Author Topic: Re: ဒို့တာဝန်အရေး (၃) ပါး သတင်းစုံ (ငြိမ်းချမ်းရေး၊ စစ်ရေး၊ နိုင်ငံရေး) (၂) (Read 7363 times)

0 Members and 1 Guest are viewing this topic.

January 30, 2013, 03:53:55 AM
Reply #325
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2797
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5555 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှုပြစ်ဒဏ်များ ပယ်ဖျက်မည်

29 January 2013
စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက်ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင် ပယ်ဖျက် ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းစဉ် ဒုဝန်ကြီး ဦးသောင်းတင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သော အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေသည် အခန်း ၁၃၊ ပုဒ်မ ၅၂ တွင် ပါဝင်ပြီး အဓိကအားဖြင့် နည်းပညာပိုင်း ပြဋ္ဌာန်းချက် များဖြစ်သည့် အီလက်ထရွန်းနစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ယုံကြည်စိတ်ချမှု ရှိစေရန် သက်သေခံ လက်မှတ်ထုတ်ပေးသည့် ပြဋ္ဌာန်းချက်နှင့် အီလက်ထရွန်းနစ် နည်းပညာအသုံးပြု ကျူးလွန်သည့် ပြစ်မှုများအတွက် ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ အခန်း ၁၂ တွင် ပါဝင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များသည် ခေတ်နှင့် မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သင့်ကြောင်း ဦးသောင်းတင်၏ အဆိုအရ သိရှိရသည်။

“အခန်း ၁၂ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက နိုင်ငံတော်လုံခြုံရေး၊ သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေက ကာကွယ် တားဆီးနိုင်ရေးအတွက် အဓိက ထားရေးဆွဲခဲ့တာဖြစ်တဲ့အတွက် ယနေ့ သတင်းအချက်အလက်ကို ပိုမို ပွင့်လင်းစွာ စီးဆင်းစေချိန် Free flow of Information၊ လွတ်လပ်စွာပြောဆိုခွင့် Freedom of speech တို့ရဲ့ ရှုထောင့်များမှ ကြည့်ပါက ပြင်ဆင်ပယ်ဖျက်ရန် လိုအပ်တဲ့ ပြဋ္ဌာန်းချက်များပါဝင်နေပါတယ်” ဟု ဦးသောင်းတင်က ပြောသည်။

မြန်မာနိုင်ငံတွင် ခေတ်နှင့်လျှော်ညီသော အီလက်ထရွန်းနစ် ဆက်သွယ်ရေးနည်းပညာ ဥပဒေသစ်တရပ် ရေးဆွဲ သွားမည် ဖြစ်ပြီး ဥပဒေသစ် ထွက်ရှိလာပါက ဥပဒေအဟောင်းကို ပယ်ဖျက်မည်ဖြစ်ကြောင်း၊ ဥပဒေသစ် မပေါ်မီ ကာလအတွင်းတွင်မူ ဥပဒေတွင် ပါဝင်နေသည့် ပြစ်မှုပြစ်ဒဏ်များကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း ဦးသောင်းတင်က ဆိုသည်။

အီလက်ထရွန်းနစ်ဥပဒေ၊ အခန်း ၁၂ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပုဒ်မ ၃၃ တွင် နိုင်ငံတော် လုံခြုံရေးထိပါးစေသော အီလက်ထရွန်းနစ် နည်းပညာ အသုံးပြုမှုများအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်း ထားပြီး ယင်းဥပဒေဖြင့်ပင် ၈၈ မျိုးဆက်ကျောင်းသားများ၊ သတင်းသမားများ အပါအ၀င် ဒီမိုကရေစီအရေး၊ နိုင်ငံရေး ပါဝင်လှုပ်ရှားသူများကို စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ဦးသောင်းတင်၏ တင်ပြချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က သဘောတူညီခဲ့ပြီး အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်းနစ်ဥပဒေကို ပြင်ဆင်ပယ်ဖျက်မည့် အပေါ် ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ကြသည်။

သမဂ္ဂဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ကိုဇော်သက်ထွေးက “ကျနော့်ကို ထောင်ချတုန်းက အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃ (က) အရ အီးမေးလ် တစောင်အတွက် ထောင် ၁၅ နှစ်ချတယ်။ အဲဒီလိုပဲ ၈၈ ကျောင်းသား ခေါင်းဆောင်တွေကိုလည်း အီးမေးလ်တစောင်ကို ထောင်ဒဏ် ၁၅ နှစ်နဲ့ အီးမေးလ် ၄စောင် အတွက် ထောင်ဒဏ် နှစ် ၆၀ ချခဲ့တယ်။ အခု ဒီဥပဒေကို ပြင်ဆင်တော့မယ်၊ အသစ်ရေးဖို့ လုပ်နေပြီဆိုတော့ ဒီမိုကရေစီကို ဦးတည်တဲ့၊ ကောင်းတဲ့ အခြေအနေတွေ ဖြစ်ထွန်းနေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက် အမှတ် ၅/၂၀၀၄ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ွှThe Irrawaddy News

 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 31, 2013, 09:43:11 PM
Reply #326
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ.က.သ)များ ၏ တရားဝင်ရပ်တည်ရေးဆိုင်ရာ သဘောထားကြေငြာချက်

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 01, 2013, 09:24:42 PM
Reply #327
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
KIO / KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၆/၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်

(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)

၁။ KIO ဗဟိုကော်မတီမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ကို သိရှိရသည်။

၂။ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့်လည်း အများပြည်သူ လိုလား တောင့်တနေသည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေးအနက် ယုံကြည်ထားသည်။

၃။ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KIO / KIA အဖွဲ့တို့ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီ လုပ်ဆောင် ကြိုးပမ်းနေမှုများကို အသိအမှတ်ပြု ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်၍ KIO / KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

Yangon Media Group

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 01, 2013, 09:28:55 PM
Reply #328
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ကချင် ပြည်နယ် ငြိမ်းချမ်းရေး ဝင်ရောက် လုပ်ကိုင်ရန် ဆန္ဒရှိ ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကချင် ပြည်နယ် အတွင်း တပ်မတော် နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွား နေသည့် ပြဿနာရပ် များကို ဖြေရှင်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဆန္ဒ ရှိကြောင်း သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ကျင်းပသည့် လွှတ်တော် သက်တမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် မီဒီယာ များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

"လွှတ်တော် ပြင်ပမှာ ဆောင်ရွက် ရမယ့် ဟာက ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်း ပြောရမယ့် ကိစ္စလို့ ယူဆ ပါတယ်" ဟု ၄င်းက ဆိုသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်း သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီ တွင်လည်း အဖွဲ့ဝင် တစ်ဦး အဖြစ် ပါဝင်သည်။

ကချင် ပြည်နယ် ငြိမ်းချမ်းရေး အဆို တင်သွင်း ခဲ့သူ အင်ဂျန်းယန် မြို့နယ် ပြည်သူ့ လွှတ်တော် ဒေါ်ဒွဲဘူ ကမူ "လွှတ်တော် ထဲက အခုလို ထင်ရှားတဲ့ ပုဂ္ဂိုလ် တစ်ဦး ပါဝင် လာမယ် ဆိုတော့ နှစ်ဖက် ယုံကြည်မှု တည်ဆောက် မှုက ပိုမို ခိုင်မာ လာမယ်လို့ ယုံကြည် ပါတယ်" ဟု မှတ်ချက် ပေးသည်။

