Author Topic: ပြည်တွင်းသတင်းလွှာ ဖတ်ချင်စရာ( ၃ ) (Read 21385 times)

0 Members and 4 Guests are viewing this topic.

February 16, 2013, 10:54:20 PM
Reply #1125
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်

လွတ်လပ်ခြင်း၊ညီမျှခြင်း၊နှင့် ချစ်ကြည်ခြင်း ရန်ကုန်ဓါတ်ပုံပွဲတော် ၅ နှစ်ပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှူကာ ပထမဆု ရရှိ သူအား ကိုယ်တိုင်ဆုပေးအပ်ချီးမြင့်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ပြည်လမ်းရှိ ပြင်သစ် ယဉ်ကျေးမှုဌာန(ပြင်သစ်သံရုံး)တွင် ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ၇၀ ကျော် ၊ဓါတ်ပုံ ၈၀ ပုံ တို့မှ ဆုရ
ရှိသူ ၅ ဦးကို ဆုပေးအပ်ခဲ့ကာ ည ၉ နာရီ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal

February 16, 2013, 11:13:00 PM
Reply #1126
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပက်သက်၍စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာကိုစောင့်ကြည့်ပေးပါရန်ဝမ်ပေါင်ကုမ္ပဏီမှမေတ္တာရပ်ခံ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ကို စောင့်ကြည့်ပေးပါရန် သတင်းမီဒီယာများနှင့် ဒေသခံပြည်သူများအား မေတ္ကာရပ်ခံကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အဆိုပါကြေညာချက်တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ လက်ရှိပြဌာန်း ထားသော တရားဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊မြန်မာအစိုးရသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ၏ တရားဝင်အကျိုးစီးပွားကို ဥပဒေကြောင်းအရ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း ယခင်အတိုင်း တက်တက်ကြွကြွဖြင့် စဉ်းစားချင့်ချိန်ကာ အကောင် အထည် ဖော်သွားလျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသော အငြင်းပွားမှုများကို ရင်းနှီးချစ်ကြည်စွာဖြင့် ညှိနှိုင်းဆွေးနွေး၍ ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဝင်ရောက်စစ်ဆေးမှု ပြုသည့်ကာလတွင် အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားခဲ့ပြီး ကော်မရှင်၏ နောက်ဆုံး ထွက်ရှိလာသော အစီရင်ခံစာသည် ကြေးနီစီမံကိန်း၏ စစ်မှန်သော အခြေအနေကို မျှတမှန်ကန်စွာ ဖော်ထုတ် သွားမည်ဟုလည်း ယုံကြည်ပါကြောင်း ကြေညာချက်၌ ထည့်သွင်းထားသည်။

ဒေသခံပြည်သူများ၊ သတင်းမီဒီယာအဖွဲ့များသည် မိမိတို့ကုမ္ပဏီနှင့် အတူတကွ အေးဆေးတည်ငြိမ်စွာဖြင့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက် ထွက်ပေါ်လာသည့်တိုင်အောင် စောင့် ကြည့်ပေးပါရန်နှင့် အစီရင်ခံစာနှင့် လမ်းညွန်ချက်များအပေါ် အလေး ထား လိုက်နာကြရမည်ဖြစ်ပါကြောင်း ဝမ်ပေါင်ကုမ္မဏီအနေဖြင့် အထူးရပ်ခံပါသည်ဟုလည်း ဖော်ပြပါရှိသည်။

လက်ရှိပြုလုပ်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းခံရပါက မည်သို့လုပ်ဆောင်မည်နည်းဟု မေးမြန်းရာ အဆိုပါအခြေအနေမျိုးသို့ မျှော်လင့်ထားခြင်း မရှိကြောင်း မြန်မာဝမ်ပေါင် ရန်ကုန်ရုံး၏ Admin Manager ဦးမြင့်သိန်းက Eleven Media Group သို့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ ကြားဖြတ်အစီအရင်ခံစာကို ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 17, 2013, 11:00:15 PM
Reply #1127
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
သာကေတမြို့နယ်တွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား ၀ိုင်းဝန်းဖျက်ဆီး

သာကေတမြို့နယ်၊ မာန်ပြေ ၁၈x၁၉ လမ်းကြားရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၃၀၀-ခန့်ရှိ လူအုပ်စုကြီးမှ ဒီနေ့ မနက်ပိုင်းမှစတင်၍ ၀ိုင်းဝန်းဖျက်ဆီးကြပြီး နေ့လည်ပိုင်းတွင် လာရောက်တားဆီးသော မွတ်စလင်မ်တချို့အား ၀ိုင်းဝန်းရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ယင်းဖြစ်စဉ်အား စုံစမ်းရာ သာကေတမြို့နယ် မာန်ပြေ ၁၈x၁၉ လမ်းကြားတွင်ရှိသော အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းသည် ယခင်ကတည်းက တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် ခေါင်မိုးပျက်စီးလာ၍ စည်ပင်သာယာသို့ ပြင်ဆင်ခွင့်တောင်းခံခဲ့ရာ ပြင်ဆင်ခွင့်ရခဲ့၍ ခေါင်မိုးအားပြင်ဆင်ခဲ့သည်။
ယင်းသို့ ပြင်ဆင်နေသည်ကို ရပ်ကွက် ဆယ်အိမ်မှူးမှလည်း မကျေနပ်ကြောင်း၊ ထို့ကြောင့် ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတစ်စုက ၀ိုင်းဝန်းအကြမ်းဖက်ဖျက်ဆီးမှု ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

"ကုလားတွေ လူပါးဝတယ်၊ ရခိုင်မှာလည်း ဒီလိုမျိုး လူပါးဝပြီး လုပ်ခဲ့တာ။ အခုလည်း ကျောင်းသေးသေးလေးကနေ အကြီးကြီးဆောက်ဖို့လုပ်နေတယ်။ ဒါမျိုး လုပ်လို့မရဘူး။ ကုလားတွေကို မြန်မာ့မြေက ထုတ်ပစ်ရမယ်လို့ ပြောဆိုပြီး ၀ိုင်းဝန်းဖျက်ဆီးကြတာဖြစ်ပါတယ်။ အဲလိုဖျက်နေတဲ့အချိန် အနားမှာ ရဲ
၂-ယောက် ရှိနေတယ်။ အဲဒီ ရဲ ၂-ယောက်ကလည်း အကြမ်းဖက်လူစုကို နောက် ၂-ပတ်နေရင် ဖျက်ပေးမယ်လို့ပြောပြီး တားနေပေမယ့် တားလို့မရဘူး"ဟု မျက်မြင်တွေ့ခဲ့သူ ဗုဒ္ဓဘာသာတစ်ဦးမှ ပြောပြလာပါတယ်။

