Author Topic: ရွာတွင်းအမှုအခင်းများ (၂) (Read 3974 times)

0 Members and 1 Guest are viewing this topic.

January 26, 2013, 12:34:32 AM
Reply #50
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
Traders ဟိုတယ် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရ

ရန်ကုန်မြို့လယ် ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းဆုံ မီးပွိုင့် Traders ဟိုတယ် အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဇန်န၀ါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ သမ္မတ ရုပ်ရှင်ရုံဘက်ကနေ ဆူးလေဘုရား ဘက်ကို တက်လာတဲ့ Harrier ကားက ဆူးလေဘုရား ဘက်ကနေ သမ္မတ ရုပ်ရှင်ရုံဘက်ကို သွားမယ့် တိုယိုတာ ဗင်ကားရဲ့ နောက်ဖင်ကို မီးပွိုင့်လွတ်တဲ့ အချိန်မှာ တိုက်မိခဲ့တယ်။ တိုက်ခံရတဲ့ကားက လည်ထွက်သွားပြီး Sakura တာဝါ အရှေ့မျက်နှာချင်းဆိုင်က ပလက်ဖောင်းပေါ်က ဓာတ်တိုင်ကို ၀င်တိုက်မိတယ်။ ပြီးတော့ အုတ်နံရံကို ၀င်တိုက်မိပြီးတော့ ကားက ရပ်သွားခဲ့ပါတယ်။ Harrier ကတော့ တိုက်ပြီး ကားကို မောင်းပြေးသွားတယ်။ တိုက်ခံရတဲ့ တိုယိုတာကတော့ ခေါင်းပိုင်း ရစရာမရှိအောင် ပျက်စီးသွားတယ်။ တော်သေးတာက ကားပေါ်ပါလာတဲ့လူတွေ အသေအပျောက် မရှိပဲ ကားပေါ်မှာ ပါလာတဲ့ မိန်းကလေးနှစ်ဦး ဒဏ်ရာရပါတယ်” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

1.25.05

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်း မီးပွိုင့်တွင် တာဝန်ကျသည့် ယာဉ်ထိန်းတစ်ဦးက “မောင်းပြေးသွားတဲ့ ကားကတော့ Harrier ကား ပြေးပြီ။ ထွက်ပြေးသွားတဲ့ ကားဆိုတော့ စောင့်ဖမ်းလို့ မရဘူး။ မနက်ဖြန်ကျမှ က.ည.န မှာ အမည်ပေါက်ရှိတယ်။ အဲဒီအမည်ပေါက်ကို ကြည့်ပြီးတော့မှ ယာဉ်ထိန်းရဲက နောက်နေ့ကျမှ ပိုင်ရှင်နောက်ကို လိုက်ပြီး ဖမ်းပြီးတော့မှ မှားတယ် မှန်တယ် ဆုံးဖြတ်လိမ့်မယ်။ ကျွန်တော်တို့ကတော့ မှားတယ် မှန်တယ် ဆုံးဖြတ်လို့ မရဘူး။ တိုက်သွားတဲ့ အချိန်က ဒိန်းကနဲ တစ်ချက်ပဲ သိလိုက်တယ်။ ဖြစ်သွားတဲ့ အချိန်မှာ Position က ကျန်ခဲ့တာ မဟုတ်ဘူး။ အကုန်လုံးက လမ်းဘေး ရောက်နေတယ်။ Harrier ကလည်း မောင်းပြီး ထွက်ပြေးသွားတယ်။ ဘယ်လိုပုံစံမှန်းကို မသိဘူး။ အုံးခနဲပဲ ကြားလိုက်တယ်။ ပတ်ဝန်းကျင် သက်သေက အခိုင်အမာ ထွက်ဆိုမှ ဘယ်လိုဖြစ်တယ်ဆိုတာ သိမယ်။ ကျွန်တော်တို့က မြင်မှမမြင်တာ။ ကျွန်တော်တို့က ၂၄ နာရီ ထိုင်မကြည့် နိုင်ဘူးလေ” ဟု ပြောပြခဲ့သည်။

EMG

January 26, 2013, 04:38:16 AM
Reply #51
  • Regular Customer
  • **
  • Thank You
  • -Given: 0
  • -Receive: 70
  • Join Date: 26 Jan 2013
  • Posts: 16
  • Credit : 218 $
  • View Inventory
  • Send $/Gift
  • Gender: Male
တပ်ကြပ်ကြီးကတော်ထံမူးယစ်ဆေးဝါးဖမ်းမိရာက စစ်တပ်နှင့်ရဲပြဿနာဖြစ်
(တအာင်းမြေ)

၂၀၁၃ခုနှစ်၊ဇန်နဝါရီလ(၆)ရက်နေ့တွင် မန်တုံရဲစခန်းမှ မန်တုံအခြေစိုက်တပ်ရင်းခလရ-၁၃၀ရှိ တပ်ကြပ်ကြီး ကတော် ဒေါ်အေးအောင်နှင့်အတူတရုတ်မတစ်ဦထံ မူးယစ်ဆေးဝါး(ယာဘ) အလုံးလေးရာကျော်ဖမ်းမိကြောင်း သိရသည်။

ခလရ ၁၃၀ တပ်ရင်းမှူးကျော်စွာသူဝင်းမှ ဒေါ်အေးအောင်အား မန်တုံရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသော အခါ ချက်ချင်းပြန်လွတ်ပေးရန် ရဲစခန်းမှူးထံဖုန်းဆက်အကြောင်းကြားခဲ့သည်။ စခန်းမှူးမှ ဥပဒေကြောင်း အရ မူးယစ်ဆေးဝါးရောင်းဝယ်ဖောင်းကားမှုဖြစ်သာဆောင်ရွက်နိုင်မည်ဖြစ်သည်ဟုအကြောင်းပြန်ခဲ့သည်။ ထိုကြောင့် ခလရ(၁၃၀)တပ်ရင်းမှူးမှ စစ်သား၁၆ဦးအား ည(၇)ခန့်တွင် မန်တုံရဲစခန်းအားဝိုင်းစေပြီး တရားခံ ဒေါ်အေးအောင်အားပြန်လွတ်ပေးရန် သေနတ်ပစ်ဖောက် အော်ဟစ်တောင်းဆိုစေခဲ့သည်။

သို့သော် မန်တုံရဲမှ မည်သို့မှပြန်တုံ့ပြန်ချင်းမပြုဘဲ စခန်းအတွင်းသာတိတ်ဆိတ်နေခဲ့သည့်အတွက် ထိုညတွင်း ချင်း စစ်သားများက မန်တုံမြို့တွင်း ဟိုခိုရပ်ကွက်တွင်းရှိ လောင်းကစားဝိုင်းတနေရာတွင် လူ(၁၂)ဦးအား ဖမ်းဆီးချုပ်နှောင်ကာ ရဲစခန်းသို့ဆောင်ပြီး ဥပဒေကြောင်းအရအရေးယူပေးရန် ပြောဆိုသည့်အပြင် အားဖူ ဆို သူအား ရဲစခန်းအရောက်တွင် မန်တုံဆေးရုံရောက်သည်အထိ ရဲများရှေ့တွင် ရိုက်နှက်ခဲ့သည်။ နောက်ပြီး ဟိုခိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအိုက်ပီးကိုလည်း ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့သည်။