ကေအိုင်အေနှင့် အစိုးရ ဆွေးနွေးမှုကို တရုတ်နိုင်ငံ ရွှေလီ မြို့တွင် လေးကြိမ်တိုင် တွေ့ဆုံ ခဲ့သော်လည်း သဘော တူညီမှု မရရှိ ခဲ့ပေ။

ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့များ တွေ့ဆုံရန် အစီအစဉ် ရှိသည်ဟု “ဝ” သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ဌာနချုပ် နယ်မြေတွင် တွေ့ဆုံရန် ရှိကြောင်း UWSA ၏ ထုတ်ပြန်ချက် များအရ သိရသည်။

 The Voice

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 01, 2013, 09:46:54 PM
Reply #329
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ နေပြည်တော်ရောက်ပြီ

ရန်ကုန်မှ လိုင်ဇာသို့ ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်သောအဖွဲ့ (၃၁၊ ဇန်န၀ါရီ၊ ၂၀၁၃)ညတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ တွင် ညအိပ်ရပ်နား။
-(၁၊ ဖေဖော်ဝါရီ၊ ၂၀၁၃) နေပြည်တော်၊ ပျဉ်းမနား၊ ပုရွက်ဆိတ်ကုန်းရွာတွင် ရပ်နားမည်။
-(၁၊ ဖေဖော်ဝါရီ၊ ၂၀၁၃)နေ့လည် လယ်ဝေးမြို့ နယ်၊ ဧလာ၌ ခေတ္တနားမည်။
-နေပြည်တော်အ၀င်တွင် ယခုအချိန်ထိ အတားအဆီးမရှိသေးပါ။
-လက်ရှိ လမ်းလျှောက်လျက်ရှိသော အဖွဲ့ ဝင်ဦးရေ သံဃာ ၇၊ လူပုဂ္ဂိုလ် ၄၀၊ စုစုပေါင်း ၄၇ ဦး။

CJMyanmar

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 02, 2013, 11:00:25 PM
Reply #330
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ပြည်နယ် နယ်/လုံဝန်ကြီး မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံ

ကရင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်သည် မြဝတီမြို့နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် အစိုးရဌာနဆိုင်ရာများကို ယမန်နေ့ မနက် ၁၁နာရီမှ ၁၂နာရီခွဲအထိ မြဝတီမြို့ ခလရ(၂၇၅)တပ်ဝင်းအတွင်းရှိ အေးချမ်းဖြိုး ဧည့်ရိပ်သာတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

DKBA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က “နယ်စပ်မှာ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ဆက်ပြီးတော့ တဖွဲ့နဲ့တဖွဲ့ စုစုစည်းစည်း နေကြဖို့ဆိုပြီး ဗိုလ်မှူးကြီးအောင်လွင်က လာပြောသွားတယ်။ နောက် သူက ဂျပန်မှာ လေ့လာရေးသွားတုန်းက ဘယ်လောက်ထိ စည်းကမ်းရှိတယ် ဆိုတဲ့အကြောင်းတွေ လာပြောသွားတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ မြဝတီမြို့နယ် ဒေသတဝိုက်တွင် ကုန်ကြမ်းထွက်ပစ္စည်းများမှ ကုန်ချော ပြန်လည်ထုတ်လုပ်နိုင်ရန်အတွက် မြဝ တီမြို့တွင် စက်မှုဇုန် လာရောက်တည်ဆောက်မည့် ကိစ္စများကိုလည်း ပြောဆိုရှင်းပြသွား ခဲ့သည်ဟု သူက ဆက်ပြောသည်။

DKBA အနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး တဦးတဘက်အနေဖြင့် စိုးမိုးမှုမျိုးမဟုတ်ဘဲ တနိုင်ငံ လုံး အတိုင်းအတာဖြင့် ဥပဒေစိုးမိုးမှု ဖြစ်စေချင်ကြောင်း ဗိုလ်မှူးစောဆန်းအောင်က “ဆိုလိုတာက ပြည်သူလူထုက ဥပဒေကို ချိုး ဖောက်တယ်ဆိုပြီး ဖမ်းမယ်ဆိုတာပဲ လုပ်တယ်။ သို့သော် အစိုးရနဲ့ ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အမှားကြီးလုပ်တယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ တရားစွဲပြီး အရေးယူလို့မရတာလဲ ဆိုတာကို ကျနော် ဆွေးနွေးခဲ့တယ်”ဟု ဆိုသည်။

ယင်းဆွေးနွေးမှုတွင် KNU အဖွဲ့အစည်းအနေဖြင့်လည်း ဒုက္ခသည် ပြန်လည်နေရာချထားရေးကိစ္စများနှင့် မည်သည့် အစီအစဉ် များ ရှိနေသည်ကို တိတိကျကျ ရှင်းပြပေးရန် တင်ပြဆွေးနွေးခဲ့ရာတွင် ဗိုလ်မှူးကြီးအောင်လွင်က တိတိကျကျ မသိရှိရသေး ကြောင်းနှင့် စဉ်းစားထားသည့် အနေအထားပင်ရှိသေးကြောင်း ပြန် လည်ဖြေဆို သွားခဲ့သည်ဟု သိရသည်။

ကရင်ဒုက္ခသည်ကော်မတီ - KRC ဥက္ကဌ ဆရာစောရောဘတ်ထွေးက “ဒုက္ခသည် ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက် လို့ ပြန်ပို့ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်ဆန္ဒအနေ နဲ့ ပြန်ချင် ရင်တော့ ပြန်နိုင်ပါတယ်။ KRC အနေနဲ့ ပို့မှာမဟုတ်ပါဘူး” ဟု ပြောသည်။

၎င်းတွေ့ဆုံပွဲတွင် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်-DKBA၊ နယ်ခြားစောင့်တပ်-BGF၊ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီ၊ ကရင်အမျိုးသားအစည်းအရုံး-KNU မြ၀တီမြို့ရှိ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ အထွေထွေ အုပ်ချုပ်ရေး စသည့် ဌာန ဆိုင်ရာ အရာရှိများ၊ တပ်မ(၇၇) ဗျူဟာမှူးတို့အပြင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်စား ဗိုလ်မှူးကြီးဇေယျာလင်းတို့ အပါအ၀င် စုစုပေါင်း ၃၀ဦးကျော် တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက်နေ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ သည် နယ်ခြားစောင့်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် -DKBA အကြားရှိသည့် အထွေထွေ ပြဿနာ များကို ဖြေရှင်းသည့် အလွတ် သဘော ဆွေးနွေးပွဲတခုကို မြဝတီမြို့ အေးချမ်းဖြိုးဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့သေးသည်။

KIC

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 03, 2013, 04:31:53 AM
Reply #331
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2797
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5555 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေကြား ဆွေးနွေးပွဲပြုလုပ်သွားမည်ဟုသိရ

အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေကြား တိုက်ခိုက်မှုတွေက မပြတ်ဘဲ ရှိနေတာကြောင့် ငြိမ်းချမ်းရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့သာ ဆွေးနွေးပါတော့လို့ ကချင်လွပ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ထုတ်ဖော် ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာပဲ အစိုးရနဲ့ ကေအိုင်အိုကြား ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ လာမယ့် တရက်၊ နှစ်ရက်အတွင်း ပြုလုပ်သွားမယ်လို့ ကေအိုင်အိုဘက်က ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ကေအိုင်အိုဘက်က ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် တက်ရောက်မှာ ဖြစ်သလို၊ မြန်မာ့တပ်မတော်ဘက်ကလည်း တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ် ပေးနိုင်တဲ့ ဗိုလ်ချုပ်ကြီးတဦး တက်ရောက်နိုင်တယ်လို့လည်း သိရပါတယ်။