"အဲလို ဖျက်နေရင်းနဲ့ပဲ မွတ်စလင်မ်တစ်ယောက်ကို ၀ိုင်းပြီးရိုက်ကြပါတယ်။ သူ့ကိုလည်း ထိသွားတယ်။ ရဲတွေက အဲဒီ တစ်ယောက်ကို ခေါ်ထုတ်သွားလို့ ဟိုလူ နည်းနည်းသက်သာသွားတာ။ အခင်းဖြစ်ပြီး ခဏနေတော့ ရောက်လာတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်မှာ ပါခဲ့ဖူးတဲ့ မွတ်စလင်မ်တစ်ယောက်က အဲဒီကဆယ်အိမ်မှူးကို အခုဖြစ်တဲ့အခြေအနေကို မေးတော့ ဆယ်အိမ်မှူးက မကျေမနပ်ဖြစ်ပြီး ချကွာ ချကွာလို့ ပြောတယ်။ အဲဒါနဲ့ အဲဒီအကြမ်းဖက်သမားထဲက တချို့လူတွေက အဲဒီမွတ်စလင်မ်ရယ် နောက်သူနဲ့ အတူပါလာတဲ့တစ်ယောက်ကို ၀ိုင်းပြီးထိုးကြတယ်"လို့ မျက်မြင်တစ်ယောက်က ပြောပြလာပါတယ်။

ထိုသူပြောပြသည့် ၀ိုင်းဝန်းထိုးခံရသူ မွတ်စလင်မ်တစ်ယောက်ဆိုသည်ကို ဆက်လက်စုံစမ်းရာ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ကိုတင်မောင်သန်းဖြစ်ပြီး ကိုတင်မောင်သန်းနှင့်အတူလိုက်ပါသွားသည့်ကိုဇော်မင်းလတ်လည်း လက်သီးနှင့်ထိုးခံရကြောင်းသိရသည်။

"ကိုတင်မောင်သန်းက အခြေအနေကို အေးအေးဆေးဆေးမေးနေတာကို ဟိုဘက်က လူစုက ၀ိုင်းပြီး လက်သီးနဲ့ထိုးတာ မျက်နှာကို ထိုးမိသွားတယ်။ ကြီးကြီးမားမားတော့ ထိခိုက်မှု မဖြစ်သွားပါဘူး။ အခုဖြစ်ပွားတဲ့ ကိစ္စအတွက် အဖွဲ့ကြီး ၅-ဖွဲ့က အခု အစည်းအဝေးထိုင်မယ်။ နေပြည်တော်ကိုလည်း စာတင်မယ်။
ပြီးတော့ the voice မှာ ဗလီဆောက်တယ်ဆိုပြီး သတင်းအမှား တင်တယ်။ the voice ကိုလည်း အဲဒါ ပြန်လည်ဖြေရှင်းပေးဖို့ အခု ဆွေးနွေးနေတယ်။ လုပ်သင့်တဲ့ ကိစ္စရပ်တွေကို အခုပဲ လုပ်နေကြပါပြီ"ဟု ယခု ကိစ္စတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

M-Media

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 18, 2013, 08:57:50 PM
Reply #1128
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်

ဖေဖေါ်ဝါရီ ၁၈ ရက်နေ့ထုတ် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာများမှာ မြန်မာ အလံလွှင့်ထူထားတဲ့ MV HARITA BAUXITE သဘောင်္ ဖေ ၁၇ ရက်နေ့ ဖိလစ်ပိုင်ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုတ်ခဲ့ရ တစ်ဦးသေဆုံး၊ ၁၄ ဦးပျောက် ဆုံးနေကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှူးဦးစီးဌာနက စိစစ်စုံစမ်းခဲ့ရာ သဘောင်္မှာ မြန်မာသဘောင်္င်္သားများပါသော်လည်း မြန်မာ အလံလွှင့်ထူထားတာမဟုတ်ဘဲ ပနားမားနိုင်ငံအလံလွှင့်ထူထားတာဖြစ် ကြောင်းသိရပါတယ်။

သဘောင်္မှာ မြန်မာသဘောင်္သား ၂၄ ဦးပါတဲ့အနက် ကိုးဦးကို ကယ်တင် နိုင်ပါတယ်။ တစ်ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးနေကြောင်း ၀န်ကြီးဌာနက သတင်းပေးပို့လာပါတယ်။

ကယ်ဆယ်၊ သေဆုံး၊ ပျောက်ဆုံးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ဖြန်သတင်းစာများမှာလည်းဖော်ပြပေးပါ့မယ်။

Ye Htut

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 18, 2013, 09:00:36 PM
Reply #1129
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ ခုနှစ်၊ မတ်လ၊ (၈)ရက်နေ့မှ(၁၀)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင် ပြုလုပ်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

ညီလာခံကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံအခမ်းအနားကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍
ညီလာခံကျင်းပရေးဗဟိုကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့သည်။

Popular Myanmar News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 18, 2013, 09:12:33 PM
Reply #1130
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့

ကချင်အရေးနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းပြင်းထန်ထန်ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ
ဆွေထံသို့ ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်စာကို ဖေဖော်ဝါရီလ 11 ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ တိုက်မှ ပေးပို့ခဲံခြင်းဖြစ်ပြီး စာပေးပို့သူ အမည်နာမည်ကို ကချင်ဘင်လာဒင် ဟု ရေးသားထားသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင်အမျိုးသားတစ်ဦးအနေနဲ့ ရာသက်ပန်ရန်သူ အဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့ သားစဉ် မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူအဖြစ် သတ်မှတ်ထား လိုက်တယ်။” ဟု ပါရှိကြောင်းလည်း သိရသည်။

Messenger News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 18, 2013, 09:31:32 PM
Reply #1131
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ

မန္တလေးမြို့တွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာစကား မတတ်သော လူမျိုးများ တရားမ၀င် နေထိုင်ကြသည်ကို စတင် စိစစ် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းကပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျှက်ရှိပြီး စိစစ်အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်များသည် တရားဝင်ထုတ်ပေးထားခြင်း ရှိ၊ မရှိအပါအ၀င် တရားမ၀င်နေထိုင်မှုများကို ၀န်ကြီးဌာနမှ ရုံး လက်ခံမှတ်တမ်းများနှင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးမှုများအရ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်သိမ်းဆည်းပြီး လက်မှတ်ထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ၊ ၀န်ထမ်းများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။

“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကို
လည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စု
စာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င်နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှု
များအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက်
နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်” ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။

မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကမူ မန္တလေးတွင် မြန်မာစကား မတတ်သော လူမျိုးခြားများ တရားမ၀င် ၀င်ရောက် နေထိုင်မှုများ အများအပြားရှိနေပြီး အထူးသဖြင့် တရုတ်အနွယ်ဝင် အများစုဖြစ်ကြောင်း၊ ယင်းတရုတ် အနွယ်ဝင်များမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ
မြန်မာအမျိုးသားပိုင် နေအိမ်ခြံမြေ တိုက်တာအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများမှာ တရုတ်အနွယ်ဝင်များလက်ထဲသို့ ရောက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။

