဖြစ်သည်။ ယင်းစီမံကိန်းသည် ရူပီးငွေ ၃၀ ဘီလီယံ (ဒေါ်လာ ၅၅၂ မီလီယံ) ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ အူတာပရာဒက်ရှ် ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ တိုးတက်မှု နောက် အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည့်အပြင် အလုပ် လက်မဲ့နှုန်း မြင့်မားသော ပြည်နယ်လည်း ဖြစ်သည်။ (ဘီဘီစီ)
@khit lu nge
  • Cafe` Publisher EBook(PDF) List
 Send to Other.  Allows access to Games Room for 1 days  Allows access to Games Room for 1 days  Increase your Karma by 1  Allows access to Games Room for 7 days  Send to Other.  Send to Other.  Send to Other.