ရွှေလီမြို့မှာှေဆွးနွေးပွဲ ဖြစ်တာကတော့ တရုတ်က သဘောတူညီလို့ရယ်၊ လိုလားတာကြောင့်ရယ်ကြောင့် ဖြစ်မယ်လို့ တရုတ်-မြန်မာနယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က သုံးသပ်ပါတယ်။

ကေအိုင်အိုကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခုက ကြားဝင် ဆောင်ရွက်ပေးဖို့ စောစောပိုင်းက ပြောဆို ထားတာ ရှိပါတယ်။

အစိုးရနဲ့ အခုလို တိုက်ရိုက် ဆွေးနွေးမှာဖြစ်သလို UNFC နဲ့လည်း နိုင်ငံရေးအရနဲ့ လွှမ်းခြုံ ငြိမ်းချမ်းရေးသဘောအရ ဆက်လက် ဆွေးနွေးသွားမယ်လို့ ယူဆတယ်လို့ ဦးမျိုးသစ်က ပြောပါတယ်။

BBC Burmese News

 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
February 03, 2013, 12:00:43 PM
Reply #332
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ချင်းတိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ပြည်ထောင်စုရာထူးဝန်အဖွဲ့ သတင်းထုတ်ပြန်

Popular Myanmar News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 04, 2013, 06:31:33 PM
Reply #333
  • Special Customer
  • ****
  • Thank You
  • -Given: 12230
  • -Receive: 23185
  • Join Date: 21 Apr 2011
  • Posts: 2356
  • Credit : 39738 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
    • Teashop PDF Team  
ဖေဖော်ဝါရီလမကုန်မီ အစိုးရနှင့်ကေအိုင်အေအကြား နိုင်ငံရေးဆွေးနွေးမှု ကျင်းပနိုင်ရေး သဘောတူညီမှုရရှိခဲ့ဟုဆို

ရွှေလီ ၊ ဇန်န၀ါရီ ၎

ယနေ့ နံနက် ၉နာရီက တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့်
ကေအိုင်အိုအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုရလဒ်အဖြစ်
နောက်တစ်ကြိမ်ဆွေးနွေးပွဲအား ကေအိုင်အို အဖွဲ့အစည်းအနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလ မကုန်မီ အစိုးရနှင့် ကေအိုင်အေအကြား နိုင်ငံရေးဆွေးနွေးမှု ကျင်းပနိုင်ရေးသဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပူးတွဲ သဘောထားတစ်ရပ်ကို
ယနေ့ ထုတ်ပြန်လိုက်ပြီး ယင်းတွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်းထားရှိရေး၊ စစ်ရေးတင်မာမှုများလျော့ချနိုင်ရေး၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲ၌
လေ့လာသူများနှင့် သက်သေများအဖြစ် အဖွဲ့အစည်းများ ဖိတ်ခေါ်ရေး အပါအ၀င် အစိုးရနှင့် ကေအိုင်အို အကြား ခိုင်မာသော
စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာနေရာများးကို လေ့လာ စောင့်ကြည့် စီစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီချက် စသဖြင့် အချက် ၅ ချက်ပါဝင်ကြောင်းသိရသည်။

ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့၊ ကရင်အမျိုးသား အစည်းအရုံး
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် တစ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ
ဗိုလ်မှူးချုပ် စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့်
အခြား သက်သေတစ်ဦးတို့က တက်ရောက်ခဲ့ကြောင်းသိရသည်။

NLA
@Popular Myanmar News Journal

  • Cafe` Publisher EBook(PDF) List
           
 Send to Other.  Allows access to Games Room for 1 days  Allows access to Games Room for 1 days  Increase your Karma by 1  Allows access to Games Room for 7 days  Send to Other.  Send to Other.  Send to Other.
February 04, 2013, 06:45:00 PM
Reply #334
  • Special Customer
  • ****
  • Thank You
  • -Given: 12230
  • -Receive: 23185
  • Join Date: 21 Apr 2011
  • Posts: 2356
  • Credit : 39738 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
    • Teashop PDF Team  
  • Cafe` Publisher EBook(PDF) List
           
 Send to Other.  Allows access to Games Room for 1 days  Allows access to Games Room for 1 days  Increase your Karma by 1  Allows access to Games Room for 7 days  Send to Other.  Send to Other.  Send to Other.
February 05, 2013, 08:39:03 PM
Reply #335
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
X2Oဗုံးပေါက်မှုစွပ်စွဲခံရသူကိုဖြိုးဝေအောင်၏ဖြစ်ရပ်မှန်ရှင်းလင်းပွဲ

X2O ဗုံးပေါက်မှု မတရားစွပ်စွဲ သေဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ကျန်ရစ်သူ မိသားစုများက ပြုလုပ်ခဲ့ကြပါသည်။

သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

M-Media

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 05, 2013, 09:06:16 PM
Reply #336
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 06, 2013, 09:42:24 PM
Reply #337
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ၏ ပြည်ထောင်စုနေ့ ညစာစားပွဲ ဖိတ်ကြား ခြင်းကို PSLF ပလောင် တပ် လက်မခံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မတီ ဗဟို အဖွဲ့သည် နေပြည်တော် တွင်ပြုလုပ် မည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲ ကို တက်ရောက်ရန် အတွက် ပလောင် ပြည်နယ် လွတ်မြောက် ရေး တပ်ဦး PSLF ကို ၄-၂-၂၀၁၄ ရက်နေ့ ညနေ ပိုင်းတွင် ဖိတ်ကြား ခဲ့သည်။

နိုင်ငံတော် အစိုးရ မှ ကျင်းပပြု လုပ်သော ပြည်ထောင်စုနေ့ ညစာ စားပွဲကို ၁၂-၂-၂၀၁၃ ရက်နေ့ ည ၆ နာရီမှ ၈ နာရီ အထိ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
“ မနေ့ ညက ကျနော် အီးမေလ် လိပ်စာနဲ့ ဖိတ်စာ ကို ပေးပို့လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီ ညစာ စားပွဲကို တက်ရောက်ဖို့ အစီ အစဉ် မရှိပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျနော် တို့ရှိနေတဲ့ နယ်မြေထဲမှာ အစိုးရ တပ်ဖွဲ့တွေက အကြောင်း မျိုးမျိုးပြ ပြီး အင်အား တွေ တိုးချဲ့ ချထား နေလို့ ဖြစ်ပါ တယ်။ ပြီးတော့ စစ်ကြောင်း တွေနဲ့ လည်း ကျနော်တို့ ရှိတဲ့ နေရာ တွေကို စစ်ဆင် နေတယ်။ တဖက် ကမီး၊ တဖက်က ရေ ပေါ့ဗျာ ခြောက် တခါ ချော့ တလှည့် နည်းနဲ့ လုပ်နေ တယ်လို့ဘဲ မြင်ပါတယ်။” ဟု PSLF ဥက္ကဌ ဖြစ်သူ တာအိုက်ဘုန်း က ပြောဆို ခဲ့သည်။

