Author Topic: ¸.•*´`*♥. ရင်ထဲမှာ ကဗျာပန်းတွေ ပွင့်လာရင် .♥*´`*•.¸(ကိုယ်တိုင်ရေးကဗျာများ) (Read 13857 times)

0 Members and 1 Guest are viewing this topic.

December 26, 2012, 11:14:29 PM
Reply #800
  • Royal Customer
  • *****
  • Thank You
  • -Given: 14851
  • -Receive: 20950
  • Join Date: 16 Apr 2011
  • Posts: 1567
  • Credit : 35576 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • အပယ်ခံဘဝ
    • Teashop PDF Team  
ဒီနေ့နဲ့မနက်ဖြန်ကို ကျနော်တစ်ယောက်တည်းပိုင်ဆိုင်တယ်
ဒါပေမယ့် ကျနော့်ရဲ့ အဲ့ဒီ့တစ်ရက်နဲ့တစ်ရက်က မတူညီဘူး
ဝင်လေနဲ့ထွက်လေကိုမှ အသက်ရှုပုံခြင်းက လုံးဝကွဲပြားတယ်
သေချာစဉ်းစားရရင် ဒါ ကျနော်ပိုင်ဆိုင်တဲ့ သံသရာပေါ့ဗျာ။

အင်း ... ဂွကျကျအယူအဆနဲ့ ကပ်သပ်တွေးမယ်ဆိုရင်တော့
ကမ္ဘာဆိုတာလည်း ပြားနိုင်သေးတာပဲ မဖြစ်နိုင်စရာရယ်လို့ မရှိ
ဖြစ်ပြီးရင်ပျက်ရမယ်လို့ အားလုံးကို ဥပေက္ခာပြုထားလိုက်မယ်
သင်္ခါရတွေ သင်္ခါရတွေ ... သြော် ... သင်္ခါရတွေ တဲ့လား။

အနီဝတ် အပြာဝတ်နဲ့ အစိမ်းဝတ်တွေ .. ကုတ်အင်္ကျီအဖြူတွေ
အဖြူရောင်စာရွက်ပေါ်က အပြာရောင်လက်ရေးတွေ စာလုံးတွေ
-300 -50 နဲ့ ဒီဂရီတွေ ဝင်ရိုးတွေ ဘာတွေမှန်းမသိ ဘာမှမသိ
သေချာတာက ငါ ...တဖြည်းဖြည်းသေဖို့နီးလာပြီ နီးလာပြီ ... ပဲ။


သူက လိုချင်တာရအောင်ကြိုးစားကာမှ လက်လွှတ်ရတယ်တဲ့
ကျနော်က လိုချင်တာတွေကို တမင်တကာ လွှတ်လွှတ်ချတယ်
တကယ်တော့ ဆုံးဖြတ်ချက် မခိုင်မာသူ သတ္တိမရှိသူအဖြစ်သို့
ကျနော် လွင့်ခဲ့ပေါ့ ....... မျောရင်း မျှောရင်း ဆက်လွင့်ရင်းနဲ့။

တချို့ကဆုတောင်းကောင်းတယ် မွေးလာတည်းက ရေကန်အသင့်
တချို့ကရုန်းကန်ရတယ် .. ဘာလို့ အားလုံးမတူညီကြရတာလဲ
တချို့မှာတော့ ကြာကိုတောင် မပွင့်နိုင်ရှာဘူး ..... ကံက နွမ်းလို့
ထားပါတော့လေ ..... ဒါကိုက လူ့လောကဆိုပြန်တော့လည်း။

ဒီ အသက်အရွယ်ထိတော့ အဖေပင့်တင်ထားပေးတဲ့ ခြေလှမ်းတွေနဲ့
ဟိုး အမြင့်ကြီးရောက်အောင် ကျနော် တက်နေတုန်း လှမ်းနေတုန်း
သူမျှော်လင့်တာက .. သူ နောက်ထပ် မပင့်တင်ပေးနိုင်တော့တဲ့အချိန်
ကျနော်က ဘယ်လိုမှပြန်မကျနိုင်တော့တဲ့တနေရာမှာ ရောက်နေပါစေတဲ့။