“အဓိကတော့ စစ်သားတွေက ရဲတွေကိုမကျေနပ်လို့အခုလို အချင်းချင်းဖဲရိုက်တာလောက်ကို အထူးတလည် ဖမ်းဆီးအရေးယူခိုင်းတယ်..အခုလိုမတည့်ဖြစ်နေတော့ လူဆယ့်တစ်ယောက်က အလကားနေရင်း အချုပ်ခန်းထဲ မှာ နေနေရတယ်” ဟုဒေသခံတစ်ဦးမှပြောပြခဲ့သည်။

လက်ရှိချိန်ထိ မူးယစ်ဆေးဝါးဖမ်းမိထားသော ဒေါ်အေးအောင်နှင့်တရုတ်အမျိုးသမီးအား မန်တုံရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။

myutsawmyit blog

January 26, 2013, 10:58:00 PM
Reply #52
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မြိတ်မြို့၊ မြို့သစ်ရပ်၊ ကိုသန်းနိုင် (ကြေးအိုးဆိုင်)တွင် မီးလောင်မှုဖြစ်ပွါး

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၆)ရက်၊ ည (၉း၀၅)အချိန်ခန့်၌ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်၊ မြို့သစ်လမ်းမကြီးရှိ ကိုသန်းနိုင် (ကြေးအိုးဆိုင်)တွင် (Gas) ဂစ်အိုးယိုစိမ့်ပေါက်ကွဲရာမှ မီးလောင်ကျွမ်းမှု အနည်းငယ် ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။

 Tanintharyi Thar FB

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
January 27, 2013, 10:58:46 AM
Reply #53
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
အမည်မသိ အဖွဲ့တစု လောင်းကစားဝိုင်းငွေများ လုယက်သွား

မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်အပိုင်ရှိ ၀မ်းစကင်းကျေးရွာတွင် ယမန်နေ့ညက အာဝါဒေး(စုပေါင်းလောင်းကစားပွဲ) ကျင်းပရာသို့ အမည်မသိ သေနတ်သမားတစ်စု ၀င်ရောက်လာပြီး လောင်းကစားဝိုင်းများမှ ငွေကြေးများကို လုယက်ယူငင်သွားခဲ့သည်။

ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံတစ်ဦးက “အာဝါဒေးမှာ ဇာတ်ပွဲမကခင် ည ၉နာရီခွဲကျော်ကျော် ကားနှစ်စီးနဲ့ ဆိုင်ကယ်နှစ် စီး ၀င်လာပြီး ကစားဝိုင်းတွေက ငွေတွေအကုန်လုံး သိမ်းယူသွားတယ်။ ၀င်လာတာနဲ့ အကုန်ခေါင်းငုံ့။ တယောက်မှ မော်မကြည့် နဲ့။ အကုန်ပစ်ထည့်လိုက်မယ်လို့ ပြောတယ်။ အဖြစ်အပျက်က ၅မိနစ်ကျော်လောက်ပဲ သိပ်မကြာဘူး”ဟု ကေအိုင်စီသို့ ပြော သည်။

ယခု အာဝါဒေးပွဲကို မွန်ငြိမ်းချမ်းရေးအဖွဲ့မှ ပြုလုပ်သည်ဟု ခေါင်းစဉ်တပ်ထားကာ နယ်ခြားစောင့်တပ်များက လုံခြုံရေးအဖြစ် တာဝန်ယူထားသော်လည်း ၎င်းအမည်မသိအဖွဲ့များ ရုတ်တရက် ၀င်ရောက်လာပြီး ခြိမ်းခြောက်ပြောဆို လုယူသဖြင့် လုံခြုံရေး ယူထားသူများလည်း ထွက်ပြေးသွားကြသည်ဟု မြင်တွေ့သူများက ပြောဆိုသည်။

ဇန်န၀ါရီလအတွင်း ၀မ်းစကင်းရွာတွင် အာဝါဒေးပွဲကို တစ်ရက်ခြားခန့် ပြုလုပ်ကျင်းပခဲ့သလို ဇာတ်ပွဲကိုလည်း ဟန်ပြအဖြစ် တစ်ည ၄သိန်းကျပ်ဖြင့် ငှားထားသည်ဟု သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများမှ ငွေလုယက်ယူငင်သွားသူများမှာ ရဲ၊ အကောက်ခွန်၊ စစ်တပ် စသည့်အဖွဲ့စုံမှ ဖြစ်သည်ဟု ပွဲ လာသူများက ခန့်မှန်းပြောဆိုနေကြသော်လည်း ထိုကိစ္စမှာ မြ၀တီမြို့နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းသာ ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ယခုလို ပြောသည်။

“အမှန်တော့ အာဝါဒေးပွဲဟာ တရားမ၀င်ဘူးလေ။ ဒီမြို့မှာက လက်နက်ကိုင်အဖွဲ့တွေက များတော့ အခုဖြစ်တာလည်း သူတို့ အချင်းချင်း ဖြစ်တာဖြစ်မှာပါ”ဟု ၎င်းရဲအရာရှိက ကေအိုင်စီသို့ ပြောသည်။

KIC

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
January 28, 2013, 10:00:21 PM
Reply #54
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဦးထုပ်ဆောင်းရန် ပြောမိသည့် ယာဉ်ထိန်းရဲ ထိုးကြိတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့၊ပင်လုံလမ်းနှင့် စိတ္တသုခလမ်းဆုံရှိ မီးပွိုင့်အနီး၌ တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲအား အရပ်သားတစ်ဦးမှ ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ဖြစ်ရပ်အား ဇန်န၀ါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကိုယ်ထိလက်ရောက် ကျူးလွန်ရခြင်းမှာ ယာဉ်ထိန်းရဲမှ ဆိုင်ကယ်စီးသူအား ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်းစီးရန် ပြောဆိုခြင်းကို ဘာမှပြန်မပြောဘဲ ကိုယ်ထိလက်ရော ကျူးလွန်လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများထံက သိရှိရသည်။

“လမ်းပေါ်မှာကန့်လန့်ရပ်ထားတဲ့ ဆိုင်ကယ်ပိုင်ရှင်ကို မီးပွိုင့်က တာဝန်ကျယာဉ်ထိန်းက ဦးထုပ်ဆောင်းဖို့နဲ့ ဆိုင်ကယ်ကို အဲ့ဒီလို မရပ်ဖို့ပြောတာ၊ ဆိုင်ကယ်ပိုင်ရှင်က ယာဉ်ထိန်းကို ဆွဲထိုးတော့တာပဲ” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်ထိန်းရဲအား ထိုးနှက်သူသည် အသက်(၂၉)နှစ်အရွယ်ရှိပြီး အမှတ်(၆)ရပ်ကွက် ဘူတာဝင်းအတွင်းတွင် နေထိုင်သူဖြစ်ကာ ယခင်က ဆိုင်ကယ်စီးဦးထုပ်မပါ၍ အဆိုပါ ယာဉ်ထိန်းရဲမှ ဖမ်းဆီးခဲ့ဖူးသူဖြစ်ခြင်းကြောင့် ယခုထပ်မံ၍ ဆိုင်ကယ်စီးဦးထုပ်ဆောင်ရန် ပြောဆိုသည့်အပေါ်တွင် မကျေနပ်၍ ထိုးနှက်ခဲ့ခြင်းဖြစ်သည်ဟု အနီးအနားဝန်းကျင်ရှိ ဒေသခံတို့က ဆိုသည်။