PSLF သည် ထို ဧည့်ခံပွဲ သို့ တက်ရောက် မည်ဆိုပါက ၄င်းတို့၏ အမျိုးသား ဝတ်စုံဖြင့် တက်ရောက် နိုင်ပါ ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဗဟို အဖွဲ့ အတွင်း ရေးမှူး ဖြစ်သူ ဒုတိယ ဝန်ကြီး ဦးအောင်သိမ်း က ဖိတ်ကြား လွှာတွင် ရေးသား ထားပါသည်။
PSLF ကမူ အစိုးရ ၏ ဖိတ်ကြား ချက်သည် စစ်မှန်သော ငြိမ်းချမ်းရေး ဘက်သို့ ဦးတည်သော ဖိတ်ကြားချက် မျိုး မဟုတ်ကြောင်း၊ နိုင်ငံရေး အမြတ် ထုတ်ရန် ရည်ရွယ်ချက် ဖြင့် လုပ်ဆောင် နေခြင်းသာ ဖြစ်သည်ဟု တာအိုက်ဘုန်းကတ ဘက်သတ်စွပ်ဆွဲပြောဆို ခဲ့သည်။

“ကျနော်တို့အဖွဲ့နဲ့ တရားဝင် တွေ့ဆုံဆွေးနွေး ခြင်း တခါမှ မလုပ်ခဲ့ ဘဲနဲ့ ဖိတ်ကြားတာ ဆိုတော့ စဉ်းစား စရာကို ဖြစ်နေ ပါတယ်။ ကချင်ပြည်နယ် ဘက်က တိုက်ပွဲ သံတွေ ရပ်တော့ ကျနော်တို့ဘက်ကို တိုက်ပွဲက အဆင်သင့် ရောက်လာ တော့မယ် ဆိုတာ ကြိုပြီး တွက်ထား ပါတယ်။ ဖိတ်တာကို အကြောင်း ပြပြီးတော့ ကျနော်တို့ လက်မခံတဲ့ အတွက် တိုက်တယ် ပေါ့ဗျာ အဲဒီအချိုး မျိုးပါဘဲ” ဟု ပြောဆို ခဲ့သည်။

ဤကဲ့သို့ ဖိတ်ကြားခဲ့ သော်လည်း ပြီးခဲ့သည့် ၃-၂-၂၀၁၃ ရက်နေ့တွင် ခလရ (၁၃၆) မှ အင်အား ၁၀၀ ကျော်သည် PSLF အခြေခံ စခန်း ဖြစ်သော မုန်ဂျီ ကျေးရွာသို့ ရောက်ရှိ လာကြောင်း ထို့အပြင် အစိုးရ စစ်ဆင်ရေး တပ်များ သည် လာရှိုးမှ ကွတ် ခိုင်မြို့နယ် သို့ စစ်ကား (၄) စီးဖြင့် ထပ်ရောက်လာကြောင်း၊ ဤသို့ကြောင့် စစ်ဆင် လာသော အစိုးရတပ် များနှင့် KIA တပ်မဟာ (၄)၊ လက်အောက်ခံ တပ်ရင်း (၂) မှ တပ်ခွဲ (၅) ပြည်သူစစ် တပ်ဖွဲ့ တို့သည် မုန်ဂျီ- မုန်းပေါ်တွင် မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ ရသည်ဟု ပြောဆို ခဲ့သည်။

KIA တပ်မဟာ (၄) ဒေသနှင့် PSLF အခြေခံ ဒေသ ဖြစ်သော ရှမ်းပြည် မြောက်ပိုင်း တွင် အစိုးရမှ စစ်ဗျူဟာ (၃) ခုဖြင့် အင်အား တစ်ထောင်ကျော် စစ်ဆင် လျှက်ရှိ နေကြောင်း PSLF က ဆိုပါသည်။

PSLF အား ကချင် KIA / KIO တို့မှ ထောက်ပံကာ ဖွဲ့စည်း စေခဲ့ကြောင်း၊ ၂၀၁၂ အစောပိုင်း တွင် နမ့်ခမ်း ဘက်မှ မန်တုံ နှင့် နမ့်ဆန် နယ်စပ် ပလောင်ရွာ များမှ လူအင်အား အနည်း ငယ်ဖြင့် စတင် ဖွဲ့စည်း ခဲ့ပြီး တပ် သားများ ကိုလည်း အဓမ္မ စုဆောင် ခဲ့ကြောင် နမ့်ဆန် ဒေသတွင်း နေပြည်သူ တစ်ဦး က ပြော ကြား ခဲ့သည်။

Channelnewsmyanmar

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 07, 2013, 09:51:48 PM
Reply #338
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
အကျင့်ပျက် အစိုးရ၀န်ထမ်း အရေးယူမှု လွှတ်တော် အားရမှုမရှိ

အစိုးရ၀န်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံလောက်ကိုပဲ အစိုးရက အရေးယူဆောင်ရွက်နိုင်သေးတဲ့အတွက် အားရမှုမရှိဘူးလို့ အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင်တဦးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အကျင့်ပျက်ဝန်ထမ်းတွေအပေါ် ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အရေးယူဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဖြေကြားချက်ကို ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖတ်ကြားခဲ့ပါတယ်။

ဒီဖတ်ကြားချက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကာလအတွင်း ၀န်ကြီးဌာနတွေက အမှုထမ်းပေါင်း ၁၇,၀၀၀ ထောင်လောက်ကို အရေးယူခဲ့တယ်လို့ ပါရှိတာပါ။

အရေးယူတဲ့အထဲမှာ စာနဲ့ သတိပေးခံရသူပေါင်း ၄,၃၃၃ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခံရသူပေါင်း ၈၁၆ ဦး၊ ရာထူးတိုးမှု ရပ်ဆိုင်းခံရသူပေါင်း ၁၈၅ ဦး၊ လစာနှုန်းအတွင်းလျှော့ခံရသူ ၂,၅၆၆ ဦး၊ ရာထူးလျှော့ခံရသူ ၈၉၈ ဦး၊ လစာမှလျှော့တာ ၈၀ ဦး၊ တာဝန်က ယာယီရပ်ဆိုင်းခံရသူ ၁၃၄ ဦး၊ ရာထူးကနေ ထုတ်ပယ်ခံရသူ ၁,၇၃၈၊ တာဝန်က ထုတ်ပယ်ခံရသူ ၄,၉၇၃၊ စုစုပေါင်း အရေးယူခံရသူပေါင်း ၁၅,၇၂၃ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်ထဲရေးဌာနက အရေးယူမှုမှာတော့ ရှုံ့ချခံရသူ ၈၇ ဦး၊ ရဲအချုပ်ထောင်မှာ ထောင်ကျသူ ၃၈၀ဦး၊ ရဲအမှုထမ်းသက်လျော့ခံရသူ ၆၈၉ဦး၊ ပင်စင်ပေးခံရသူ ၂၀ဦး၊ ပြောင်းရွှေ့ခံရသူ ၅၂ ဦး၊ ရဲစည်းကမ်းဖောက်ဖျက်သူ ၁ ဦး စုစုပေါင်း ၁,၂၂၉ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရေးယူခံရသူ စုစုပေါင်း ၁၆,၉၅၂ ဦးရှိတယ်လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် အမတ် ဦးမင်းဦးကတော့ အရေးယူခံရသူ အများစုဟာ တရားရေးဌာနနဲ့ ပြည်ထဲရေးဌာနကဖြစ်ပြီး အစိုးရဆီတိုင်ကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံ လောက်ကိုပဲ အစိုးရက အရေးယူနိုင်သေးတယ်လို့ ပြောပါတယ်။