ဒီဇင်ဘာကလည်း တစိမ့်စိမ့် ... ကျနော့်ဆီမှာ ပူလို့ အေစီဖွင့်တဲ့အခါဖွင့်
သူ့ဆီမှာတော့ နှင်းကျလို့ ခိုက်ခိုက်တုန်အောင်အေးရင်း Heat တွေဖွင့်
ကမ္ဘာတစ်ခုတည်းမှာ ရှေ့ခြမ်းနဲ့နောက်ခြမ်းက မတူတာ ဘာကြောင့်လဲဆို
ဒီကမ္ဘာကြီးဟာ တကယ်တော့ မြေပုံပေါ်မှာဆို သေးသေးလေးရယ်။

နေသားမကျတဲ့မျက်လုံးက ပြင်ဆင်မွမ်းမံထားတဲ့ အကာအရံအသစ်နဲ့
ရီဝေဝေ မူးလို့နေတယ် ... တဖြည်းဖြည်းတော့ ကျင့်သားကျဖို့ကြိုးစားရမယ်
တကယ်ဆို အရက်မသောက်ပဲမူးတာ တော်တော်တန်တာမို့ ဒီတိုင်းနေသင့်တယ်
ဘယ့်နှယ်လဲ ... ခင်ဗျားတို့ရော လက်ခံတယ်မို့လား .....................။





  • Cafe` Publisher EBook(PDF) List
         
 Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.
သံယောဇဉ်တွေ တစ်ရစ်ပြီးတစ်ရစ် တိုးလို့နှောင် ... ငါ့ကိုယ်ငါ ပြန်ပိတ်မိနေတဲ့ အကျဉ်းထောင်တဲ့လား ???
December 31, 2012, 01:22:15 AM
Reply #801
  • Newbie Customer
  • *
  • Thank You
  • -Given: 73
  • -Receive: 43
  • Join Date: 30 Dec 2012
  • Posts: 3
  • Credit : 150 $
  • View Inventory
  • Send $/Gift
  • Gender: Male
ကောင်မလေးရယ်...
ငါဟာ..
မင်းကျွေးတဲ့ အိပ်မက်ထဲကစပျစ်သီးကိုသာ
ချင်ခြင်းတပ်ခဲ့တာပါ
မရက်စက်ပါနဲ့ ကောင်မလေးရယ်
မမီလဲ ချိုနေမဲ့အသီးမို့ပါ........။

ကောင်မလေးရယ်...
ငါဟာ..
မင်းပေးဖူးတဲ့ တစ်ခုတည်းသော အပြုံးနဲ့
ကမ္ဘာသစ်တစ်ခုတည်ဆောက်နေတာပါ
မရက်စက်ပါနဲ့ ကောင်မလေးရယ်...
တတိယငါ မရှိနိုင်တော့လို့ပါ...။

ကောင်မလေးရယ်..
ငါဟာ..
မင်းနဲ့ပတ်သက်ခွင့်လေးသာ
မျှော်လင့်မိသူပါ
မရက်စက်ပါနဲ့ကောင်မလေးရယ်...
ပထမမြို့တော်ကို ငါမရောက်ဖူးသေးလို့ပါ....။

ကောင်မလေးရယ်...
ငါဟာ..
ငါ့အသည်းကန်ထဲက
(မင်းရဲ့) လရိပ်ကလေးနဲ့
ကျေနပ်နှစ်သိမ့်နေသူပါ..
မရက်စက်ပါနဲ့ကောင်မလေးရယ်....
ငါ့ကမ္ဘာမှာ လတစ်စင်းပဲရှိတာပါ.......။

                                            နွေရဲပန်း

« Last Edit: December 31, 2012, 01:25:05 AM by nway yee pann »
January 06, 2013, 06:06:07 PM
Reply #802
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
တောင်သူ့အတွေး


မိုးရိပ်တို့ညိုညို
မိုးပြိုလို့သည်းသည်း
တို့လယ်ယာ သည်အရပ်မှာ
သီးထပ်ပြီပဲ..။

ရွှေမိုးမည်းသည်းပါလေ
ဝါကျွတ်မှာ ကထိန်ပန်းဝေဖို့
ရွှဲလို့စိုစေ..။

တို့လယ်မြေ
သီးနှံဝေစေရေး
နွားညီနောင် သည်ထွန်တုံးနှင့်
ရုန်းလိုက်မယ်လေး..။


 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 06, 2013, 07:23:31 PM
Reply #803
  • Royal Customer
  • *****
  • Thank You
  • -Given: 14851
  • -Receive: 20950
  • Join Date: 16 Apr 2011
  • Posts: 1567
  • Credit : 35576 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • အပယ်ခံဘဝ
    • Teashop PDF Team  
သူစိမ်း