“ယာဉ်ထိန်းကတော့ ယာဉ်ထိန်းတာဝန်လုပ်မှာပဲ၊ ပြည်သူတွေက စည်းကမ်းလိုက်နာမယ်ဆို ဘယ်သူက ဖမ်းမှာလဲ၊ အဖမ်းမခံချင်ရင် ဦးထုပ်ဆောင်းပေါ့၊ အရာရှိတစ်ယောက်ကို ကိုယ်ထိ လက်ရောက်ကျူးလွန် တာတော့ မကောင်းပါဘူး” ဟု ကျောက်မဲမြို့ခံ အစိုးရ၀န်ထမ်း တစ်ဦးက ပြောသည်။

ဆိုင်ကယ်သော့တွဲကိုင်ဆောင်ထားသော လက်ဖြင့်ထိုးနှက်ခြင်းကြောင့် အဆိုပါ ယာဉ်ထိန်းရဲ မျက်နှာတွင် ဒဏ်ရာအနည်းငယ် ဒဏ်ရာရရှိကာ `ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်းဆောင် စဉ်ကိုယ်ထိလက်ရောက်ကျူးလွန်မှု´ဖြင့် တိုင်ကြားထားပြီး ကျူးလွန်သူ အမျိုးသားကို ကျောက်မဲရဲစခန်းမှ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

“လူတွေက စည်းကမ်းမလိုက်နာကြတော့ တာဝန်ရှိသူတွေက ဖမ်းရဆီးရတယ်၊ ခဏခဏ ဖမ်းဆီးခံရတော့ တာဝန်ရှိသူတွေ မှာလည်း လူမုန်းခံရတယ်၊ တစ်ကယ်လို့သာ စည်းကမ်း လိုက်နာကြမယ်ဆို ဒီလိုကိစ္စတွေလဲ ဖြစ်လာမှာမဟုတ်ဘူး” ဟု ကျောက်မဲမြို့မှ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။

ကျောက်မဲမြို့တွင် ယခုနှစ် ဇန်န၀ါရီလအတွင်း ယာဉ်စည်းကမ်းမလိုက်နာမှုနှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း သိရသည်။

မြစ်မခ

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
January 28, 2013, 10:02:45 PM
Reply #55
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
နိုင်ငံတော်ပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား အမှုဖွင့် အရေးယူ

နိုင်ငံတော်ပိုင် ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၀န်ထမ်းရှစ်ဦးအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း မိုးဘိုင်းဆက်သွယ်ရေး စီမံကိန်း လုပ်ငန်းအတွက် လိုအပ်သော စက်ပစ္စည်းနှင့် အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာတွင် ပိုမိုတွက်ချက်တင်ပြ၍ ထုတ်ယူခြင်း၊ စက်ကိရိယာ ပစ္စည်းများ ၀ယ်ယူရာတွင်လည်း ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ နိုင်ငံပိုင်ငွေများကို ထုတ်ယူအလွဲသုံးစား ပြုလုပ်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် ဦးမြင့်ဦး၊ ဦးစိုးအောင်၊ ဦးခင်မောင်တင်၊ ဦးဝင်းနိုင်၊ ဦးမျိုးညွန့်အောင်၊ ဦးစိုးမိုးနိုင်၊ ဦးဌေးဝင်း တို့အား အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ ဖြင့် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းမှ အမှုဖွင့်အရေးယူ တိုင်ကြားထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ မိုဘိုင်းဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း စက်ပစ္စည်းနှင့် အဆောက်အဦစရိတ် ဘဏ္ဍာငွေ ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်း၊

စက်ကိရိယာပစ္စည်းများ ဈေးလျော့ဝယ်ယူခြင်းဖြင့် နိုင်ငံပိုင်ငွေများကို ကိုယ်ကျိုးအလွဲသုံးစား ပြုလုပ်ခြင်းဖြင့် အမှုဖွင့် အရေးယူထားသော ရှစ်ဦးထဲမှ တစ်ဦးသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုမှာ မဟုတ်မမှန်ကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

Eleven Media Group

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
January 29, 2013, 05:45:26 PM
Reply #56
  • Addicted Customer
  • ***
  • Thank You
  • -Given: 1
  • -Receive: 265
  • Join Date: 22 Jan 2013
  • Posts: 87
  • Credit : 624 $
  • View Inventory
  • Send $/Gift
  • Gender: Male
မန်း စက်သုံးဆီ နှစ်ဆိုင် တစ်နေ့တည်း မီးလောင်

မန္တလေး-ဇန်န၀ါရီ၂၉

မန္တလေးတိုင်းဒေသကြီးရှိစက်ဆုံးဆီဆိုင်၂ဆိုင်တွင် ဇန်န၀ါရီ၂၈ရက်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ တံတားဦးမြို့နယ်၊ ဥမှင်ရွာ၊ တံတားဦး-ကျောက်ဆည်ကားလမ်းရှိ ကျော်ကြားသူ စက်ဆုံးဆီဆိုင်တွင် ဓါတ်ဆီပေပါဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ အခြားသို့ ကူးစက်မှုမရှိဘဲ မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုးတိုက်ခန်း တန်ဘိုးငွေကျပ်(၄၀၅၀၀၀ိ/-)မှာ မီးလောင်ဆုံးရှုံးခဲ့သဖြင့် လေဆိပ်ရဲစခန်း(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
ထိုနေ့ ညနေ၅နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ ၄၀x၄၁ လမ်းကြားရှိ စက်သုံးဆီအရောင်းဆိုင်တွင် ၉ခ/xxxx ဆီဘောက်ဆာယာဉ်မှ ၆ဂ/xxxx ဆီဘောက်ဆာယာဉ်သို့ ဆိုင်ဝန်ထမ်းနှစ်တို့ ၂ ဦးမှ ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ၅း၁၅ အချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ၆ဂ/xxxx ဆီဘောက်ဆာယာဉ်၏နောက်ပိုင်းနှင့် ကားတာယာ(၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၉၀၃၀၀၀ိ/-) မီးလောင်ဆုံးရှုံးခဲ့သည့်အပြင်လူ၃ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။
ပေါ့ဆစွာဆောင်ရွက်သူ ၄ ဦးအား မန္တလေးအမှတ်(၉)ရဲစခန်း(ပ)၆၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပြီး ယာဉ်မောင်း-----မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းရဲဇာနည်မှသိရသည်။