“ဖတ်ပြတဲ့စာအရဆိုရင် ကျနော်တို့တင်ထားတာရဲ့ ပြန်ကြားပေးတာဆိုရင်တော့ အားရဖွယ်ရာတော့ အားနည်းသေးတယ်ပေါ့။ ပေးပို့လိုက်တဲ့အမှုတွဲ ၅၂၉ တွဲမှာ ပြန်ကြားလာတဲ့အမှုတွဲဟာ ၁၀၄ တွဲပဲ ရှိသေးတော့ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ၁၉ ဒဿမ ၆၆ လောက်ပဲရှိတယ်ဆိုတော့ အားရကျေနပ်စရာမရှိဘူး။ စုစုပေါင်း အကုန် ၂၀၁၁၊ ၂၀၁၂ ခုနှစ်အတွင်းရော အတွဲပေါင်းအားလုံး ၄၂၅ တွဲပြန်ဖို့ ကျန်တယ်။”

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ရာထူးက အနားယူသွားပြီးနောက် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက အရာရှိတွေကို အကျင့်ပျက် လာဘ်စားမှုတွေနဲ့ နေပြည်တော်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ယူဆသူတွေကို တိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပဲလို့ ပြောပါတယ်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာတော့ ပထမအဆင့် စာရင်းစစ်ချုပ်ရုံးက စုံစမ်းတာတော့ ရှိတယ်။ နောက် စာရင်းစစ်ချုပ်ရုံးကနေ စစ်လိုက်လို့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ထင်တဲ့သူတွေကိုတော့ ပြည်ထဲရေးက ဆက်စစ်ဆေးနိုင်ဖို့ ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးနေပါတယ်။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင်လုပ်မယ်ဆိုပြီး အကျင့်ပျက်ခြစားမှုတွေကို အရေးယူဖို့ သမ္မတက သူရဲ့ မိန့်ခွန်းတွေမှာ ပြောကြားလေ့ရှိတာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှုကို စောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့လာဘ်စားမှု အဆိုးရွားဆုံး ၅ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပါတယ်။

DVB TV News

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 11:33:53 AM
Reply #339
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီးခန့်အပ်ရန် အဆိုပြု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာဌာန ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား ဆက်သွယ်ရေး သတင်းအချက်နှင့် နည်းပညာ ၀န်ကြီး ခန့်အပ်ရန်အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော် သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီး အဆင့်ရှိ ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခဲ့ခြင်းမှာ အစိုးရသစ်လက်ထက် ပထမဆုံး အကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းထွန်းကို ဇန်န၀ါရီလ ၁၆ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့်ပြုပြီးနောက် လစ်လပ်လျက် ရှိနေသော နေရာကို ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဖြင့် အစားထိုးရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက်ရာထူး ပြန်လည် ထမ်းဆောင်ရန် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သော နိုင်ငံတော် သမ္မတ၏  သ၀ဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးကို စစ်ဘက် ရာထူး ပြန်လည် ထမ်းဆောင်စေခြင်းနှင့် အတူ လစ်လပ်သွားသော နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး နေရာအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက အဆိုပြုခဲ့ပါသည်။

နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်ရာတွင် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော် သားများ၏ အမည် စာရင်းကို ရယူ ရမည် ဖြစ်ကြောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အပြင် အခြား ၀န်ကြီး ဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သိရှိရပါသည်။

ဇန်န၀ါရီလ ၁၆ ရက်နေ့က ဦးသိန်းထွန်းကဲ့သို့ ရားထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည့် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးမြင့်မောင်၏ နေရာကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်အား တာဝန်ထမ်းဆောင်ရန်  နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၅ ရက်တွင်ခန့်အပ် တာဝန်ပေးအပ်ခဲ့ပါသည်။

EMG

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 11:35:05 AM
Reply #340
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသော ဖိလစ်ပိုင် သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စမာရီယာ ဟယ်လင်န် ဘီဒီလာ ဗီဂါ၏ နေရာတွင် မစ္စတာ အဲလက်စ် ဂါစီရာချွာအား ခန့်အပ်ရန် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရက သဘော တူညီပြီး ဖြစ်သည်။

မစ္စတာ အဲလက်စ် ဂါစီရာချွာကို ၁၉၅၆ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဖိလစ်ပိုင် သမ္မတ နိုင်ငံ မနီလာမြို့၌ မွေးဖွားခဲ့သည်။ ၄င်းသည် ၁၉၈၂ ခုနှစ်တွင် ဖိလစ်ပိုင် သမ္မတ နိုင်ငံ လိုင်စီယမ် ဖိလစ်ပိုင် တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။

၎င်းသည် ၁၉၇၈ ခုနှစ်မှ စတင်၍ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဌာန၊ အရှေ့တောင် အာရှနှင့် ပစိဖိတ်ဌာန၊ ကောင်စစ်ရေးရာ ဌာန၊ ဥပဒေရေးရာ ဌာနနှင့် အုပ်ချုပ်ရေး ဌာန အသီးသီး တို့တွင် ရာထူး အဆင့်ဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှ စတင်၍ ဟောင်ကောင်မြို့၊ ပေကျင်းမြို့နှင့် ကွမ်ကျိုးမြို့ ဖိလစ်ပိုင် သံရုံးနှင့် ဖိလစ်ပိုင် ကောင်စစ်ဝန် ချုပ်ရုံးများ တွင် ရာထူး အဆင့်ဆင့်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှ ယနေ့ အထိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ပေကျင်းမြို့ရှိ ဖိလစ်ပိုင် နိုင်ငံ သံရုံးတွင် သံမှူးကြီး/ သံရုံး ဒုတိယ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် လျက်ရှိသည်။

မစ္စတာ အဲလက်စ် ဂါစီရာ ချွာသည် အိမ်ထောင်ရှင် တစ်ဦး ဖြစ်သည်။

မြ၀တီ

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 12:05:53 PM
Reply #341
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသည့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်း

အင်တာနက်ပေါ် ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသော စုံစမ်းရေးကော်မရှင်ကို ဖေဖော်ဝါရီ ၇ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သည်။

ယင်းကော်မရှင်တွင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြငြိမ်း၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဖုန်းမြင့်အောင်တို့ အပါအ၀င် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။

ကော်မရှင်၏ အဓိကတာဝန်အရ ဒေါက်တာဆိတ်ဖွား၏ ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၏ တာဝန်၊ လွတ်လပ်စွာပြောဆိုရေးသား ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏ဆောင်ရွက်ချက်များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ လိုက်နာဆောင်ရွက်ရမည့် တာဝန်ပျက်ကွက်ခြင်း ရှိ၊ မရှိ ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ကာယကံရှင်အား မည်သို့အရေးယူဆောင်ရွက်မည့် အချက်များနှင့် အစီအစဉ်များကို ဖော်ထုတ်အကြံပြု တင်ပြရမည်ဖြစ်သည်။

ကော်မရှင်သက်တမ်းမှာ အစီရင်ခံစာတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်အရ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးသည်အထိ အတည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 09, 2013, 10:31:25 PM
Reply #342
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဆဌမအကြိမ်မြောက် KWO ညီလာခံ ကျင်းပပြီးစီး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လေးဝါးစခန်းနေရာ၌ ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး-KWO ညီလာခံကို ယခု ဖေဖော်ဝါရီလ ၁ရက်မှ ၈ရက်နေ့အထိ ပြုလုပ်ကျင်းပ ပြီးစီးခဲ့သည်။