“မန္တလေးမှာ တရားမ၀င်နေထိုင်မှု သေချာပေါက် အများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ အလုံးအရင်းနဲ့ ၀င်လာတယ်။ အလုံးအရင်း
ဝင်လာတာက အချို့က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ၀င်လာတယ်။ တချို့ကလည်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ချိတ်ပြီးဝင်လာတာ။ တရုတ်တွေပါ။ များသောအားဖြင့် ယူနန်ဘက်က ဟာတွေများတာပဲ။ မန္တလေးရဲ့ လက်ရင်း မြန်မာ အမျိုးသားပိုင် စီးပွားရေး၊ အိမ်ယာတွေ ကုန်ပြီဗျ။ မြေတွေလည်းကုန်ပြီ။ ဒီအချိန်ကျမှ အရေးယူမယ်ဆိုတော့ တအား နောက်ကျနေပြီ။ မြန်မာအမျိုးသားတွေ ပိုင်တဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ရေမြေကို အကာကွယ်ပေးတာ၊ အထောက်ကူပေးတာ
တွေရှိသင့်တယ်။ တရားမ၀င် နေထိုင်မှုတွေနဲ့ အလုံးအရင်း ဖြစ်လာတာက အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတွေကြောင့် အများဆုံးပဲပေါ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး နောက်ကွယ်ကနေ ၀င်တာတွေလည်း အများကြီးပဲ။ ကိုးကန့်တံဆိပ် တပ်ထားတဲ့ တရုတ်၊ ၀တံဆိပ်ထားတဲ့ တရုတ်တွေချည်းပဲ” ဟု ဆရာဆူးငှက်က ဆိုသည်။

ချမ်းအေးသာဇံမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်တင်တင်မာကမူ တရားမ၀င် နေထိုင်မှုများကို အရေးယူရန်မှာ တိကျသေချာမှုနှင့် စေ့စပ်မှု အရေးကြီးသည်ဟု ပြောသည်။

“မန္တလေးမှာက တရုတ်ကိုးကန့်စပ်တွေ၊ ကိုးကန့်တွေ၊ ၀တွေပေါ့၊ တချို့သူတွေက မြန်မာစကားကို ရေရေလည်လည်ကို မတတ်ဘူး။ အဲဒါမျိုးတွေ တော်တော်လေး ရှိတယ်။ တရုတ်အနွယ်ဝင် တော်တော်များများက ချမ်းသာကြတယ်၊ မြန်မာတွေက မချမ်းသာကြဘူး။ မန္တလေးမြို့လယ်ခေါင်မှာက သူတို့တွေချည်းပဲ။ အိမ်ကောင်းနေရာကောင်း ဆိုရင် သူတို့ဟာတွေချည်းပဲ။ တရားမ၀င် နေထိုင်မှုတွေကို ဖော်ထုတ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ အသေးစိတ် စေ့စေ့စပ်စပ်
ဖော်ထုတ် မယ်ဆိုရင်တော့ ဖော်ထုတ်လို့မြန်မှာပါ။ သေသေချာချာ လုပ်ဖို့လိုပါတယ်” ဟု ဒေါ်တင်တင်မာက ဆိုသည်။

မန္တလေးတွင်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့်လည်း တရားမ၀င်နိုင်ငံသားကတ် ရရှိထားမှုများ၊ တရားမ၀င် နေထိုင်မှုများ ကို စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများကို တရားဝင် အမြဲတမ်းနေထိုင်ခွင့်ပေးမည့် PR စနစ်ကိုလည်း အကောင်အထည်ဖော်လျက်
ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၏ အဆိုအရ သိရှိရသည်။

ဧရာဝတီ

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 10:44:47 PM
Reply #1132
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၁၁/၂၀၁၃)

၁၃၇၄ ခုနှစ် ၊ တပို့တွဲလဆန်း ၉ ရက်

(၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်)

ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Yangon Media Group

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 10:47:23 PM
Reply #1133
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
လက်ပန်းတောင်းတောင် ဒဏ်ရာရ ကိုရင် ဆေးရုံက ဆင်းပြီ

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းရာမှာ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကင်းမောင်းဂွတ် စစ်ဆေးရုံကြီး မှာ ဆေးဝါးကုသမှုခံနေရတဲ့ အရှင်သဇ္ဖနကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ကိုရင်အရှင်သဇ္ဖနရဲ့ ခြေသလုံးတွေမှာရရှိခဲ့တဲ့ ဒဏ်ရာကို ပေါင်အရေပြားကနေ အစားထိုးကုသခဲ့ရာမှာ သက်သာလာတာ ဖစ်တဲ့အတွက် ဆေးရုံကဆင်းလို့ရပြီလို့ ပြောတာဖြစ်ကြောင်း မနေ့က သွားရောက်တွေ့ဆုံခဲ့တဲ့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဦးမျိုးတင့်က ပြောပါတယ်။

“မနေ့က ဆရာဝန်နဲ့ ကျနော်တွေ့ခဲ့တယ်၊ ကိုရင်လေးအခြေအနေက ကောင်းပါပြီတဲ့၊ ကိုရင်လေးကိုလည်း ကြည့်ခဲ့တယ်၊ ခြေထောက်က အခုတော်တော်လေး ကောင်းသွားပြီ၊ အဲဒီအခါကျတော့ သူတို့ကဆင်းလို့ရပါပြီတဲ့ အဲဒီလိုဆိုရင် ကျနော်တို့က သက်ဆိုင်ရာအဆင့်ဆင့်ကို ကျနော်တို့က သတင်းပို့ဖို့ရှိပါတယ်၊ အဲဒီတော့ ခင်ဗျားတို့ စနစ်တကျနဲ့ စာလေးကျနော်တို့ဆီ တရားဝင်ပို့ပေးပါလို့ ကျနော်ပြောထားခဲ့တယ်၊ ပြောထားခဲ့တော့ ခုချိန်ထိကတော့ သူစာမပို့သေးဘူးဗျ”

ဆေးရုံက ဆင်းလို့ရပြီဖြစ်တဲ့အတွက် မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံခြားရေးဌာနတို့ကို ဆက်လက်အကြောင်းကြား လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်လို့လည်း သံမှူးကြီးက ပြောပါတယ်။

ကိုရင်သဇ္ဖနရဲ့ ဒဏ်ရာကို မြန်မာပြည်မှာပြန်ပြီး ဆက်လက်ကုသလို့ရတဲ့ အနေအထားကြောင့် ဆေးရုံက ဆင်းခိုင်းတာဖြစ်ပါတယ်လို့လည်း ကိုရင်ကို အနီးကပ်စောင့်ရှောက်နေတဲ့ အရှင်တေဇောသာရက အခုလိုမိန့်ပါတယ်။