ထွက်သွားပြန်လည်း လှည့်မကြည့်
မမြင်ယောင်သို့ ဆောင်ရက်သည်

ရှိပြန်တော့လည်း ဘေးဖယ်ထား
မရှိသယောင် ရှောင်ခွာသည်

သူစိမ်း ... သူစိမ်း
ငါဟာ .. အစတည်းက သူစိမ်းပါပဲကွယ်

နက်နက်ရှိုင်းရှိုင်း ရှိနေပေမယ့်လည်း
သူစိမ်းဆိုတာက အချိန်တန်ရင်တော့
သူစိမ်းဖြစ်သွားစမြဲပါ ..

အဆုံးသတ် အဖြေတစ်ခုအဖြစ်
သူစိမ်းဟာ သူတစ်ယောက်တည်း

လမ်းတွေပေါ်မှာ အဖော်မဲ့လို့ ....
သူ့ခြေထောက်ပေါ်သူ ....
သူစိမ်းဟာ စိမ်းသူအဖြစ်နဲ့
ဆက် ရပ် နေ ခဲ့ တယ် .........။


  • Cafe` Publisher EBook(PDF) List
         
 Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.
သံယောဇဉ်တွေ တစ်ရစ်ပြီးတစ်ရစ် တိုးလို့နှောင် ... ငါ့ကိုယ်ငါ ပြန်ပိတ်မိနေတဲ့ အကျဉ်းထောင်တဲ့လား ???
January 08, 2013, 04:13:54 PM
Reply #804
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
ပန်းကောက်သူ


လမ်းတစ်လျောက်
ပန်းကောက်ပါတဲ့ ပျိုကညာ
လှရာရာသီကာကုံးပါကွဲ့
ပြုံး လဲ့ကြည်စွာ ..။


မြ ဝါဝါ
လေဝေ့မှာ မြေခဆင်း
ပန်းခရေ ကြိမ်တစ်ခြင်းက
သင်းပျံ့လေခြင်း။

 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 09, 2013, 03:04:20 AM
Reply #805
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
ချစ်သူ



ကြင်ခွင့်ကင်း၍   
ဖြစ်ခြင်းရယ်မှိုင်     
ငင်ခိုင်ရနိုး     
လှမျိုးမာန်သီ   
ချုပ်ရီသွန်းထင့်     
မုန်းတမ်းရင့်ထည်   
လွင့်သည့်မကြင်နာစကား။

ခင်ခွင့်နှင်း၍ 
သစ်ဆင်းရွယ်တိုင်   
ကြင်နိုင်ရနိုး     
ဆတိုးပြန်ချီ     
နှုတ်သီခွန်းဆင့်   
ထုံးတမ်းကျင့်မည်     
စွင့်မည့်အရှင်မှာစကား။

ရင်နှင့်ရင်း၍     
ချစ်ခြင်းငယ်ပြိုင်     
ယှဉ်နိုင်ရရိုး     
ကကြိုးဟန်ချီ     
လှုပ်လီရွှန်းတင့်   
ပြုံးပန်းဝင့်သည်     
တင့်သည့်သခင်ပါတကား။




 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 10, 2013, 05:28:37 AM
Reply #806
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
လှသော ညများ


လမလင်းပေမင့်
ညခင်းကဖြင့် လှတယ်ရှင်။
ကြယ်သင်းဝင် နဂါးငွေ့တွေက
တောက်ပတယ်ထင်။
ကြည့်ပါရှင်
ကောင်းကင်မှာထင်ရဲ့
မြောက်ပြင်မှာ ထင် - ထင်လှတယ်
လမ်းပြကြယ်ကွဲ့ ...။

