Profile & Signature Settings များနှင့်ဆိုင်ရာ ကန့်သတ်ချက်များ
၁။ မြန်မာတီးရှော့ဖိုရမ်အတွင်း မန်ဘာများအား ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ကိုယ်ရေးကိုယ်တာ၊ အများမြင်ကွင်းတွင် မြန်မာယဉ်ကျေးမှုနှင့် သင့်တော်ရာ Forum, Blog, Website များ အားလုံးကို Profile & Signature များတွင် ကြေငြာခြင်းကို လွတ်လပ်စွာသုံးစွဲနိုင်ခွင့်အဖြစ် အခြေခံမှုများသတ်မှတ်ပြီး ခွင့်ပြုထားသည်။
၂။ မန်ဘာများ၏ Profile များတွင် မြန်မာတီးရှော့ဖိုရမ် (သို့မဟုတ်) မန်ဘာတစ်ဦးတစ်ယောက်အား ထိခိုက်နစ်နာစေရန် ရည်ရွယ်ပြီးဆောင်ရွက်ခြင်း၊ ရေးသားဖေါ်ပြခြင်းများကိုမှု လုံးဝ(လုံးဝ) ခွင့်မပြုပါ။
၃။ မန်ဘာများ၏ Profile များတွင် အများအမြင်တွင် မသင့်တော်သည့်ပုံများ၊ ညစ်ညမ်းပုံများ၊ စာသားများ၊ မိမိနှင့်သက်ဆိုင်ခြင်းမရှိသည့် သာမန်အရပ်သူများ၏ ပုံများအား Avator အဖြစ်ဖေါ်ပြထားခြင်းကို ခွင့်မပြုပါ။
၎။ မန်ဘာများ၏ Profile တွင် Music & Video , Photos နှင့် မိမိစိတ်ကြိုက် စာသားများအား လွတ်လပ်စွာဖေါ်ပြခွင့်ပြုသည်။ သို့သော် မိမိနှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားသူ၏ Email များ၊ လိပ်စာများ ကို ဖေါ်ပြခွင့်အား ခွင့်မပြုပါ။
၅။ မန်ဘာများ၏ Signature များတွင် Music & Video , Flash Player များ နှင့် ဆက်စပ်လင့်များအား ချိတ်ဆက်ပြီး အသံများထွက်ပေါ်စေရန် Auto Play ဆောင်ရွက်ထားခြင်းကို တားမြစ်သည်။
၅။ 18+ အား တီးရှော့တွင် ရေးသားဖေါ်ပြခွင့်အား ပိတ်ပင်တားမြစ်ထားသည့်အတွက် 18+ ပါဝင်သည့် Forum, Blog, Website Link အားလုံးကို Profile & Signature များအပါအ၀င် မည်သည့်နေရာတွင်မှ ရေးသားဖေါ်ပြခြင်းကို ခွင့်မပြုပါ။
၆။ Signature များသည် ပိုစ့်တိုင်းတွင် မြင်တွေ့နေရသည့်အတွက် အများအမြင်တွင် သင့်တော်ရာအရွယ်အစားဖြင့်သာဖေါ်ပြရန်နှင့် သာမန်သုံးစွဲနေကြ Signature အရွယ်အစားများအတိုင်းသာ ကြေငြာစေလိုပါတယ်။
အခြေခံသတ်မှတ်ချက်များမှာ| Maximum allowed characters | = | 500 |
| Maximum amount of lines | = | 5 |
| Maximum font size allowed in signatures | = | 50 |
| Maximum smiley count | = | 10 |
| Maximum width of signature images (pixels) | = | 400 |
| Maximum height of signature images (pixels) | = | 200 |
၇။ တီးရှော့ဖိုရမ်အတွင်း အနီရောင်စာသားဖြင့် ပိုစ့်များတင်ခြင်း၊ Signature များတွင် ရေးသားဖေါ်ပြထားခြင်းများအား လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန်။
၈။ Spam, Spyware, Mal ware, Trojan, Attach Links များ နှင့် Forum ၏ Loading & Speed အား ထိခိုက်စေရန်ထည့်သွင်းဆောင်ရွက်ထားခြင်းကို လုံးဝ(လုံးဝ) ခွင့်ပြုမည်မဟုတ်ပဲ စစ်ဆေးတွေ့ရှိလျှင် ၀င်ခွင့်ပိတ်ပင်သည်အထိအရေးယူသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပါသည်။
Scorpion
Global Moderator
Myanmar Teashop Management Team