“ဆင်းလို့တော့ရပြီပေါ့နော်၊ ဒါပေမယ့် ဒဏ်ရာက အလျဉ်းကြီးတော့ မပျောက်သေးဘူး၊ ဟိုမှာဆေးရုံမှာထားရင် ကောင်းမယ်ပေါ့နော်၊ ဆေးရုံတစ်ရုံရုံမှာ ပြန်ထားရမယ် သူ့ကိုလေ့ကျင့်ခန်း လုပ်ရမယ်ပေါ့နော်၊ အခုဒီမှာလည်း လေ့ကျင့်ခန်း လုပ်ဆဲပေါ့၊ မပြန်ခင်ကြားထဲမှာတော့ သူတို့ကတော့ ပတ်တီးကဖြေပေးမလား မဖြေပေးဘူးလား မပြောတတ်ဘူးဗျ ဦးဇင်းလည်း၊ ကိုရင်က ဆေးရုံက ဆင်းလို့ရှိရင် ပိုးသတ်ဆေး ကာကွယ်တဲ့အကျီ င်္ဝတ်ရမယ်၊ အဲဒီအကျီ င်္က သူတို့နိုင်ငံခြားက မှာရတာလို့ပြောတယ်၊ ဒီထိုင်းနိုင်ငံမှာ မရဘူးလို့ပြောတယ်၊ အဲဒါကို တနှစ်ဝတ်ရမယ် လာမယ့်သောင်္ကြာနေ့ အဲဒီအင်္ကျီရမယ်”

ကိုရင်ဟာ မြန်မာပြည်ကို ဖေဖေါ်ဝါရီလ ၂၅ ရက်လောက်မှာ ပြန်ကြွဖို့ ရည်ရွယ်ထားပြီး၊ ပြန်ကြွရင် မန္တလေးကို တိုက်ရိုက်သွားပြီး သီတဂူဆရာတော် ဆေးရုံကြီးမှာ ဆက်လက်ကုသမယ်လို့လည်း အရှင်တေဇောသာရက မိန့်ပါတယ်။

ကိုရင်သဇ္ဖနနဲ့အတူ ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော်ဦးတိက္ခညာဏကတော့ ဆက်လက်ကုသနေဆဲ ဖြစ်ပါတယ်။

RFA Burmese

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 10:54:33 PM
Reply #1134
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဒေါက်တာစိုင်းမောက်ခမ်း မြ၀တီသွားရင် ဘာသံကြားရမလဲ

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြ၀တီခရိုင်သို့ မနက်ဖြန် လာရောက်မည်ဆိုသည့် သတင်းကြောင့် ဒေသခံတချို့က
မြေယာ မတရား သိမ်းခံရယူမှုများ နှင့် တခြားအခက်အခဲများအကြောင်း ရင်ဖွင့်ရန် ပြင်ဆင်နေကြသည်။

မြေနီကုန်းရပ်ကွက်တွင် နေထိုင်သည့် မလေးက -“ ကျွန်မတို့ရဲ့မြေတွေ သိမ်းပြီး အိမ်တလုံးစာဘဲ ပြန်ပေးတယ်။ ကျန်တာတွေကိုအကွက်ရိုက်ပြီး သူတို့ပြန်ရောင်းစားတယ်။ ဒီလို မတရားလုပ်တာကို မနက်ဖြန် မြ၀တီမှာလုပ်မဲ့ ဒုသမ္မတနဲ့လူထုတွေ့ဆုံပွဲကို တက်ခွင့်ရရင် တင်ပြမယ်” ဟု ဧရာဝတီကိုပြောသည်။

မြေသိမ်းခံရသူ နောက်တဦးဖြစ်သည့် မ၀င်းက “မြေနီကုန်းမှာ ကျွန်မမြေက ပေ ၂၀၀xပေ ၆၀ ပတ်လည် ရှိတယ်။ အဲဒါကိုသိမ်းပြီး
ပေ ၃၀x၆၀ ပဲ ပြန်ပေးတယ်။ ရပ်ကွက်ထဲမှာ သူတို့ အဲလိုလုပ်တာအိမ်ခြံမြေဧက ၃၀ ကျော်တယ်။ အိမ်ခြေက ၄၇ လုံးရှိတယ်။ ပြောမယ် ဆိုတာက တနယ်လုံးမှာ မတရား လယ်ယာမြေ အသိမ်းခံနေရတဲ့လူတွေအတွက် ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီကြီးတခုမှအဖွဲ့ဝင်တဦးကလည်း

- မြ၀တီခရိုင်အတွင်း ဖြစ်ပွားနေသည့် လယ်ယာမြေကိစ္စ အပါအ၀င် မြ၀တီနှင့်ထိုင်းဘက်ခြမ်း မဲဆောက်တွင်မြန်မာအလုပ်များ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် မတရားခေါင်းပုံ ဖြတ်ခံရမှုများ၊နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ်အတွင်းရှိ ရေလယ်ကျွန်းတွင် ဒုစရိုက်သမားတို့ အုပ်စုဖွဲ့ လှုပ်ရှားပြီး နေရပ်ပြန် မြန်မာအလုပ်သမားများ
အပေါ် အနိုင်ကျင့်ဗိုလ်ကျမှု စသည့် ကိစ္စရပ်များကို ဖြေရှင်းပေးရန်ဒု သမ္မတကိုတောင်းဆိုမည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း မြေယာ အသိမ်းခံရသူများ၏ အဆိုအရ မြေသိမ်းမှု အများစုအတွက် တာဝန်ရှိသူမှာ နယ်ခြား
စောင့်တပ်အမှတ် ၁၀၂၂ ဖြစ်ကြောင်း၊ အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ ဖားကျောင်းဒေသများတွင် ဧက ၆၆၀ ခန့်၊ ဝှေ့ ရှမ်းအရပ်တွင်ဧက
၄၀၀ ကျော်ရှိကြောင်း ပြောသည်။

နယ်ခြားစောင့်တပ်ရဲ့ တုံ့ပြန်ချက် -ထိုသို့ ပြောဆိုမှုများနှင့်ပတ်သက်၍အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်မှ တပ်မှူးတဦးက - “ ဒီလူတွေ ပေါက်ကရတွေ လျှောက်ပြော
နေတာပါ။ ကျွန်တော်တို့က လူထုပိုင် လယ်ယာမြေတွေကိုဘယ်တော့မှ မတရား မလုပ်ဘူး။ တရားဥပဒေရှိပါတယ်” ဟုပြောသည်။