ဖိတ်ဖိတ်လဲ့ ကိုယ်ရောင်ဝါ
နက်ပြာမှာ ငွေခြည်စွက်ပါတဲ့
နှိုင်းမဲ့ ဝဠာ..။

အဇဋာ
မိုးတိမ်လွှာ နှင်းမြူကင်း
ကြယ်မင်းတွေ ကိုယ်ရောင်ဖြန့်လေတဲ့
တုမဲ့ ညခင်း။


 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 10, 2013, 05:43:39 AM
Reply #807
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
မိတ်ဆွေကောင်း


ညဦးလေပြည်
ညင်းညက်စွေစဉ်
ကောင်းကင်ယံထက်
ပြိုး ပြက် လက် သည့်
ညည့်၏ခြုံလွှာ
ကမ္ဗလာသည်
ည၏အဆင်တန်ဆာလော..။

ညည့်ဦးယံတိုင်း
ရေနွေးဝိုင်းတွင်
မျှ ယှဉ် ရသ
ထို သုတ ၌
နှစ်ခြိုက်ကြည်မွေ့
ဤဓလေ့သည်
ည၏အဆင်တန်ဆာလော..။

တွေ့ဆုံခဏ
ကျွမ်းဝင် ကြစဉ်
မမြင် အတိတ်
ခွင့်လွှတ်စိတ်နှင့်
မိတ်ကောင်း ဆွေရင်း
ငါ ရခြင်း သည်
ဘဝ၏ အဆင်တန်ဆာ ကော..။

 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 10, 2013, 09:28:58 AM
Reply #808
  • Newbie Customer
  • *
  • Thank You
  • -Given: 73
  • -Receive: 43
  • Join Date: 30 Dec 2012
  • Posts: 3
  • Credit : 150 $
  • View Inventory
  • Send $/Gift
  • Gender: Male
ကတ္တီပါသခင်မသို့..

ဆောင်း၏အလွန်
ဥသြတွန်ကျူး
မြေလူးရွက်ဝါ
ကတ္တီပါ ပန်းတို့ဖူး
လေရူးတို့ပျော်ရင်....

သခင်ပြန်ရောက်
ပန်းကြွေကောက်သည့်အခါ...

သခင်မွှေးဖို့
ပန်းလေးတွေသီ
ကြံစည်ရည်စူး
ကြည်နူးဝမ်းမြောက်
လွမ်းရင်းစောင့်မည်
သခင် မရောက်မှာ  စိုးမိသည်.....။

(ကတ္တီပါပန်းလေးကိုမှ နမ်းမွှေးတတ်သည့် ဧပရယ်သို့)
                                                            နွေရဲပန်း

January 13, 2013, 04:33:52 PM
Reply #809
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
တီ တစ်ကောင်၏ ဆန္ဒ



မြေနှစ်မြေသား
မြေကိုစား၍
မြေကြားမှာပျော်
မြေကိုကျော်ကာ
မြေပေါ်မြေအောက်
မြေကိုနှောက်ယင်း
မြေသင်းကျစ်ကျန်
မြေကိုအန်သည်
မြေဆီပြန်လို့ ဖြစ်ပါစေ..။



 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 14, 2013, 09:08:13 AM
Reply #810
  • စာမျက်နှာ ၃၅
  • Special Customer
  • ****
  • Thank You
  • -Given: 5070
  • -Receive: 8258
  • Join Date: 04 Mar 2012
  • Posts: 707
  • Credit : 43142 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • ဘဝဆိုတာ တမာလိုခါးနေရင်တောင် ဆေးဖက်ဝင်အောင် ဖန်တီးယူနိုင်ရမယ်
မိုးည



ကောင်းကင်မှာ တိမ်တစ်သင်း
ကြယ်ကင်းပါတဲ့ ညအခါ
လဝါဝါ ကိုယ်ယောင်ဖျော့လေပေါ့
ညှိုးလျော့ခွေရှာ ..။

မိုးတိမ်လွှာ
ပြိုလာတဲ့မြစ်တစ်စင်း
ရှစ်ခွင်မှာမှုန်ရီမှိုင်းဝေပါ့
မိုးညမြင်ကွင်း။




 Send to Other.  Send to Other.  Send to Other.  Just a test item!  Send to Other.  Increases your pet's total skill points by 1  Send to Other.  Send to Other.  Send to Other.  Send to Other.
မိုးစက်ဖြူ