Popular Myanmar News Journal

January 29, 2013, 05:47:13 PM
Reply #57
  • Addicted Customer
  • ***
  • Thank You
  • -Given: 1
  • -Receive: 265
  • Join Date: 22 Jan 2013
  • Posts: 87
  • Credit : 624 $
  • View Inventory
  • Send $/Gift
  • Gender: Male
ကျူးကျော်တဲအိမ်မီးလောင်၍ ၂ ဦးဒဏ်ရာရ
နေပြည်တော်၊ ဇန်န၀ါရီ ၂၉
၂၇-၁-၂၀၁၃ ရက်နေ့ ၂၁၁၅ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နှင့် ၇ မိုင် ခန့်အကွာ ရွှေပြည်သာရပ်ကွက်၊ သီလ၀ါကုန်းတန်း လယ်ကွင်းအတွင်းနေထိုင်သည့် ဦးမရမ်းသီး(၅၀)နှစ်၏ ကျူးကျော်တဲမှ မီးလောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်တဲများရှိလူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ အခြားတဲအိမ်များအား ကူးစက်လောင်ကျွမ်းမှုမရှိဘဲ ၂၁၂၀ အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးငွေကျပ်(၄၀၀၀ိ/-)ခန့် မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် တဲအတွင်းအိပ်ပျော်နေသော ဦးမရမ်းသီးတွင် နဖူးဝဲဘက်နှင့် ယာလက်ချောင်းများတွင် မီးလောင်ဒဏ်ရာ၊ သားဖြစ်သူ မောင်ဇော်(၆)နှစ်တွင် မျက်နှာနှင့် ခန်္ဓာကိုယ်၌ မီးလောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ကျောက်တန်းဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသပြီး ဦးမရမ်းသီးအား ကျောက်တန်း ရဲစခန်း(ပ)၃၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

January 29, 2013, 05:47:57 PM
Reply #58
  • Addicted Customer
  • ***
  • Thank You
  • -Given: 1
  • -Receive: 265
  • Join Date: 22 Jan 2013
  • Posts: 87
  • Credit : 624 $
  • View Inventory
  • Send $/Gift
  • Gender: Male
ယာဉ်တိုက်မှုအား စစ်ဆေးရာက လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်န၀ါရီ ၂၉
၂၇-၁-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုကားဝင်းရှေ့၊ ကျိုက္ခမီ လမ်းမကြီးတွင် မော်လမြိုင်မြို့၊ ဒေါင်းဇရပ်ဈေးကြိုနေ ဦးလှဖုန်းရွှေ(၄၅)နှစ် မောင်းနှင်သည့် ၇က/xxxx Vehicle Type ဆလွန်းအဖြူရောင်ယာဉ်နှင့် မြ၀တီမြို့၊ ငှက်ပြောတောရပ်ကွက်နေ ဖုန်းမြင့်(၅၃)နှစ် မောင်းနှင်သည့် ၆က/xxxx တိုယိုတာကိုရိုလာဗင် အဖြူရောင်ယာဉ်တို့ ပွတ်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုအားစစ်ဆေးခဲ့ရာ ၆က/xxxx ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မုပွန်ရဲစခန်း(ပ)၁၅/၂၀၁၃၊ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည်

January 29, 2013, 05:48:40 PM
Reply #59
  • Addicted Customer
  • ***
  • Thank You
  • -Given: 1
  • -Receive: 265
  • Join Date: 22 Jan 2013
  • Posts: 87
  • Credit : 624 $
  • View Inventory
  • Send $/Gift
  • Gender: Male
မီးကြွင်းမီးကျန်မှမီးလောင်ကျွမ်း
နေပြည်တော်၊ ဇန်န၀ါရီ ၂၉
၂၈-၁-၂၀၁၃ ရက်နေ့ ၀၉၁၅ အချိန် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မင်းဒင်ကျေးရွာနေ ဦးခင်မောင်သန်း(၄၃)နှစ်၏ နေအိမ်တဲ မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်နေအိမ်တဲ ၂၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ကျေးရွာနေပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၀၉၄၅ အချိန် မီးငြိမ်းသွား ခဲ့သည်။ မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ တန်ဘိုးငွေကျပ်(၂၂၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆသူ ဦးခင်မောင်သန်းအား တပွင်ရဲစခန်း (ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

January 29, 2013, 05:49:26 PM
Reply #60
  • Addicted Customer
  • ***
  • Thank You
  • -Given: 1
  • -Receive: 265
  • Join Date: 22 Jan 2013
  • Posts: 87
  • Credit : 624 $
  • View Inventory
  • Send $/Gift
  • Gender: Male
တူမီးသေနတ် ကျည်ပေါက်ထွက်မှုကြောင့် ဒဏ်ရာရ
နေပြည်တော်၊ ဇန်န၀ါရီ ၂၉
၂၆-၁-၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ အောင်သန်းထွဋ်(၃၀)နှစ်ပါ ၃ ဦးသည် အရှေ့တောင်ပေါ်သို့ သစ်ခုတ်ရန်သွားရောက်စဉ် ၂၇-၁-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အစပ် ဒေသအခေါ် ကျောက်လုံးကြီးတောတွင်း အရောက်တွင် သန်းလွင်(၃၀)နှစ်၏ တူမီးသေနတ်မှာ ခြုံနွယ်နှင့်ငြိ၍ ကျည်ပေါက်ထွက်ကာ ရှေ့မှသွားနေသည့် အောင်သန်းထွဋ်၏ကျောပြင်ဝဲဘက်အား ထိမှန်၍ ဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။
ဒဏ်ရာရရှိသူ အောင်သန်းထွဋ်အား ဇလုပ်ကြီးကျေးရွာသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ၂၃၀၀ အချိန် ကွင်းဆိပ်ရဲစခန်းသို့ လာရောက်သတင်းပို့ကာ ဒုံကရစ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ၂၈-၁-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ကွင်းဆိပ်ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

January 29, 2013, 11:07:43 PM
Reply #61
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်

ရန်ကုန် - နေပြည်တော်လမ်း မိုင်တိုင်၁၂၄ နားမှာ ယနေ့  နေ့ လည် ၁၂နာ၇ီဝန်းကျင်မှာ ပရာဒို ကားတစ်စီးတိမ်းမှောက် ရာ လူတစ်ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။

ကုမုဒြာ

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 01, 2013, 09:52:31 PM
Reply #62
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မြောက်ဒဂုံ ဗိုလ်ဗထူးလမ်းပေါ်တွင် ယဉ်တိုက်မှုဖြစ်ပွား

ယနေ့ ဖေဖော်ဝါရီ ၁ရက် နေ့လည် ၁၁ နာရီအချိန်ခန့်တွင်မြောက်ဒဂုံမှ လာသောယဉ်အမှတ် ၅ဃ/၇၇၀၇ သည်မြောက်ဥက္ကလာအဝိုင်းဘက်သို့ အရှိန်ပြင်းမောင်းနှင်လာရာမှ
မြောက်ဒဂုံဗိုလ်ဗထူးလမ်းပေါ်ရှိ တီဗီ(၁) ကားမောင်းသင်တန်းဝင်းအတွင်းမှ ထွက်လာသော ဆိုင်ကယ်အား ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်ပေါ်ရှိလူမှာ ပြင်းထန်စွာဒဏ်ရာရပြီးပြီး သတိလစ်မေ့မြောသွားကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ ပတ်ဝန်းကျင်မှလူများနှင့် ယဉ်ထိန်းရဲရောက်ရှိလာရာ ယင်းတိုက်မိသော ကားမှကားမောင်းသမားသည် ယင်းလူနာအား တင်ဆောင်ပြီး မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