မနက်ဖြန်စတင်မည့် ခရီးစဉ်တွင် ဒုသမ္မတစိုင်းမောက်ခမ်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြ၀တီ ကုန်သွယ်ရေး ဇုန်၊ အထက်တန်းကျောင်း၊ မြို့နယ်ဆေးရုံကြီးတို့ကိုလေ့လာမည်ဖြစ်ပြီး ၎င်းနောက် ဒေသခံလူထုများနှင့် တွေ့ဆုံမည်ဟု မြ၀တီခရိုင်မှ အစိုးရ၀န်ထမ်းတဦးကပြောသည်။

ဧရာဝတီ

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 10:57:37 PM
Reply #1135
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပပေရေးရာနှင့်ထူးခြားဖြစ်စဉ်များ လေ့လာစီစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မောင်မြင့်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။

7Day News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 11:01:58 PM
Reply #1136
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
လက်ပံတောင်းတောင် မီးဘေး ဒုက္ခသည် များကို ဝမ်ပေါင် ကုမ္မဏီ ငွေကြေး ထောက်ပံ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး မိုးကြိုးပြင် မြောက်ရွာမှ မီးဘေး ဒုက္ခသည် များကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅သိန်းစီ မြန်မာဝမ်ပေါင် ကုမ္မဏီက ထောက်ပံ ခဲ့ကြောင်း ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဒု ဦးစီးမှူး နှင့် ဒေသခံ ရွာသား များက ပြောကြားသည်။

မိနစ် ၄၀ခန့်လောင်ကျွမ်း ခဲ့သော မီးလောင်မှု တွင် အိမ်၈လုံး၊ နွားစာတဲ တစ်လုံးနှင့် မီးဖိုဆောင် တစ်ဆောင် ဆုံးရှုံး ခဲ့ရပြီး၊ နွားစာတဲ နှင့် မီးဖိုဆောင် ဆုံးရှုံးသူ နှစ်ဦး ကိုလည်း ငွေကျပ် တစ်သိန်းစီ ဝမ်ပေါင် ကုမ္မဏီက ထောက်ပံ ပေးအပ် ခဲ့ကြောင်း မီးဘေးသင့်သူ များအား ကူညီ စောင့်ရှောက် ပေးနေသူက ပြောကြားသည်။

"မီး စလောင်တဲ့ အချိန်မှာ ရွာက လူတွေ ဝိုင်းပြီး ငြိမ်းတာ မီးအားက ပြင်းတော့ မနိုင်ဘူး၊ ဝမ်ပေါင်က မီးသတ်ကား က ရွာနဲ့နီးတော့ အရင်ဆုံး ရောက်လာတယ်၊ နောက်မှ ဆားလင်းကြီး မီးသတ်ကား ရောက်လာတယ်၊ မီးသတ် ကားတွေ ရောက်လာ ပြီးမှ နိုင်တော့တာ" ဟု မိုးကြိုးပြင် မြောက်ရွာမှ ရွာခံ တစ်ဦးက ပြောကြားသည်။

မီးဘေးသင့် အိမ်ထောင်စု များကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ကျပ်တစ်သိန်း နှုန်းစီ ထောက်ပံ့ ပေးခဲ့ပြီး မုံရွာ မြို့ပေါ်မှ ပါတီများ၊ လူမှုရေး အသင်း အဖွဲ့များ၊ စေတနာရှင် များမှလည်း ဆန်အိတ်များ အဝတ်အထည် များနှင့် အသုံးအဆောင် ပစ္စည်း များအား လာရောက် လှူဒါန်း ကြကြောင်း မီးဘေးသင့် ဒုက္ခသည် တစ်ဦးက ဆိုသည်။

ကြေးနီ စီမံကိန်း အနီးရှိ မိုးကြိုးပြင် မြောက်ရွာတွင် ဖေဖော်ဝါရီလ ၁၅ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ် အချိန်က ဖြစ်ပွား ခဲ့သည့် အဆိုပါ မီးလောင်မှုတွင် အိမ်၈လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူပေါင်း ၄၃ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဆားလင်းကြီး မြိုနယ် မီးသတ် ဦးစီးဌာန ထံမှ သိရသည်။

The Voice Weekly

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 11:08:46 PM
Reply #1137
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်

တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလမှစ၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အကျင့်ပျက် ရဲဝန်ထမ်းအဖြစ် သက်မှတ်ခံရပြီး ထုတ်ပယ်ခဲ့သည့် ရဲဝန်ထမ်းများတွင် ရဲအရာရှိ ၉၀၇ ဦးပါဝင်ပြီး အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၃၆၃ ဦး ပါဝင်သည်။ ရာထူးချခံရသည့် ရဲအရာရှိ ၁၄၄ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၂၁ ဦး တို့ရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထုတ်ပယ်ခြင်းနှင့် ရာထူးချခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လာဘ် ငွေ တောင်းခံရယူမှု၊တရားခံ သေဆုံးမှု၊ အမှုကြန့်ကြာမှု၊
မူးယစ် စည်းကမ်းဖောက်ဖျက်မှု၊တာဝန် ပေါ့လျော့/ပျက်ကွက်မှု၊ လူမှုရေး ဖောက်ပြန်မှု၊ အထက်အရာရှိအား အနိုင်အထက်ပြုမှု၊ တရားခံထွက်ပြေးမှု၊ ပြည်သူအား ညှဉ်းပန်းနှိပ်စက်မှု၊ အမှုမဖွင့် ပေးမှု၊ လုပ်ထုံးလုပ်နည်းနှင့် မညီဆောင်ရွက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲလုပ်ငန်း အားနည်းမှု၊ လက်အောက်ငယ်သားအား ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးကြပ်မှု အားနည်းမှု၊ ခိုးမှုနှင့် ရဲပြေးမှု အစရှိသည့် ပြစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။

ထို့ပြင် သတိပေးစာ ထုတ်ပေးထားသည့် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေပြီး ထပ်မံကျူးလွန်ပါက အကျဉ်းနည်းနှင့် ရဲတရားရုံးများတွင် စစ်ဆေးပြီး
ပြစ်ဒဏ်များ ချမှတ်သွားမည်ကြောင်း ထုတ်ပြန်ဖြေကြားချက်တွင် ပါဝင်သည်။ အကျဉ်းနည်းဖြင့် စစ်ဆေးနိုင်သော ပြစ်ဒဏ်များမှာ ရဲအချုပ်တွင် ထောင်ဒဏ်သုံးလ၊ ၀န်ထမ်းမှ ထုတ်ပယ်ခြင်း၊ ရာထူးမှ ရပ်စဲခြင်း၊ ရာထူးအဆင့် လျော့ချခြင်း၊ လစာနှုန်းအတွင်း လစာလျော့ချခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့် လစာပေးလျော်စေခြင်းတို့ ဖြစ်သည်။