ပျော်ရာမှာ နေခွင့်ရဖို့အရေး delay ဖြစ်နေတော့ တော်ရာမှာပဲ ပျော်အောင်နေရတော့မှာပေါ့... ဘဝဆိုတာ ဒီလိုပဲလား..  
January 23, 2013, 06:39:18 PM
Reply #811
  • "အမှောင်ချထားတဲ့ လတစင်း"
  • Super Customer
  • ****
  • Thank You
  • -Given: 1198
  • -Receive: 1428
  • Join Date: 21 Jan 2012
  • Posts: 135
  • Credit : 1808 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • မှည့်ပြီး မကြွေ ... ကြွေပြီးမှ မှည့်။
"စိတ်, တေလေ"

လူ့ဘဝဆိုတာ
တစ်ခုခုငတ်နေမှ ပီသတာလေ။

အမှောင်ချထားတဲ့ လတစင်း
လှစ်ပြူပြဖို့ ခဲယဉ်းတယ်။
ဘဝက ရထားတစင်းဖြစ်မယ်ဆိုရင်
အတက်အဆင်းများတဲ့ ဘူတာ
ငါမရပ်တန့်ချင်ဘူး။
ဝေးဝေးကို သွားနေရင်း
နီးနီးလာတဲ့ ဆန်းလွန်းတဲ့ဒီခရီး
အဆုံးမတိုင်ဘူးကွာ။
ဖွဲမီးပြာကျ ဖြစ်နေရတဲ့
သံစဉ်ပျက် ရင်ခုန်သံနဲ့
ညစ်ထပ်နေတဲ့ ဘဝကို
ဘယ်လောက်ပွတ်ချေလဲ
ပြောင်ရောင်လာမှာမဟုတ်ဘူး။
ဖာထေးရင်းစုတ်ပြတ်
သုံးမရတော့တဲ့အဆုံး
အရိအဆွေးခံ မြှုပ်နှံရုံပေါ့
အနဲဆုံးတော့ ဒီကမ္ဘာမှာ
မြေဆီ သြဇာအဖြစ်
ကျန်ရစ်ပါရစေလေ။

နိုးတဝက် အိမ်မက်
မျက်တွင်းဟောက်ပက်
အိပ်ပျက်ညရဲ့သက်သေ
ဟော .....အဲဒီ ... အဲဒီ ...
အသက်ရူသံတချက်ကြောင့်
အရာခပ်သိမ်း ပြီးပြည့်စုံတယ်တဲ့လေ....။


« Last Edit: January 30, 2013, 11:58:13 AM by Cobra »
 Send to Other.
" မှောင်နေတဲ့အခြမ်းက လတစင်း ... ဘယ်သူ့အတွက်မှ မထွန်းလင်းနိုင်ပါ "
January 29, 2013, 07:01:36 PM
Reply #812
  • Newbie Customer
  • *
  • Thank You
  • -Given: 0
  • -Receive: 35
  • Join Date: 05 Aug 2011
  • Posts: 3
  • Credit : 143 $
  • View Inventory
  • Send $/Gift
  • Gender: Male


ထင်သလောက်ဖြူစင်ပါရဲ့လား
အဟက် . . .  အီလန်မသုံးလိုဖြစ်မယ်
စိတ်အညစ်အကြေးကို
ဘယ်အစွန်းချွတ်ဆေးကများတတ်နိုင်ပါရဲ့လဲ  ...
အယောင်ရာဆီလူးပြီး ဘီလူးခေါင်းကို
သန်းရှာမိနေပြန်ကော  .....
တစ်နေ့တစ်နေ့နဲ့အချိန်တွေကိုဝါးမြိုလိုက်တာ
အိမ်မက်အတုတွေဆက်မက်နေပြန်ပြီ
နားလိုက်စမ်း  ... တကယ်လို မင်းစိတ်မပိုင်ရင်
လာလာချည်းသေးရဲ့ အီကြာကွေးက
နှစ်ချောင်းပူးဆိုတာ ကလေးတောင်သိတယ်
အရည်ပျော်နေပါပြီဆိုမှ
တောက် !!!!
ဒီနေကလည်းပူလိုက်တာ
[/color]