The Myanma Age

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 02, 2013, 11:13:23 PM
Reply #63
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ

ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်းအကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်းစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။
ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး မှ သတင်းတစ်ခုထူးခြားကြောင်း “တော ဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။ အဆိုပါသတင်းကြာရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ပြလို ကြောင်း ဘိုင်းဒါကြိုးဝိုင်းအကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ ၄၀၀ ခန့်အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။

ပဲခူးအနောက်ဆင်ပစ်မုဆိုးအန္တရာယ် ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ ဆင်များ ပြောင်းရွေ့နေထိုင်ကြသည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေကြောင်း သိရသဖြင့် သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။ ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့် ၀ါးခြံစည်းရိုးအား ဖြုတ်ပြီးထမင်းချက်ခန်း အနီးသို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်း ကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွာဲး့သည်။

ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်။ ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင် ရှိနေပါကြောင်း တောအုပ်ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာ ရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြ ပါသည်။

၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက် (၇း၀၀) နာရီခန့် တောအုပ်မင်းသန့်ဇင်၊ တောင်ခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြားလျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်ကြတ်စင်ဆောက်ရန် မျောသစ် လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်း သူကိုယ်တိုင်ဆင်အားတူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး ကြတ်စင်ဆောက်လုပ်နေကြောင်း တူမီး သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။
မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်းကုမ္ပဏီ မှ အထွေထွေမန်နေဂျာ ဦးအောင်ဖိုး၊ လ/ထမန်နေဂျာဒေါ်ရတနာသိန်းနှင့် ဂျို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေးအဖွဲ့သည်ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။ ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အားမတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။

ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း မင်းအား မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့် ရောင်းရကြောင်း၊ ဆင်နှာမောင်းကို အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿရှစ်သောင်းကျပ်ရောင်း ရကြောင်း၊ အစွယ်တစ်ပိဿကျပ်ငါးသိန်း ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက်တွင်ရှိကြောင်း ပြောကြား သည်။ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ များ ပုဒ်မ ၃၇ (က) အရအမှုဖွင့်အရေး ယူလျက်ရှိသည်။

The Hot News

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 03, 2013, 12:02:49 PM
Reply #64
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
လက်စွပ်အတုကြောင့် လက်ထိပ်ဝတ်ရသူ

မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက် ခေမာ (၅) လမ်းနေ မယုယုဇင်သည် ဇန်န၀ါရီလ (၂၇)  ရက်နေ့ (၁၂း၀၀) နာရီခန့်အချိန် တွင် အလေးချိန် ၃ ပဲ ၄ ရွေးခန့် ကျောက်တစ်လုံးလက်စွပ်အား ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ရတနာ လမ်းထောင့်အမှတ် တ/၅၀ ရှိ လက်ကီးဆဲဗင်းအမိန့်ရအပေါင် ဆိုင်သို့ကျပ်ငွေ ၁၁၀၀၀၀ နှင့် ပေါင်နှံခဲ့ကြောင်း သိရှိရသည်။

ဆိုင်တာဝန်ခံဖြစ်သော မသင်းသင်းခိုင်မှ မယုယုဇင်ပေါင် နှံသွားသောလက်စွပ်အား သေချာ  အောင်စစ်ဆေးကြည့်သောအခါ တွင် ရွှေအတုဖြစ်နေကြောင်း ၎င်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြောပြ၍ သိရှိရသည်။

အဆိုပါ မယုယုဇင်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ (၀၃း၀၀)  နာရီခန့်အချိန်တွင် ဒုတိယအကြိမ်  ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ပုံစံ တူ ၃ ပဲ ၄ ရွေးခန့်ကျောက်တစ် လုံးလက်စွပ်အတုအားပေါင်နှံနေ စဉ်ပထမအကြိမ်ပေါင်နှံသွားသော  မယုယုဇင်မှန်းသိရှိခဲ့၍ ထိုအချိန် တွင် လှည့်ကင်းတာဝန်ထမ်းဆောင်   နေသော အုပ်ချုပ်ရေးမှူးထံ ဖုန်း ဆက်အကြောင်းကြားခဲ့ကြောင်း ပြောကြား၍ သိရှိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရဲတပ်ကြပ်အောင်နိုင်ဦးရဲတပ်သား ကျော်သူဇင်နှင့် အောင်ဟိန်းတို့  ရောက်ရှိလာပြီး ပူးပေါင်းဖမ်းဆီး လိုက်ကြောင်း သိရှိရပါသည်။

ဒုတိတယကြိမ်မယုယုဇင်လာ ရောက်ရောင်းချသော လက်စွပ်မှာ  အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေး  သည်အခါ ရွှေအတုဖြစ်နေကြောင်း၊ သို့သော်ဆိုင်တာဝန်ခံအမှုဖွင့်ရန်   အချိန်မပေးနိုင်ခြင်းအပါအ၀င် အခက်အခဲအချို့ကြောင့် ၎င်းင်း မယုယုဇင်အား ရဲစခန်းမှခြေချုပ်  ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း   သိရှိရသည်။

The Hot News

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 05, 2013, 08:05:51 PM
Reply #65
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
GTC ကျောင်းသား ရိုးမဘဏ်ဝင်ဖောက်

ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် GTC ကျောင်းသား လူငယ်တစ်ဦးအားရိုးမဘဏ်ကို ဖောက်ထွင်းမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁နာရီခန့်က အသက် ၁၉နှစ်ရှိမောင်---သည်ရိုးမဘဏ် မျက်နှာကျက်မှ ဖောက်ထွင်း ဝင်ရောက်ကာ
ငွေ ၁၇၀၀၀ ကျပ် ခိုးယူခဲ့မှုဖြင့် ယင်းသို့ ဖမ်းဆီးအရေးယူခဲ့ကြောင်း အဆိုပါဘဏ်မှ သိရသည်။

ရိုးမဘဏ်(အောင်ပန်း) ငွေခန်းဒုတိယ တာဝန်ခံ ဒေါ်ခင်သက်ဦးက“ ဘဏ်ကို မျက်နှာကျက်ကနေဖောက်ပြီးတော့ဝင်တယ်။ ငွေခန်းကိုတော့
ဖောက်လို့မရဘူး။ အဲဒါကြောင့် ဘဏ်ဝန်းထမ်းတွေရဲ့  စားပွဲတွေကနေ ငွေကျပ် ၁၇၀၀၀ ကျော် ကို ခိုးယူသွားတယ်” ဟု ဆိုသည်။

အဆိုပါတရားခံကို နံနက် ၃ နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး အောင်ပန်းမြို့ နယ် ရဲစခန်းမှ အရေးယူထားကြောင်း၏သိရသည်။

ဒေါ်ခင်သက်ဦးက “ ကောင်လေးက ငယ်ငယ်လေးပဲ ရှိသေးတယ် ။ပြီးတော့ အင်ဂျင်နီယာ ကျောင်းသား တစ်ယောက်လည်း ဖြစ်တယ် ။ သူ့အဖေက ပညာရေး (၃) က အရာရှိတစ်ယောက်လို့ပြောတယ်။မနက် ၈ နာရီ မှာ အဲဒီကောင်လေးကို ခေါ်လာပြီး ရဲအရာရှိတွေကဘဏ်မှာ သရုပ်ပြခိုင်းတယ် ” ဟု ဆက်လက်ပြောသည်။