ထို့ပြင် ရဲတရားရုံးတွင် စစ်ဆေးပြီး ချမှတ်နိုင်သော ပြစ်ဒဏ်များမှာ သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်များ၊ ၀န်ထမ်းအဖြစ် ထုတ်ပယ်ဒဏ်၊ ရာထူးအဆင့်လျော့ဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်လျော့ဒဏ်နှင့် လစာမှ ပေးလျော်ဒဏ်တို့ ပါဝင်ကြောင်း သိရသည်။ ထိုသို့ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်နယ်နှင့် တိုင်းများရှိတပ်ဖွဲ့၊ တပ်ရင်းနှင့်
ကျောင်းများမှ ပြစ်မှုကျူးလွန်၍ ထုတ်ပယ်ခံရသူ ၁၄၄ ဦး၊ သတိပေးခံရသူ ၁၅၉၅ ဦး၊ ရာထူးတစ်ဆင့် လျော့ချခံ ၄၆၅ ဦးတို့ ရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံ ရဲဌာနချုပ်သို့ တရားဝင် တိုင်ကြားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော် ရှိသည်ဟု သိရသည်။

Eleven Media Group

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 19, 2013, 11:12:46 PM
Reply #1138
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
တိုင်ကြားရန် ဖုန်းနံပါတ် မှားယွင်းနေသဖြင့် ပြန်လည်ပြင်ဆင်အသိပေး

Popular Myanmar News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 20, 2013, 10:42:32 PM
Reply #1139
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ ၏ ပူးတွဲကြေငြာချက်

ခွန် ဒီးယမ် FB

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 20, 2013, 10:50:51 PM
Reply #1140
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ချင်းအမျိုးသားနေ့ အပေါ်သူတို့ ၏ မှတ်ချက်စကားများ

Chin World News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 22, 2013, 08:35:47 PM
Reply #1141
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
လက်ပံတောင်းတောင် စီမံကိန်းစတင်ရန် ယာဉ်ကြီးများပို့ဆောင်

The Voice

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 23, 2013, 10:58:51 PM
Reply #1142
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
အင်းစိန် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် နဲ့အောင်ဆန်းပန်းခြံ ပြုပြင်ရေး ဆွေးနွေး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ စက်မှုလက်မှု အထက်တန်းကျောင်းဝင်းထဲမှာ ပြုပြင်မွမ်းမံခဲ့ခြင်းမရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနဲ့ ဗိုလ်ချုပ်အောင်ဆန်းအမည်တပ်ထားတဲ့ ပန်းခြံကို ပြန်လည်ပြုပြင်ဖို့အတွက် ဒီကနေ့အကြိုညှိနှိုင်းဆွေးနွေးပွဲကို အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက်မှာ ကျင်းပခဲ့ပါတယ်။

နှစ်ပေါင်း (၅၀) ကျော်ပြီဖြစ်တဲ့ အဲဒီကြေးရုပ်ထုနဲ့ ပန်းခြံကို ပြုပြင်တာဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကို အမျိုးသားရေး စိတ်ဓာတ်နိုးကြားစေဖို့နဲ့ ဗိုလ်ချုပ်ကိုလည်း အမြဲအမှတ်ရစေနိုင်ဖို့ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်းခြံ ပြုပြင်ရေးကော်မတီ(ယာယီ)ရဲ့ အတွင်းရေးမှူး ကိုတင်လှိုင်က RFA ကို ပြောပါတယ်။

အခုလိုပြုပြင်မွမ်းမံဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းခြံကို စက်မှုလက်မှုအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းအုပ်ဆရာ ဦးမြတ်ကိုရဲ့ ခွင့်ပြုချက်ကို ဒီလ (၂၂) ရက်နေ့က ခွင့်ပြုချက် တောင်းခံထားတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်နဲ့ ဗိုလ်ချုပ်အောင်းဆန်းရဲ့ ပန်းခြံကို (၁၉၆၀) ပြည့်နှစ်မှာ ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်ကိုယ်တိုင် ဖွင့်လှစ်ခဲ့တာပါ။

RFA

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 23, 2013, 11:14:03 PM
Reply #1143
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ကျန်းမာရေးအဆင့်အတန်းမြှင့်နိုင်ဖို့  NLD ကျန်းမာရေးကော်မတီဖွဲ့

မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာဖို့  ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကော်မတီကို ဦးဆောင်ကော်မတီဝင် ၅ ဦးနဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

ကော်မတီမှာ ဒေါက်တာတင်မျိုးဝင်းကို ဥက္ကဌ အဖြစ်တာဝန်ပေးပြီး ဗဟိုဦးစီးဆုံးဖြတ်ချက်နဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာလိုက်တာလို့  ဗဟိုဦးစီးအဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က RFA ကို ပြောပါတယ်။

ဒီနေ့ မှာတော့ ကျန်းမာရေး ကော်မတီလက်အောက်မှာ ကွန်ယက်ဖွဲ့စည်းလိုက်ပြီး နိုင်ငံအနှံ့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေး ကွန်ရက်ရံပုံငွေပွဲကို ဧပြီလ ၆ ရက်နေ့ မှာ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လက်ခံမယ်လို့ ဆိုပါတယ်။

RFA

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 24, 2013, 12:05:45 PM
Reply #1144
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်အတွင်း မီးလောင်မှုမြင်ကွင်း

၂၃.၂.၂၀၁၃ ည ၁၁း၃၀ အချိန်တွင် မွန်ပြည်နယ် ဖက်တန်းရပ်ကွက် ၀င်းကမ္ဘာ ပလပ်စတစ် ဆိုင်မှ စတင်လောင်ကျွမ်းပြီး မနက် (၂း၀၀) အချိန် မီးကို ထိန်းနိုင်ခဲ့ပါသည်၊၊ဆိုင်ခန်းအတွဲ၂တွဲ (ဆိုင်ခန်းပေါင်း ၄ ခန်း)၊သုံးထပ်တိုက် အပေါ်ထပ် ဆုံးရှုံးခဲ့ပါသည်၊၊

ကျီးကန်း(လွတ်လပ်သော တောင်ပံခတ်သံ)

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 24, 2013, 03:18:09 PM
Reply #1145
  • Newbie Customer
  • *
  • Thank You
  • -Given: 62
  • -Receive: 50
  • Join Date: 16 Mar 2012
  • Posts: 11
  • Credit : 181 $
  • View Inventory
  • Send $/Gift
  • Gender: Male
တပ်မတော်နှင့် SSPP/SSA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ဦးအောင်မင်း ပြောကြား