ညီလာခံတွင် ခရိုင် ၇ခုမှ ကိုယ်စားလှယ်များ၊ အထူးဒေသမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၁၃၈)ဦးတက်ရောက်ခဲ့ကြပြီး လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ခဲ့ကြသည်ဟု KWO မှ ယမန်နေ့ က ကြေညာချက်ထုတ်ပြန်ထားသည်။

KWO ၏ ပြောခွင့်ရသူ ဗဟိုအမြဲတမ်းကော်မတီဝင် နော်ဘလူးမင်းနိုက်ဇန်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမတို့ အဓိက ပြန် လည်ပြင်ထားတာက KWO မှာ အလုပ်အမှုဆောင် အရွေးခံရတဲ့ ဗဟို၊ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာ စတဲ့သူတွေဟာ အခြားအဖွဲ့အ စည်းမှာ ၀င်ရောက်လုပ်ဆောင်မှု မလုပ်ရဘူး။ KWO မှာ အချိန်ပြည့် အလုပ်လုပ်ရမယ်။ အဲဒါ ဖြည့်စွက်ထားတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ဆက်လက်၍ စည်းရုံးရေးဆင်းရာတွင်လည်းကောင်း၊ သတင်းအချက်အလက် ကောက်ယူရာတွင်လည်းကောင်း သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ အလုပ်အမှုဆောင်ထဲ၌ အရေးကြီးသည့် စည်းရုံးရေး၊ ပညာ ရေး၊ လူမှုရေးနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ခံသည် တစ်ဦးတစ်ယောက် မဟုတ်ဘဲ အဆင့်တိုင်း တာဝန်ခံပုဂ္ဂိုလ် ထားရှိ ခြင်းတို့ကို ဖြည့်စွက်ပြင်ဆင်ခဲ့သည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ပြောဆိုသည်။

ထို့အပြင် လက်ရှိ နိုင်ငံအခြေအနေ လေ့လာသုံးသပ်ခြင်းနှင့် ဒုက္ခသည်များအား နေရာပြန်လည်ချထားရေးလုပ်ငန်း၌ အမျိုးသမီး များ ပါဝင်ခြင်းတို့ အပါအ၀င် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုတွင် ကောင်းကျိုးရလဒ်များရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ဆက်လက် တည်ရှိနေမှု စသည်တို့ကို KWO က ဆွေးနွေးခဲ့ ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

နော်ဘလူးမင်းနိုက်ဇန်က “အပစ်ရပ်ကာလဆိုတော့ ဒေသခံတွေ သွားလာမှု လွတ်လွတ်လပ်လပ် ရှိလာတာပေါ့။ ဒါပေမယ့် KNU ထိန်းချုပ်တဲ့ တပ်မဟာ ၂၊ ၅၊ ၆နဲ့ ၇ တို့တွေမှာ အစိုးရတပ်တွေ ရိက္ခာပို့မှုတွေ အရင်ကထက် ပေါ်ပေါ်တင်တင် လုပ်လာ တယ်။ နောက် တပ်အင်အားလည်း လျော့သွားတာ မရှိသေးတဲ့အတွက် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ် လို့ မြို့နယ်၊ ခရိုင်တွေက KWO ကိုယ်စားလှယ်တွေ တင်ပြတာ ရှိတယ်”ဟု ပြောသည်။

ညီလာခံတွင် KWO ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ဦးရွေးချယ်ခဲ့ရာ နန်းဒါးအဲ့ကလယ်(ဥက္ကဌ)၊ နော်ဖောဒေးတိုး (ဒု ဥက္ကဌ)၊ နော်ကညောဖော(အထွေထွေအတွင်းရေးမှူး)၊ နော်တာမလာစော(တွဲဘက်အတွင်းရေးမှူး-၁)နှင့် နော်စေးယိုဖော (တွဲ ဘက်အတွင်းရေးမှူး-၂)တို့ကို ရွေးကောက်တင်မြှောက်ခံကြသည်။

ထို့အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် နော်ဒါးဒါး (လူမှုရေးဌာန)၊ နော်အဲ့တမွီဖော (ကျန်းမာရေးဌာန)၊ နော် လူးလူမောင် (ပညာရေးဌာန)၊ နော်ဖောလေးသော (စည်းရုံးရေးနှင့် ပညာပေးရေးဌာန)၊ နော်ရွှေဖော (ဘဏ္ဍာရေးဌာန)နှင့် နော် ဒါးမူ့ (စာရင်းစစ်ဌာန)တို့ကို ရွေးချယ်ခဲ့ကြသည်။

ညီလာခံ(ကွန်ဂရက်) နောက်ဆုံးရက် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် တာဝန်မှ အနားယူသွားသည့် KWO ဥက္ကဌဟောင်း နော် လားဖိုး(ဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီး)အား ဂုဏ်ပြုခြင်း၊ ဗဟိုအမြဲတမ်းကော်မတီဝင်ဟောင်းအချို့နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ဂုဏ်ပြုခြင်း အစီအစဉ်များကို လုပ်ဆောင်ခဲ့ကြသည်။

KWO သည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးချိုးဖောက်ခံရမှုများ ပပျောက်ရေးအတွက် ရည်ရွယ်၍ ၁၉၈၅ခုနှစ်၊ ဧပြီလ ၅ရက်နေ့၌ KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောတွင် စတင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး လေးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလေ့ရှိသည်။

KIO

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 13, 2013, 10:35:42 PM
Reply #343
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ စိုးမြင့် ဦးစီး ၁ဝ ဦး အလင်း ဝင်ရောက်

နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော် အစိုးရ၏ သဘောထား အမှန်ကို သိရှိ နားလည်ကြသည့် ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်း များသည် အဆက်မပြတ် အလင်း ဝင်ရောက်လျက် ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက် ည ၇ နာရီခွဲခန့်က ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ လေညာ ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ နိုင်ညိုနှင့် ဗိုလ်အဆင့်ရှိ အချန်းတို့ နှစ်ဦးသည် အမ် ၃၂ ပစ္စတို တစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ လက်နက်ချ အလင်းဝင်ရောက် ခဲ့ကြသည်။

တပ်မတော်၏ နွေးထွေး ပျူငှာစွာ ဆက်ဆံမှုကြောင့် ၄င်းအလင်းဝင် နှစ်ဦးမှ လက်ကျန် အဖွဲ့များအား ဆက်သွယ် ခေါ်ဆောင်ရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲ ခန့်က ဗိုလ်မှူး အဆင့်ရှိ စိုးမြင့် ခေါင်းဆောင် အဖွဲ့ဝင် ရှစ်ဦးသည် ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျကေ နှစ်လက်၊ အေကေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံးပစ် လောင်ချာ တစ်လက်၊ လုပ်သေနတ်တို တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ ထပ်မံ အလင်းဝင်ရောက် လာခဲ့ကြောင်း သိရှိရသည်။

၎င်းအလင်းဝင် ၁ဝ ဦးနှင့် အတူ လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း မျိုးစုံ ၁၂ဝ၇ တောင့်၊ ကျည်အိမ် မျိုးစုံ ၂၂ ခု ပါရှိ လာခဲ့ပြီး တာဝန် ရှိသူများမှ စားသောက် ဖွယ်ရာများ၊ အဝတ် အထည်များ ထောက် ပံ့ ပေးအပ်၍ ၄င်းတို့ မိသားစု ဘဝ လုံခြုံရေးနှင့် ပြန်လည် တည်ထောင်ရေး အတွက် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး ထပ်မံ၍ အလင်း ဝင်ရောက်ရန် ကျန်ရှိ နေသေးကြောင်း သတင်း ရရှိသည်။