ရိုးမဘဏ်သည် ယခင်က ငွေလွှဲလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်သော်လည်းလက်ရှိတွင် ဘဏ်လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့်
ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

Yangon Media Group

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 05, 2013, 08:29:42 PM
Reply #66
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
လက်နက် ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၃-၂-၂ဝ၁၃ ရက်နေ့ ဝ၇ဝဝ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး မူးယစ်(အထူး)အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တမူးမြို့၊ စန္ဒကူး(၃)ရပ်ကွက်၊ အိမ်အမှတ်၊ စဒ-၃/၂ဝ နေအိမ်ရှေ့ လမ်းမပေါ်၌ ၈ဈ/×××× MICRO BUS အမျိုးအစား၊ မီးခိုး/နံ့သာရောင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းဖြစ်သူ အထက်ပါလိပ်စာနေ စိုးမြင့်ဝင်း(၄၇)နှစ်နှင့် ဇနီးဖြစ်သူ မဖြူဖြူဝင်း(၄၃)နှစ်တို့အား တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ယာဉ်အလယ်ခန်းနှင့် နောက်ခန်းအတွင်းမှ စက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုးထားသည့် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ အအေးမိနှာစေးပျောက်ဆေးပြား (အကြွေ) ၁ဝဝ၈ဝဝဝ ပြား၊ အလေးချိန် ၁ဝဝ.၈ ကီလို၊ စုစုပေါင်းတန်ဘိုး ၁၂ဝ၉.၆ သိန်းအား သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်အောက်မှ လက်နက် မျိုးစုံ ၄ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

၎င်းအပြင် နေအိမ်အိပ်ခန်းအောက် (၁ဝ)ပေပတ်လည် မြေအောက်ခန်းအတွင်းရှိ သံသေတ္တာ ၁ဝ လုံးအတွင်းမှ လက်နက်မျိုးစုံ ၉၂ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆ဝ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ကျည်မျိုးစုံ ၇၉ဝ၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁ တောင့်နှင့် ယမ်းကြိုးခွေ ၄ ခွေ တို့အား သိမ်းဆည်းရရှိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ၂၃-၁-၂ဝ၁၃ ရက်နေ့တွင် တမူးမြို့နယ်၊ ခွန်မွန်းနွန်ရွာနေ ရဲဝင်းစိုး(၃ဝ)နှစ်မှ အိန္ဒိယနယ်စပ်တွင် ဆူဒိုအက်ဖီဒရင်းဆေးပြားများ ထည့်ထားသည့် စက္ကူဖာ (၆)ဖာအား သယ်ဆောင်ခငွေ ကျပ်သိန်း ၆ဝ ဖြင့် မန္တလေးမြို့သို့ ပို့ခိုင်းကြောင်း၊ ရဲဝင်းစိုးမှာ မန္တလေးမြို့သို့ ကြိုတင် ထွက်ခွာသွားကြောင်းနှင့် စိုးမြင့်ဝင်းမှာ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦးတွင် ရိက္ခာပို့နေသူဖြစ်ပြီး ၂ဝ၁ဝ ခုနှစ် ဇူလိုင်လခန့်တွင် ပြည်ထောင်စု အမျိုးသားလွတ်မြောက်ရေးတပ်ဦးမှ မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘနှင့် ဗိုလ်အဆင့်ရှိသူ မြင့်အောင်တို့မှ အဆိုပါလက်နက်သေတ္တာ (၁ဝ)လုံးအား လာရောက်အပ်နှံထား၍ သိမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ တွေ့ရှိသူ စိုးမြင့်ဝင်း၊ မဖြူဖြူဝင်းနှင့် ဖမ်းဆီးရန်ကျန်ရှိသော ရဲဝင်းစိုး တို့အား တမူးရဲစခန်း၊ မူးယစ်(ပ) ၁၂/၂ဝ၁၃ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ရဲဝင်းစိုးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

Monywa Times

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 06, 2013, 09:53:47 PM
Reply #67
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီးရှိ ရေကန်တစ်ကန်တွင် လူတစ်ဦးရေနစ်သေဆုံးနေကြောင်းတွေ့ရှိ

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၆)ရက် ညနေ(၄)နာရီဝန်းကျင်က တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီး မင်္ဂလာပါ ဥယျာဉ်ထဲရှိ ရေကန်မှာ လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သိရှိရပါတယ်။

သေဆုံးသူသည် အသက်(၄၀)၀န်းကျင်ခန့်ရှိသောသူဖြစ်ပြီး အဆိုပါရေကန်ထဲတွင် မည်သည့်အချိန်က ရေနစ်သေဆုံးနေကြောင်းမသိရသော်လည်း မင်္ဂလာပါ ဥယျာဉ်ဘေးအနီးအနားရှိ လူတစ်ဦးမှ ပြောကြားလာရာမှာ"ဒီလူကို အရင်ကမြင်ဖူးတယ် နည်းနည်းပိန်တယ်၊ အခုက နည်းနည်းဖောင်းနေတယ်ဆိုတော့ ရေနစ်နေတာ ဒီရက်ပိုင်းကလိုပဲ ထင်တယ်၊ ဘာကြောင့်ခုလိုဖြစ်လည်းဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး အရက်မူးပြီး ရေထဲခုန်ချလားဆိုတာကတော့ စဉ်းစားစရာပဲဗျ"ဟု ပြောကြားလာပါတယ်။

 ရေထဲမှ ဆယ်ယူလာသော အလောင်းအား သက်ဆိုင်ရာမှ သေမှုသေခင်းအဖြစ် ဆက်လက် လုပ်ဆောင်နေကြတာကိုလည်းတွေ့ခဲ့ရပါတယ်။

Tachileik

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 11:36:33 AM
Reply #68
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ရန် နှစ်ဖက်လျှောက်လဲချက်များ တောင်းခံ

သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ရန် နှစ်ဖက်လျှောက်လဲချက်များ တောင်ခံထားကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ၄င်းအမှုအား စစ်ဆေးလျက်ရှိသော အနောက်ပိုင်းခရိုင် တရားရုံးခရိုင် ဒုတိယတရားသူကြီး ၃ မှ သတင်း ရရှိသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် တရားရုံးတွင် စတင် စစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် သက်သေများအား စစ်ဆေးပြီးစီးခဲ့သောကြောင့် နှစ်ဖက်ရှေ့နေများဘက်မှ လျှောက်လဲချက်များအား တောင်းခံထားကြောင်း သိရသည်။

ယခု တရားစွဲဆိုထားခံရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလို မကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့် နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား ကြက်မွေးတစ်ချောင်းပေး၍  ၄င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်အရ သိရသည်။ 

EMG

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 12:12:35 PM
Reply #69
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှတရားမ၀င်သစ်များဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်းတို့သည်
ဖေဖော်ဝါရီ(၄)ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့်နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။