    Created on Sunday, 24 February 2013 13:36

AddThis Social Bookmark Button

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် အောက်ခြေအဆင့်ရှိ တပ်များအကြား အမြင်လွဲမှား မှုကြောင့်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပျက်နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၃ ရက်က ရန်ကုန်မြို့ရှိMyanmar Peace Center တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂ဝ ရက်နေ့များတွင် တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အောက်ခြေအဆင့်တွေက အထင်အမြင် လွဲမှားတာပါ။ မနေ့ကလည်း တိုက်ပွဲတွေ မဖြစ်ပါဘူး။ ဒီနေ့လည်း မရှိတော့ဘူး။ အောက်မှာရှိတဲ့ တပ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ တခြားနိုင်ငံတွေမှာလည်း အောက်ခြေမှာ ဖြစ်နေကြတာပဲ။ ဒါကိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမ ပျက်နိုင်ပါဘူး''ဟု ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း ''အပစ်အခတ် ရပ်စဲရေးဆိုတာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အခြေခံပါ။ သနတ်တွေ ကိုင်ထားပြီး စကားပြောရတာ ခက်တယ်လေ။ အပစ်အခက် ရပ်စဲပြီးနောက်ပိုင်း ဆက်ပြီးဆွေးနွေးရမှာတွေက အများကြီး။ အပစ်အခတ် ရပ်စဲပြီးမှ အောက်ခြေက ဖြစ်တက်ပါတယ်။ သေနတ်ကိုင်ထားတဲ့ အဖွဲ့တွေ ဖြစ်နေတော့ ဒါတွေကထပ်ပြီးတော့ ညှိနှိုင်းရမယ့် ကိစ္စတွေပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အလှည့်ကျ ဆွေးနွေးနေတာပါ'' ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂ဝ ရက်က ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ နိုင်ငံရေးအကြို ဆွေးနွေးပွဲ ပြုလုပ်စဉ် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအား ဆွေးနွေးပွဲတွင် အဓိကအနေဖြင့် ဆွေးနွေးခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းမှတစ်ဆင့် တိုက်ပွဲများ လျော့ကျလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားထားသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) သည် UNFC အဖွဲ့တွင် ပါဝင်ပြီး အစိုးရနှင့် SSPP/SSA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင်းက ရရှိခဲ့ခြင်းဖြစ်သည်။

အပစ်အခတ် ရပ်စဲရေး ရရှိပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်း နှစ်ဖက်တပ်များအကြား ထိတွေ့မှု အကြိမ် ၅ဝ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။
http://www.news-eleven.com/politics/18221

February 24, 2013, 03:19:55 PM
Reply #1146
  • Newbie Customer
  • *
  • Thank You
  • -Given: 62
  • -Receive: 50
  • Join Date: 16 Mar 2012
  • Posts: 11
  • Credit : 181 $
  • View Inventory
  • Send $/Gift
  • Gender: Male
မြန်မာနိုင်ငံရှိ တရားရုံးများတွင် DNA စစ်ဆေးပြီး သက်သေ အထောက်အထားယူခြင်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

Sunday, 24 February 2013 13:26
မြန်မာနိုင်ငံရှိ တရားရုံးများတွင် စစ်ဆေးပြီး သက်သေ အထောက်အထားယူခြင်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကျန်းမားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဟုမ္မလင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမေးမြန်းသည့် ''တရားရုံးများတွင် DNA စစ်ဆေးပြီး သက်သေ အထောက်အထား ယူခြင်းကို ခွင့်ပြုထားခြင်း ရှိ၊ မရှိ ''မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ''မျိုးရိုးဗီဇ စစ်ဆေးချက် DNA ကို သက်သေခံချက်အဖြစ် တရားရုံးများက အသုံးပြုနိုင်ဖို့အတွက် DNA စစ်ဆေးနိုင်တဲ့ ဌာန၊ အဖွဲ့အစည်း တစ်ရပ် ရှိဖို့လိုအပ်ပြီး မျိုးရိုးဗီဇ အငြင်းပွားချက်နှင့် စပ်လျဉ်း၍ ၄င်းဌာန၊ ၄င်းအဖွဲ့အစည်းရဲ့ DNA စစ်ဆေးချက်ကို တောင်းခံရယူနိုင်ကြောင်း သတ်မှတ်ထားရှိရန် လိုအပ်မှာ ဖြစ်ပါတယ်။ သို့မှသာ အဆိုပါဌာန၊ အဖွဲ့အစည်းရဲ့ DNA စစ်ဆေးတွေ့ရှိချက်ကို တရားရုံး အမှုများမှာ ဥပဒေနှင့်အညီ ကျွမ်းကျင်သူရဲ့ စစ်ဆေးတွေ့ရှိချက် အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ DNA စစ်ဆေးနိုင်တဲ့ဌာန၊ အဖွဲ့အစည်းများ တည်ထောင် ဖွဲ့စည်းထားခြင်း ရှိပါက ယင်းဌာန၊ အဖွဲ့အစည်းများ၏ DNA စစ်ဆေးချက်အား သက်သေခံချက်အဖြစ် တရားရုံးများမှာ အသုံးပြုနိုင်ပါမယ်'' ဟု ပြောကြားခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ''ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသား ဓာတ်ခွဲဌာနဆိုတာ ရန်ကုန်မြို့မှာ ရှိပါတယ်။ ဒါကျွန်တော်တို့ နိုင်ငံရဲ့ Reference လည်း ဖြစ်ပါတယ်။ ဒီဌာနအနေနဲ့ DNA ကိုလည်း စစ်ဆေးနိုင်တဲ့ Capacity ရှိပါတယ်။ စစ်ဆေးလည်း စစ်ဆေးပေးနေပါတယ်။ ဒီနေရာမှာ တရားဝင် စစ်ဆေးခွင့် ဖြစ်သွားဖို့အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တရားလွှတ်တော်ချုပ်တို့ ဆက်လက်ညှိနှိုင်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က DNA နှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့မှာတော့ လက်ရှိအနေနဲ့ ဆောင်ရွက်ထားခြင်း မရှိပေမယ့်လည်း တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်များရဲ့ အရည်အသွေး မြှင့်တင့်ရေး၊ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းအတွက် ကိုလည်း DNA ပတ်သက်ပြီးတော့ စစ်ဆေးနိုင်ရန် အတွက်လည်း စီမံဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်
http://www.news-eleven.com/politics/18218

February 24, 2013, 03:21:08 PM
Reply #1147
  • Newbie Customer
  • *
  • Thank You
  • -Given: 62
  • -Receive: 50
  • Join Date: 16 Mar 2012
  • Posts: 11
  • Credit : 181 $
  • View Inventory
  • Send $/Gift
  • Gender: Male
မြန်မာနိုင်ငံတွင် လွှတ်တော်ဆိုင်ရာ အလေ့အထများ အားနည်းနေ၍ လွှတ်တော်စွမ်းဆောင်ရည် တိုးတက်စေရေး ကနေဒါ ကူညီမည်
Sunday, 24 February 2013 12:56