မြ၀တီ

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 14, 2013, 09:06:35 AM
Reply #344
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2797
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5555 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
မြန်မာ စစ်သင်္ဘော နှစ်စင်း ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ချစ်ကြည်ရေး ဆိုက်မည်

မြန်မာနိုင်ငံမှ စစ်သင်္ဘော နှစ်စင်းဖြစ်ကြသည့် UMS 561 နှင့် UMS 562 တို့သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် ကမ်းခြေသို့ ဖေဖေါ်ဝါရီလအတွင်း ဆိုက်ကပ်လာမည် ဖြစ်ကြောင်း ရေတပ်အရာရှိများအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ရေးသားထားသည်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ လာရောက်ဆိုက်ကပ်မည့် အဆိုပါ မြန်မာစစ်သင်္ဘောများကို ထိုင်းရေတပ် တတိယ ဧရိယာတပ်ရင်းမှ လက်ခံကြိုဆိုမည်ဟု ဆိုသည်။

ဤသည်မှာ မြန်မာစစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ဆိုက်ရောက်လာမှုလည်း ဖြစ်သည်။

နှစ်နိုင်ငံ ရေတပ်ဆက်ဆံရေး ကောင်းမွန်သည့်လက္ခဏာကို ပြသခြင်းဖြစ်ကာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပူးပေါင်း ရေကင်းလှည့်မှုများ
အတွက်လည်း ဆွေးနွေးဖွယ်ရှိသည်။

မြန်မာနိုင်ငံအနေနှင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုဖြစ်သည့် 'ရွှေမြွေဟောက်' တွင် ပါဝင်လိုသောအာသီ ယခင်ကတည်းက ရှိထားခဲ့ပြီး ပါဝင်ခွင့်ရရန် ထိုင်းနိုင်ငံမှတဆင့် စတင်ချဉ်းကပ်ခဲ့ကာ အောင်မြင်မှု
အလားအလာ အတော်ရရှိလာနေပြီလည်းဖြစ်သည်။

ထို့ပြင် မြန်မာရေတပ်ဦးစီးချုပ်လည်း ထိုင်းနိုင်ငံသို့ မကြာမီ လာရောက်ဖွယ်
ရှိကြောင်းလည်း အဆိုပါ ရေတပ်အရာရှိအား ကိုးကား၍ ရေးသားထားသည်။

ဓာတ်ပုံ - Myanmar NAVY
Mizzima - News in Burmese

 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
February 14, 2013, 11:11:45 PM
Reply #345
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်

ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူ အဖြစ် ရုံးအဖွဲ့မှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်သူ ကို တာဝန် ပေးထားရာမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် အား ပြောင်းလဲ တာဝန်ပေးမည် ဟုနိုင်ငံတော် သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ် ကပြောသည်။

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 14, 2013, 11:31:13 PM
Reply #346
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ငြိမ်းချမ်းရေးဆု လက်ခံဖို့ ကိုမင်းကိုနိုင် နော်ဝေ သို့ထွက်ခွါ

နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေး ဆုကို လက်ခံရယူဖို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ ဒီနေ့  ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ နော်ဝေနိုင်ငံ စထရာဟမ်းမြို့က ချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို မနက်ဖန်မှာ လက်ခံရယူသွားမယ်လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

" ဒီနေ့ ၁၄ ရက်နေ့ ရန်ကုန်ကနေ စထွက်မယ်၊ ၁၅ ရက်နေ့မှာ နော်ဝေနိုင်ငံမှာ ပြုလုပ်မယ့် ထာဝရ ငြိမ်းချမ်းရေး ဆုယူဖို့ရှိတယ်၊ ၁၆ ရက်နေ့မှာ မြန်မာကျောင်းသားတွေနဲ့ မြန်မာမိသားစုတွေနဲ့ တွေ့မယ်၊ ၁၇ ရက်နေ့မှာတော့ အော်စလိုကိုရောက်မယ်"

ဒီခရီစဉ်အတွင်းမှာ နော်ဝေနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ ဆုံမှာဖြစ်ပြီး မြန်မာအသိုင်းအဝိုင်းနဲ့ လည်းတွေ့ ဆုံသွားမယ့်အပြင် အဲဒီနိုင်ငံမှာပဲ ခရီးစဉ်နဲ့  ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ လဲ ကိုပြုံးချိုက ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ဟာ နော်ဝေနိုင်ငံခရီးစဉ်အပြီးမှာ ပြင်သစ်နဲ့  ဒိန်းမတ်နိုင်ငံတွေကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ထိ ၉ ရက် ကြာသွားရောက်မယ်လို့ သိရပါတယ်။

RFA

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 15, 2013, 11:06:55 PM
Reply #347
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် စစ်ဆေးဖို့ရှိ

ဓါတ်ပုံ - လက်ပံတောင်သပိတ်စခန်း ဖြိုခွဲပြီးနောက် ကောက်ရခဲ့တဲ့ ဗုံးကျည်ခွံပုံ (source: icj)

လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြတဲ့ သံဃာတွေကို ဖြိုခွဲရမှာ အသုံးပြုခဲ့တဲ့ မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံရှိရာ နေပြည်တော် တပ်ကုန်းကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက် စစ်ဆေးဖို့ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကနေ နေပြည်တော် တပ်ကုန်းမှာရှိတဲ့ ကပစ စက်ရုံကို သွားရောက်စစ်ဆေးဖို့ရှိပြီး စက်ရုံကလည်း ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ကပစစက်ရုံနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံ ၂၀ ကျော် ရှိနေပြီး အဲဒီအထဲကမှ ကပစ တပ်ကုန်းစက်ရုံကနေ မီးလောင်ဗုံးတွေကို ထုတ်လုပ်တာပါ။

မနှစ်က နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်တက်ချိန်မှာ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြကြတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ကပစ တပ်ကုန်းစက်ရုံက လက်နက်တွေကို အသုံးပြုခဲ့တဲ့အတွက် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စက်ရုံကို လာရောက်စစ်ဆေးတဲ့အခါမှာ မီးခိုးဗုံးတွေ ပစ်ပြဖို့ ကြိုတင်ပြင်ဆင်နေတာနဲ့ ပတ်သတ်ပြီး အဲဒီ ကပစ စက်ရုံနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က မီးခိုးဗုံးဟာ မျက်ရည်ယိုဗုံးလို့ပြောတယ်၊ မှန်ပါတယ်။ ဒါပေမယ့် ကပစကနေ ကျနော့်အသိတယောက်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် လာမစစ်ခင် ကပစကနေ ဘောလုံးကွင်းကို ပိတ်ပြီး အဲထဲမှာ ကပစကထုတ်တဲ့ မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေကို စမ်းတယ်တဲ့။ စမ်းတော့ တချို့ဗုံးတွေဟာ ယမ်းများလို့လား၊ တခုခုပဲ အချိန်အဆမရှိလို့လားမသိဘူးတဲ့ မီးထတောက်တယ်တဲ့။ မီးလုံးကြီးတွေ ထထတောက်တယ်တဲ့။ အဲမှာ အဲဒီ ထတောက်တဲ့ဗုံးတွေကို နံပါတ်မှတ်ပြီး ဖယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်လာတော့ မီးခိုးဗုံးပစ်ပြမှာပေါ့။ ခုနက မီးလောင်ဗုံး ပစ်မပြတော့ဘူးပေါ့။ ဒါပေမယ့် မီးလောင်ဗုံးက တကယ်ဟုတ်တယ်။”