January 30, 2013, 01:14:19 PM
Reply #813
  • Newbie Customer
  • *
  • Thank You
  • -Given: 0
  • -Receive: 35
  • Join Date: 05 Aug 2011
  • Posts: 3
  • Credit : 143 $
  • View Inventory
  • Send $/Gift
  • Gender: Male
**** ကျိန်စာ *****

ဖြစ်ချင်တိုင်းဖြစ်နေတဲံ
ဗရမ်းဗတာရင်ဘတ်တစ်ခုနဲ့
ဝတ်လစ်စလစ်ညတွေဖြတ်သန်းလိုပေါ့
မုသားချိုချိုတွေ အလွမ်းတွေ ထည်လဲသုံးရင်း
ငါမျက်နှာဖုံးတွေ ပြောင်းခဲ့ပေါင်းများပီ
တကယ်တော့ငါဟာ
သံသယအကြေးထိုးသူ
မယုံကြည်မှုများကိုယုံကြည်မိသူ
ထိုအတူ
အချစ်ကျိန်စာသင့်သူ ....။


Roy@l

February 05, 2013, 03:34:43 PM
Reply #814
  • ထာဝရ သစ်လွင်နေရင် လောကကြီး ပျက်စီးတတ်ပါသည်
  • Addicted Customer
  • ***
  • Thank You
  • -Given: 503
  • -Receive: 568
  • Join Date: 26 Oct 2012
  • Posts: 68
  • Credit : 846 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • အတက် ဟူသည် ထာဝရ ခက်ခဲတတ်ပါတယ်
                              အချစ်စစ်


*ရက်စက်တယ်လို့+အဆိုခက်ပေမယ့်
စွန့်ရက်သည်က-အဖြေပါခင်....

*သံယောဇဉ်၏
အစဉ်မျှကို+သောက အဆိပ်
တံဆိပ် ပမာ+မဖြေသာအောင်
တစ်လွှာချင်း ခြွေ+တစ်ချပ်စီ ကြွေမှ
ဝေနိုင်မယ်များ-ထင်သလား...ခင်

*အချစ်များ၏...
စွမ်းအား မျှကို+ဓန အလွှာ
ဂုဏ် မျက်နှာနှင့်+ဆပ်ပြာ ပူဖေါင်း ပမာ
ခိုင်မာမှုကင်း+အပျင်းပြေဆော့
ကြွေတော့ ရွက်ကြင်+ဆင်မှ နံ့သာ
မခံသာတာတောင်+သစ္စာ စမ်းရေကြော
မျောနေတယ်များ-ထင်သလား..ခင်

*ခင်ရယ်......
စွန့်ပစ်ခံ ဘဝ
ခရေလို မလှပေမယ့်
ဝေဒနာ အဖြစ်+သောက အစစ်နှင့်
အချစ် သင်္ကေတ+ရွက်လှ ပမာ
အဆင်းသာရှိပြီး+ငုံ အာ အဆင့်
တစ်လွှာတောင် မပွင့်တဲ့+နေသင့် ပန်းမို့
ဆငိမြန်းရင် ဖြစ်ဖြစ်-စွန့်ပစ်ရင် ဖြစ်ဖြစ်
အချစ်ဟာ-အချစ်ပါပဲ.....ခင်လို့။

မောင်တက်ခေါင်........သူငယ်ပြန်နေပါသည်။ :H1 :H1 :H1

February 16, 2013, 02:47:00 AM
Reply #815
  • အချိန်တန်တော့ အိမ်ပြန်ပြီဗျာ။ ဂွတ်ဘိုင်
  • Newbie Customer
  • *
  • Thank You
  • -Given: 24
  • -Receive: 49
  • Join Date: 16 Feb 2013
  • Posts: 5
  • Credit : 160 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • အချိန်တန်တော့ အိမ်ပြန်ပြီဗျာ။ ဂွတ်ဘိုင်
နေသားတကျ ဘ၀မှာ
ဒဏ်ချက်တွေ ခဏခဏနဲ့
တံလျှပ်ကို ရေထင်
အမြင်မမှားရအောင်
လမ်းပြပေးပါ ရှင်တော်ဘုရား။

အစစ်အမှန်တရားနဲ့
ခါးသီးမှု.တွေကြား
ဝမ်းဝရုံ၊ မျှတရုံ
နေတတ် ကျေနပ်ခွင့်
ပေးသနားပါ ရှင်တော်ဘုရား။