မြန်မာနိုင်ငံတွင် လွှတ်တော်ဆိုင်ရာ အလေ့အထများ အားနည်းနေသဖြင့် မြန်မာ့ပါလီမန် (လွှတ်တော်) စွမ်းဆောင်ရည် တိုးတက်စေရေး ကိစ္စရပ်များကို ကနေဒါနိုင်ငံမှ အကူအညီပေးသွားရန် ကတိပြုထားကြောင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကနေဒါပါလီမန် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Deepak Obhrai က ဖေဖော်ဝါရီ ၂၂ ရက်နေ့က မီဒီယာအချို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''ကနေဒါနိုင်ငံဟာ ပါလီမန် ဒီမိုကရေစီနဲ့ နှစ်ပေါင်း ၁၅ဝ လောက်အတွေ့အကြုံ ရှိထားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနဲ့ ပါလီမန် (လွှတ်တော်) ကို တိုးတက်လာစေရေးအတွက် အရည်အသွေးမြှင့်လုပ်ငန်းတွေကို လုပ်ဆောင်ပေးသွားမယ်လို့ ကနေဒါနိုင်ငံက ကတိပြုထားပါတယ်'' ဟု ၄င်းက ပြောသည်။

ကိုယ်စားလှယ် ၁၄ ဦးပါဝင်သော အဆိုပါ ကနေဒါ ကိုယ်စားလှယ်အဖွဲ့တွင် ပါလီမန်အမတ်များ၊ နိုင်ငံရေး အကြံပေးများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။

၎င်းတို့၏ တစ်ပတ်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ အစိုးရကို ယုံကြည်လေးစားလောက်ဖွယ်ဖြစ်အောင် လုပ်ဆောင်ပုံ၊ အတိုက်အခံ ပါတီအနေနှင့် ပွင့်လင်းကောင်းမွန်သော အစိုးရဖြစ်စေရေး လွှတ်တော်အတွင်း မည်သို့ကိုင်တွယ် လုပ်ဆောင်သင့်ပုံ၊ ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်အမတ်များဖြစ်အောင် လုပ်ဆောင်ပုံတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကနေဒါ ပါလီမန် ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်ကို ကနေဒါနိုင်ငံ၏ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဌာန၏ ပံ့ပိုးကူညီမှုဖြင့် Parliamentary Centre မှ စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘီးယာ့ဒ်က အကြံပြုခြင်းဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ လွှတ်တော်ဆိုင်ရာ အလေ့အထက အလွန်အားနည်းနေပါတယ်။ ဥပဒေပြုမှု လုပ်ငန်းဆောင်တာတွေနဲ့ ပါတီစုံရွေးကောက်ပွဲစနစ်သာ ကောင်းမွန်လာမယ်ဆိုရင် ဒီလိုနှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်မှုတွေဟာ တန်ဖိုးရှိစေမှာ ဖြစ်ပါတယ်'' ဟု မစ္စတာဂျွန်ဘီးယာ့ဒ်က ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်သော ထုတ်ပြန်ချက်တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘီးယာ့ဒ်သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် မတ် ၈ ရက်က မြန်မာနိုင်ငံသို့ ဦးဆုံးအကြိမ် လာရောက်ခဲ့သည်။

ကနေဒါနိုင်ငံသည် ၂ဝဝ၇ ခုနှစ်က မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီ ၂၄ ရက်တွင် ပိတ်ဆို့မှုအများစုကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
http://www.news-eleven.com/politics/18215

February 25, 2013, 01:54:13 PM
Reply #1148
  • Super Customer
  • ****
  • Thank You
  • -Given: 324
  • -Receive: 1424
  • Join Date: 21 Apr 2011
  • Posts: 162
  • Credit : 1706 $
  • View Inventory
  • Send $/Gift
  • Gender: Male
မန္တလေးတိုင်းအမရပူရမြို့နယ် ရေသန့်စက်ရုံ မီးလောင်မှုမြင်ကွင်းများ

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ် ဆင်စွယ်ပွတ် ရပ်ကွက်ရှိ ရေသန့်စက်ရုံ တစ်ရုံ၌ ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ ၃နာရီ မိနစ်၂၀ ဝန်းကျင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။
၎င်းမီးလောင်ကျွမ်းမှု ကို ညနေ ၄နာရီ ၁၀မိနစ်တွင် ငြိမ်းသတ် နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းသည့် အကြောင်းရင်းကို တိကျစွာ မပြောနိုင်သေး သော်လည်း စက်ရုံရှေ့ရှိ မီးစက်နှင့် အခြားစက်များ ရှိသည့် ဂိုဒေါင်မှ ဝါယာရှော့ ဖြစ်ကာ လောင်ကျွမ်းသည်ဟု အကြမ်းဖျင်း သုံးသပ်ကြောင်း မီးငြိမ်းသတ်ခဲ့သည့် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

“အဲဒီစက်တွေက မီးတွေက အုံး အုံးနဲ့ ထလောင်တာ၊ ရေနဲ့ငြိမ်းတော့ ပိုလောင်တယ်။ ဘေးနားတိုက်မှာ မီးသတ်ဆေးဘူး ရှိလို့ တော်သေးတာပေါ့” ဟု ဝိုင်းဝန်း ငြိမ်းသတ်ပေးခဲ့သည့် ဒေသခံ တစ်ဦးက ဆိုသည်။

@The Voice

February 26, 2013, 12:44:20 PM
Reply #1149
  • Super Customer
  • ****
  • Thank You
  • -Given: 324
  • -Receive: 1424
  • Join Date: 21 Apr 2011
  • Posts: 162
  • Credit : 1706 $
  • View Inventory
  • Send $/Gift
  • Gender: Male
လ’ အက္ခရာ ယာဉ်ဟောင်းများအပ်နှံခွင့်ရတော့မည်။

ယခုလ ၂၈ ရက်နေ့ ကြာသပတေးနေ့မှ စတင်၍ လ အက္ခရာယာဉ်ဟောင်းများ စတင်၍ အပ်နှံခံနိုင်ပြီဖြစ်ကြောင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှသတင်းရရှိသည်။
ယင်းအပြင် စ၊ဆ၊ဇ၊ဈ၊ည၊ဏ၊ထ၊ဒ၊ဓ၊န၊ပ၊ဗ၊ဘ အက္ခရာများနှင့်လေလံကားများ လည်းအပ်နှံခံနိုင်ပြီး ပိုင်ရှင်သဘောဆန္ဒအရ အပ်နှံလိုသည့် အဌားယာဉ်များလည်း အပ်နှံ၍ အစားထိုးတင်သွင်းခွင့် လျှောက်ထားနိုင်သည်။

ယာဉ်ဟောင်းအပ်နှံရေး စီမံကိန်းကို ၂၀၁၁ခုနှစ်စက်တင်ဘာလတွင် စတင်ခဲ့ပြီး လာရောက်အပ်နှံသည့် ယာဉ်အစီးရေ ၇၅၁၉၈ စီးရှိနေပြီ ဖြစ်ကြောင်းသိရသည်။

@Popular Myanmar