လက်ပန်းတောင်းတောင် သပိတ်ဖြိုခွဲရာမှာ စစ်တပ်သုံး ဓာတုပစ္စည်းတွေကို သုံးစွဲခဲ့တယ်လို့ လွတ်လပ်တဲ့ စုံစမ်းသူတွေက ပြောဆိုထားပါတယ်။

မနေ့က မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်ဖြိုခွဲရာမှာ မီးလောင်တဲ့အဖြူရောင် မီးစုန်းဓာတ် (white phosphorus) ပစ္စည်းတမျိုးကို အသုံးပြုခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

DVB TV News

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 16, 2013, 10:51:47 PM
Reply #348
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ရှေ့နေများကွန်ယက်ရဲ့ လက်ပံတောင်း အစီရင်ခံစာကို အစိုးရပယ်ချ

လက်ပံတောင်း သပိတ်ကို ဖြိုခွဲရာမှာ ရဲတပ်ဖွဲ့ကနေ ဖေါ့စ်ဖေါ်ရပ်စ် လို့ခေါ်တဲ့ မီးစုန်းဓာတ်ပါတဲ့ ဗုံးတွေအ သုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်က ရှေ့နေ အဖွဲ့တခုတိုရဲ့ လွတ်လပ်တဲ့ အစီရင်ခံမှု အပေါ် မြန်မာ အစိုးရကနေ ပယ်ချလိုက်ပါတယ်။

မြန်မာ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထဋ်က ဒီအစီရင်ခံစာအပေါ် ပယ်ချလိုက်တာ ဖြစ်ပြီး၊ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေအပေါ်ကိုတော့ သူက ဘာမှာ မှတ်ချက်ပြု ပြောကြားခြင်းမရှိပါ။
မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ထုတ်ပြန်တဲ့ အခု အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ကို ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့လည်း ဦးရဲထွဋ်က အေဖက်ပီ သတင်း ဌာနကို ပြောကြားသွားကြောင်း အေဖက်ပီ သတင်းမှာ ဖေါ်ပြထားပါတယ်။
သပိတ်ဖြိုခွဲရာမှာ ပေါက်ကွဲပြီး ကျန်ခဲ့တဲ့ ဗုံးထောင့် တလုံးကို ရှေ့နေများကွက်ယက်ကနေ နိုင်ငံခြား ဓာတ်ခွဲခန်းတခုမှာ စစ်ဆေးစေခဲ့ရာ၊ ဒီဗုံးဟာ စစ်တပ်မှာ သုံးတဲ့ မီးစုန်းဓာတ်ပါ ဗုံးတွေ ဖြစ်တယ်လို့ သိခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက သပိတ်ဖြိုခွဲမှုကြောင့် သံဃာတော်အများစု ပါဝင်တဲ့ သပိတ်ဆင်နွှဲနေသူ အတော်များများဟာ အင်မတန်မှ ပြင်းထန်လှတဲ့ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ကြတာ ဖြစ်ပြီး၊ ဒါဟာလည်း သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် ဆန္ဒပြသူတွေအပေါ် အစိုးရရဲ့ အပြင်းထန်ဆုံးသော ချေမှုန်းမှု ဖြစ်ပါတယ်။

BBC Burmese

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 16, 2013, 11:17:13 PM
Reply #349
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38268
  • -Receive: 110076
  • Join Date: 02 May 2011
  • Posts: 16456
  • Credit : 123505 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနား၏ ရခိုင်အရေးပြောဆိုချက်

မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသားတိုင်းလူ့အခွင့်အရေးတန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေးအတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့တိုက်တွန်းပါကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနားက ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သော ကင်တာနားက ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများကြောင့် မလုံခြုံမှုများ၊ စိုးရိမ်မှုများ၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား သံသယများဖြစ်ထွန်း နေဆဲကြောင်း၊ ပဋိပက္ခများကြောင့် လူဦးရေ ၁၂၀၀၀၀ နီးပါး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး ယင်းဒုက္ခသည်များအတွက် အစားအစား၊ အမိုးအကာ၊ သန့်ရှင်းသော ရေရရှိရေးအတွက် ဆောင်ရွက်ပေးရန် ယမန်နှစ်သြဂုတ်လလာရောက်သည့်ခရီးစဉ်အတွင်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ လက်ရှိ မွတ်စလင် ဘာသာဝင်များနေထိုင်သော ဒုက္ခသည်စခန်းများတွင် လုံလေက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိသည့်အတွက် စိုးရိမ်မိကြောင်း၊ ယခုအခြေအနေတွင် ပြည်တွင်းပြည်ပ ဆေးကုသရေးအဖွဲ့များသည် ရခိုင်ဒေသခံများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက်မှုများနှင့်အနိုင်ကျင့်မှုများကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများမပေးနိုင်ကြောင်း၊ ထို့အတွက်ကြောင့် ဒေသခံအာဏာပိုင်များက ယင်းသို့သော ခြိမ်းခြောက်မှုများ ဖယ်ရှားပေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်စခန်းများတွင်နေထိုင်သော သူများအတွက် လွတ်လပ်စွာသွားလာခွင့်ပြုသင့် ကြောင်း၊ မြေပုံမြို့နယ် တောင်ပေါ်စခန်းသည် ထောင်တခုကဲ့သို့ဖြစ်နေပြီး ဒေသခံလူများကို ကုန်သွယ်ခွင့်၊ ငါးဖမ်းခွင့်အပါအ၀င် စီးပွားရေးလုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမားရေးစောင့်ရှောက်မှုရပိုင်ခွင့်များကို ခွင့်ပြုသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။

လူမျိုးစုနှစ်စုအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုရရှိစေရန် ဒေသခံအာဏာပိုင်များလုံလောက်သော လုပ်ဆောင်မှုများမရှိသေးဘဲ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများရှိနေသမျှ ကာလပတ်လုံး နှစ်ဦးနှစ်ဘက်အပြန်အလှန် ယုံကြည်လေးစားမှုများပျောက်ဆုံးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိရန်အတွက်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ရေးဥပဒေကို ပြင်ဆင်ရန် လည်း လွှတ်တော်ကို တိုက်တွန်းပြီး ရိုဟင်ဂျာများကိုလည်း အခြားနိုင်ငံသားများနည်းတူ တန်းတူညီမျှသော အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပြုသင့်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနှင့်ဆက်စပ်ပြီး စစ်တွေထောင်တွင်အကျဉ်းကျခံနေရသော ဒေါက်တာထွန်းအောင်နှင့်လည်းတွေ့ဆုံခဲ့ပြီး ဒေါက်တာထွန်းအောင်သည် အမြန်ဆုံးချက်ချင်းလွှတ်ပေးရ မည့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ကြောင်း၊ ပြန်လည်လွတ်မြောက်လာပါက ဒေါက်တာထွန်းအောင်သည် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည် ဆက်သွယ်ပေးမည့် တံတားတခုသွယ်ဖြစ်လာနိုင်ကြောင်း ကင်တာနားက ဆိုသည်။

The Irrawaddy