ဟိန်းသစ္စာExpress သည် အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီးနောက်ယောက်ခံလိုက်ခံရသော ကားမှာ ခရီးသွားကားများ ရှုပ်ထွေးလျက် ရှိသောကြောင့် အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊ သစ်တော်ဦးစီးဌာန၊လက်ထောက် ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့် ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိတို့ထံ လမ်းမှ စောင့် ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊လက်ထောက်ညွှန်ကြားရေး မှူး၊ဦးစီးအရာရှိတို့ ဦးဆောင်သော အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ် ဧရိယာအတွင်းမှဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅) အချိန်တွင် အမြန်လမ်းမကြီး မိုင် တိုင်(၅၆)မိုင်တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိပြီး (၁၅)မိနစ်ခန့် အကြာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူး၊ဦးကျော်ကျော်လွင်ရောက်ရှိ လာပြီး အနီးကပ်စစ်ဆေးမှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်အဖွဲ့အား ညွှန်ကြားခဲ့သည်။

အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်းတာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား(၉၀)ချောင်း (၆.၂၁၀၈)တန်
အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိသော ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ် ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား ထားကြောင်းသိရှိရသည်။

 The Hot News

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 10:39:23 PM
Reply #70
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ပိတ်ချင်းမြောင် လှိုင်ဂူတော်အတွင်းရှိ သုံးဆင့် ရေတံခွန်တွင် ရတနာသိုက်များ ရှာဖွေရာမှ လူသေဆုံးမှုဖြစ်ခဲ့

ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိ သုံးဆင့်ရေတံခွန်တွင် အိပ်မက်အရ ရတနာသိုက်များ ရှာဖွေရာမှ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၅နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင် လှိုဏ်ဂူတော်အတွင်းရှိသည့် သုံးဆင့်ရေတံခွန်တွင် လူတစ်ဦးသေဆုံးကြောင်း ဦးကျော်ဆွေ(ဂေါပက)၏ သတင်းပေးချက်အရ ပိတ်ချင်းမြောင်ရဲစခန်းမှူး ရဲအုပ်စိုးစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူမှာ အောင်နိုင်ဝင်း(၂၀)နှစ်သည် အမြင့်ပေ ၈၀ ခန့်ရှိ ပိတ်ချင်းမြောင်လှိုဏ်ဂူ သုံးဆင့်ရေတံခွန် အောက်ဆုံးထပ်တွင် ခါးနှင့်လက်များတွင် နိုင်လွန်ကြိုးပတ်လျက် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့တွင် နေထိုင်ကြသည့် ဆိုင်ကယ်ဝပ်ရှော့ လုပ်ကိုင်သူ အောင်နိုင်ဝင်းသည် အစ်ကိုတော်စပ်သူ ဦီးပညာဘာသ ၄၀နှစ်၊ဇော်နိုင်ဝင်း ၂၅ နှစ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်၁၀နာရီအချိန်တွင် လှိုဏ်ဂူသို့ လာရောက်ခဲ့ပြီး အောင်နိုင်ဝင်းက အသက်ငါးနှစ်အရွယ်မှ ယနေ့အချိန်ထိ လှိုဏ်ဂူရေတံခွန်အတွင်း ရတနာသိုက်များရှိကြောင်း၊ ညအချိန်တွင် လာယူရန် အကြိမ်ကြိမ် အိပ်မက်ပေးကြောင်း ပြောဆိုသောကြောင့် အောင်နိုင်ဝင်း၏ ဆန္ဒအရ ည ၁၁နာရီခွဲအချိန်တွင် ပိတ်ချင်းမြောင်ရေတံခွန်အလယ်ထပ်သို့ ညီအစ်ကို ၃ဦး သွားရောက်ခဲ့ပြီး အောင်နိုင်ဝင်း၏ခါးတွင် ကြိုးချည်၍ ရေတံခွန်အောက်သို့ ဆင်းသွားခဲ့ပြီး အစ်ကိုဖြစ်သူ ဇော်နိုင်ဝင်းမှ ကြိုးစအား လက်ဖြင့်ဆွဲထားခဲ့ကြောင်း၊ အောင်နိုင်ဝင်း ဆင်းသွားပြီး (၂)နာရီခန့်အကြာတွင် ကြိုးစအား ပြန်လည်ဆွဲတင်ရာ မရသဖြင့် လှိုဏ်ဂူလုံခြုံရေးအဖွဲ့များနှင့် သွားရောက်စစ်ဆေးရာ အောင်နိုင်ဝင်းသည် ကိုယ်လုံးနှင့် လက်များတွင် ကြိုးစများရစ်ပတ်ပြီး သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူ အောင်နိုင်ဝင်းအား ပြင်ဦးလွင်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပိတ်ချင်း မြောင်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၃ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

weeklyeleven

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 08, 2013, 10:40:33 PM
Reply #71
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။

ငွေစက္ကူအတု လဲလှယ်ပေးသည့်သူအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူဆိုသူမှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သတင်းရရှိခဲ့ပြီး၊ ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန် ဒုရဲအုပ်မျိုးမင်းကြူနှင့်အဖွဲ့မှ သက်သေများနှင့်အတူ အသွင်ယူကာ ငွေစက္ကူလဲလှယ်ပေးသည့် စည်သူ(ခ)စည်သူမြင့်အား မြို့တော်ဥယျာဉ်ရှေ့တွင် ချိန်းဆိုဆက်သွယ်ခဲ့ကြောင်း သိရသည်။ စည်သူ(ခ)စည်သူမြင့်ပါ နှစ်ဦးသည် 125 ကန်ဘိုဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် စစ်မေးရာမှ စည်သူ(ခ)စည် သူမြင့် ၂၇နှစ် လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၅၀၀၀တန်တစ်ရွက် ၁၀၀၀တန် (၁၂၆) ရွက်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုပုဒ်မ ၄၈၉ (ခ)အရ အမှတ်(၉)ရဲစခန်းမှ (ပ)၈၄ /၂၀၁၃ဖြင့် အမှုဖွင့်အရေးယူခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ငွေစက္ကူအတုများနှင့် ပတ်သက်ပြီး စည်သူ(ခ)စည်သူမြင့်မှ ငွေစက္ကူအတုများကို ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သည့် မသဇင်၏ ဆက်သွယ်ပေးမှုဖြင့် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သ ရေ အနောက်ရပ်ကွက်၊ ၂၅လမ်းနှင့် ၂၆လမ်း၊၈၃လမ်းနှင့် ၈၄လမ်းကြား၊ သရဖီလမ်းသွယ်၊ အိမ်အမှတ်(၅၇/၃) တွင် နေထိုင်သည့် သက်တင်ထံမှ ရယူ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်တင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ သက်တင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ညီမဖြစ်သူ မလွင်ဇာခိုင်အား တွေ့ရှိရသဖြင့် မလွင်ဇာခိုင်၏ ဘီရိုအတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၁၀၀၀တန်အသေး ၁၉၃ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် သက်တင်နှင့် မလွင်ဇာခိုင်တို့အား အမှတ် (၅)ရဲစခန်းမှ (ပ)၇၃/၂၀၁၃၊ပြစ်မှုပုဒ်မ ၄၈၉-(ခ)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

weeklyeleven

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 09, 2013, 10:36:29 PM
Reply #72
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ(၃)ရက်နေ့ နံနက်(၁၀း၃၀)ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရက်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။

တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် မြင့်လွင် နှင့်အတူ ဒုရဲအုပ် အောင်ကျော်စိုး နှင့် မူးယစ်(အထူး)တပ်ဖွဲ့အပါအ၀င် ပူးပေါင်းဖွဲ့တို့သည် ဆန်ဆိုင်း(က)ရက်ကွက် အတွင်းရှိ နေအိမ်တစ်ခုသို့ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေစစ်ရာ
 နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်းမှ အမျိုးသမီးလက်ကိုင်အိတ် အညိုရောင်ထဲတွင် ထည့်ထားသော အိုက်စ် ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ အလေးချိန်(၁၀၀)ဂရမ်ခန့်စီပါ(၃)ထုပ်၊ စုစုပေါင်းအလေးချိန်(၃၀၀)ဂရမ်၊ Sponsor စာတမ်းပါ ဖန်ပုလင်းဖြင့်ထည့်ထားသော ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် (၂၀)ဂရမ်ခန့်ပါ (၁)ပုလင်း နှင့် Methadone HCLဟု ယူဆရသော အ၀ါရောင်ဆေးရည် (၁၅၀)မီလီလစ်တာပါ ပလပ်စတစ်ဗူး(၁)ဗူး၊ (၁၀၀)မီလီလစ်တာပါ(၁)ဗူး စုစုပေါင်း အလေးချိန်(၂၅၀)မီလီလစ်တာ တို့ကို တွေ့ရှိသိမ်းဆည်းရရှိပြီး ဆက်လက်၍ ရှာဖွေရာမှာ နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းတွင် Sponsor စာတမ်းပါ ဖန်ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့်(၁၀)ဂရမ်ခန့်ပါ (၁)ပုလင်းနှင့် ရှမ်းစက္ကူဖြင့် ထုပ်ထားသော ဘိန်းစိမ်း အမဲရောင်အစေး အလေးချိန်(၁၀၀)ဂရမ်ခန့်စီပါ (၂)ထုပ် တို့အား ထပ်မံရှာဖွေသိမ်းဆည်းရမိပါတယ်။

မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူ မ.....၏ ထွက်ဆိုချက်အရ အိုက်စ်များအား မယ်ခေါင်ရပ်ကွက်အတွင်းရှိ မိတ်ဆွေတစ်ဦးထံမှ ၀ယ်ယူရရှိတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုသောကြောင့် ဒုရဲအုပ် အောင်ကျော်စိုး နှင့် အဖွဲ့တို့သည် အဆိုပါနေအိမ်သို့ သွားရောက် ရှာဖွေဖမ်းဆီးရာ အိုက်စ်များကို ရောင်းချသူ ကို..... အား ဖမ်းဆီးရှိမိခဲ့သော်လည်း ၎င်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

ဆက်လက်၍ ဖမ်းဆီးရမိသော တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပတယ်။

Tachileik

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 13, 2013, 10:10:18 PM
Reply #73
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
အမျိုးသားတစ်ဦး ခြောက်လွှာမှ ခုန်ချမှု ကမာရွတ်မြို့နယ်အတွင်း ဖြစ်ပွား

ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေငါးဆယ်လမ်း၊ တိုက် ၃၄၊ ၆ လွှာ၊ အေတွင် နေထိုင်သူ အမျိုးသားတစ်ဦး ၎င်း၏ ခြောက်လွှာအထပ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်က ရန်နောင်ထွန်း (၂၆) နှစ်သည် ၎င်းနေထိုင်ရာ တိုက် ၃၄၊ ၆ လွှာမှ တိုက်နောက်ဖေးသို့ ခုန်ချခဲ့ကြောင်း သိရသည်။

အဆိုပါ ခုန်ချမှုကြောင့် ၎င်းမှာ ဦးခေါင်းနှင့် ခြေထောက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်တို့က ပြောသည်။
"မခုန်ချမီ နေ့လယ် ၁၂ နာရီကျော်လောက်က အဲဒီကလေး အန်တီတို့ဆိုင်မှာ ဟင်းလာဝယ်သေးတယ်။ ပြီးတော့ ပြန်ထွက်သွားတယ်။ နောက်တော့ အမျိုးသမီးတစ်ဦး အော်သံကြားတယ်။ ပြီးတော့ ခုန်ချတဲ့လူရဲ့ အမေရောက်လာတယ်။ နောက်ဖေးလမ်းကြားမှာ အန်တီ့သား ခုန်ချသွားလို့ဆိုပြီး ပြောတယ်။ အဲဒီတော့မှ အန်တီတို့လည်း တိုက်ပေါ်က ခုန်ချတာ သိလိုက်တယ်။ သူ့ကို အရင်က မတွေ့ဖူးဘူး။ ဒီရပ်ကွက်ထဲကို ပြောင်းလာတာ မကြာသေးဘူးထင်တယ်" ဟု ဖြစ်စဉ်အနီးရှိ နေထိုင်သူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကမာရွတ်ရဲစခန်း တာဝန်ရှိသူ တစ်ဦးက "လက်ရှိမှာ စစ်ဆေးချက် ယူနေပါတယ်။ ပြီးမှ ဥပဒေအတိုင်း ဆက်လက် အရေးယူသွားပါမယ်" ဟု ဖြေကြားသည်။

EMG

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 16, 2013, 10:58:35 PM
Reply #74
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 37968
  • -Receive: 108774
  • Join Date: 02 May 2011
  • Posts: 16049
  • Credit : 121321 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် အသက် ၂၅ နှစ် အရွယ်ခန့်  ရှိပြီး ဦးခေါင်း ပြတ်နေသော ခန္ဓာကိုယ် ကို ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၁/၁၄၀ အနီးတွင် လာရောက် စွန့်ပစ် ထားကြောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင် အမှတ် ၂/၁၃၈ အနီး လမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းပြတ် တစ်လုံးကို ထပ်မံ တွေ့ ရှိခဲ့ ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ဖြူးမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပေးပို့ စစ်ဆေးခဲ့ ရာ နံနက်ပိုင်း က တွေ့ ရှိခဲ့ သော အမျိုးသမီး ခန္ဓာကိုယ် နှင့် တစ်ဆက်တည်း ဖြစ်သည်ကို မြို့နယ် မူခင်း ဆရာဝန်က အတည်ပြု ခဲ့သည်။

“ဆေးရုံ က ဆေးစစ်ချက် ကို ထုတ်ပေးပြီး ရဲစခန်း ကနေ တစ်ဆင့် ထုတ်ပြန် ပေးမှာပါ။ အခုတော့ ထုတ်ပြန် ပေးလို့ မရသေး ပါဘူး” ဟု ဖြူးမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇော်လွင်က ရှင်းပြသည်။

အမျိုးသမီး ကို အသက် ခန့် မှန်း နိုင်သည် မှ အပ အမည်၊ နေရပ် လိပ်စာ နှင့် အသေးစိပ် အချက် အလက် များကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ပြီး၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း မြို့နယ် ရဲစခန်း ထံမှ သိရသည်။

The Voice