နှုတ်က ဖွင့်ဟ
လက်က ချရေး
ထိရှထက်မြက်
ဓါးလှံလက်နက်ပမာ
မဖြစ်လိုပါ ရှင်တော်ဘုရား။

တောင့်တတိုင်းမရ
မျှော်လင့်တိုင်း မလွယ်
ကြိုးစားတိုင်း မဖြစ်
ညစ်ပေနေတဲ့ ဘ၀မှာ
နေတတ်သေတတ်ရုံ
အသက်ရှူ လမ်းလျှောက်ခွင့်ရရင်ဖြင့်
ဒီဘ၀ နေပျော်ပါပြီ ရှင်တော်ဘုရား။

February 16, 2013, 09:37:14 AM
Reply #816
  • ထာဝရ သစ်လွင်နေရင် လောကကြီး ပျက်စီးတတ်ပါသည်
  • Addicted Customer
  • ***
  • Thank You
  • -Given: 503
  • -Receive: 568
  • Join Date: 26 Oct 2012
  • Posts: 68
  • Credit : 846 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • အတက် ဟူသည် ထာဝရ ခက်ခဲတတ်ပါတယ်
ပြောဖြစ်မယ် ဆိုလျှင်

*နိယာမ သီအိုရီ+မပီ ၀ိုးဝါး
နှလုံးသားဝယ် -ဆင့်ပွား ပုံရိပ်
လန့်ထိတ် ထိတွေ့- ဖြည်း ရွေ့ရွေ့နှင့်
ဝိုက် ဝေ့ မျက်နက်- အိစက် လွန့်လူး
နှင်းဆီဖူးတို့….
အမြင်ဦး…ဆုံမိကြသည်ဝယ်..။


ကွယ်……
အရှိန် ပြင်းချင်- ငလျှင် တစ်ခု
တုန်ခါ မှုဖြင့်-စုစည်းခွင့် ဗီဇ
နိုးထ ရွှေရင်…ဖိုချင်မိပြီ…။


ကွယ်…..
ဝင်သက်မောဟိုက်-ထွက်သက်တစ်ရှိုက်မှာ
ကြားလိုက် သလို- ချိုကို ချိုတယ်
ပန်းကြို လှေလား……
လိပ်ပြာလား…ဟင် ။


ကွယ်….
စိတ္တဇ ဗေဒ -ေ၀၀င့်စ အပြုံး
နှလုံး ခုန်နှုန်းနှင့် -နားဆွဲလေး လှုပ်အရုံးမှာ
ပိတုံး တောင်ပံနှင့် -လွန်းကြင်ငှက်…
လန့်အပျံ ထင်တယ်နော်…..။


ကွယ်….
“အဖြေ တဲ့“
မပြေနိုင် တဲ့လား..ဟင်
မကြွေ ခိုင်တယ်ထားဦး -စကား ယစ်မူး
ရစ်တွယ် ဖူးသော-သောက ဆူးနှယ်
မကြုံဖူးပေမယ့်-တွက်ရူး မိတာ အမှန်ပါ ။


ကွယ်…..
ပြက္ခဒိန် မှတ်တန်း- မင်စွန်း ကြက်ခြေ
ရီဝေ ပင့်သက်-ရက်တွေ လတွေ
ကြာလေစိုးမိုး-လန့်နိုး အိပ်မက် ပမာ
စိတ်လွန် နယ်သာ…ဖြေသိမ့်ရာ….။


ကွယ်…..
မ၀ံ့ လှိုက်ဖို-တရို တသေ
ပန်းကြွေ တစ်ဖတ် -မှတ်မှတ် ရရနှင့်
ရင် မဖြစ်မှန်း-သိစွမ်းတာထက်
ရက်စက်ဖို့..လိုသလား..ကွယ် ။


ကွယ်…..
ပလုံ စီတတ်တဲ့ -ဘီယာ ရည်သာ
ကဗျာ ဖြစ်ရင်….
အချစ် ရွှေ…
အချစ် ငွေ…
အချစ် တွေ..အချစ် တွေလို့
ရှာဖွေမှု အပြင်စား-နှလုံးသားနှင့်
စွန့်စား ခေါ်မယ်…သိပါစေ ။


ကွယ်….
မာယာ လား?
အလွှာ လား?
စကား သင်္ကေတ -ဖြတ်စ ညှပ်စကို
ဘ၀ ဖြစ်တည်မှု ရယ်လို့..
အမည် နာမ -မှည့်ခေါ်ကြရင်တောင်
အလှ ၀ိညာဉ်လွှင့်ပြီး…
ဝင့်ထည်မည့်…ပွင့်ညှာပါ ။


ကွယ်….
နှောင်ငင် ချင့်တွက် -အကြွေ ခက်ရင်လဲ
ရက်.လ.နှစ် ဆိုတာ -ဖြစ်စဉ် ၀င်္ကဘာ
ညှာတာ စူးနစ် -ရင်လွှာ ဆူးဖြစ်စေ
အချစ်သည် ကဝေ -အချစ်သည် နွေ..လို့
ဆိုစေဦးတော့…
ပုရစ်ဖူးဟာ…ရွက်နုပါကွယ် ။


ကွယ်…..
သံသယ အပြုံး -မျက်လုံး သက်မဲ့
မငဲ့ညွတ်နိုင်တဲ့ -အားပြိုင်မှုဟာ
ခုခံမှု အဖြေလား…ဟင်..
တုံ့ပြန်မှု..အမွေလား…ဟင် ။


ကွယ်….
တစ်ခါတလေ -လ အမွေနှင့်
ရွှေဖြစ်တတ်တဲ့ -သက်မဲ့ ဒြပ်ဟာ
ချစ်တတ်ခြင်းကို -ပုံသွင်းမှု..မပြုတတ်ပါကွယ် ။


ကွယ်….
ဓါတ်ပုံ ဇာတ်ဝင်ခန်း -ပြက္ခဒိန် ဇာတ်လမ်းကို
မေ့စွမ်းနိုင်စေ -အကြွေသာဆို
ခရေ ဟာ…ပန်းမျိုးပါ ။


ကွယ်….
နမ်းမိပြီမို့ -စီရီ အဆင့်
ဝေခွင့် ရည်တူ -ခြွေ ချူ သည်ထား
အမှား တသသ-ဘ၀ သယံဇာတလို့
မျက်လွှာ အပိတ် -ခေါင်း တညိတ်ဟာ
ယိုဖိတ်ခြင်း…အရိပ်ပါရယ် …။


ကွယ်….
သံစဉ်မဲ့ ရပ်ဝန်းမှာ
လန်းပါစေ…ဝေနှင့်
နွမ်းပါစေ….ကြွေနှင့် လို့
တားခွင့် နှုတ်ဆိတ် -ရွံ့ထိတ် သိဂါင်္ရ
သောကဆိုတာ….
ခြေရာ အတိတ်…လွမ်း နိမိတ်ပါ ။


ကွယ်…..
အချစ် သူခိုး-အဖြစ်ဆိုးနှင့်
လန့်နိုး အိပ်မက်နှယ်…
မျက်နက်ပြာ အငွေ့-နှင်းဆီမွှာ အတွေ့ကို
တိုးဝှေ့ စိမ့်ဝင် -ဒြပ်စင် အဖြစ်
ဟ-လှစ် ဖွင့်ဆို -စိတ် အလိုကို
သီအိုရီ လော့ဂျစ်နှင့်..
ခြွေပစ်နိုင်ဖို့…ခက်ပါတယ် ။


သြော်…..
သက်ရောက်မှုမှ -ထိရှ နာကျင်
တစ်ပင် တစ်ခက် -တွယ်ယှက် ညှို့ငင်
စိတ် လွင်ပြင်မှာ -မွေ့ကြင် တိုးညှင်း
သံစဉ် သွင်းရင်း….
ရင်ချင်း သိ၍…..ပြောအုံးမယ်….လို့  ။


                                  မောင်တက်ခေါင်




March 09, 2013, 01:52:15 PM
Reply #817
  • ပျော်ရွှင်ပါစေ............
  • Special Customer
  • ****
  • Thank You
  • -Given: 35363
  • -Receive: 12576
  • Join Date: 28 Mar 2011
  • Posts: 758
  • Credit : 112544 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • မင်္ဂလာပါ။။။။
    • Teashop PDF Team  
ရင်တွင်းနွေ

တကယ့်ကို အခါနွေရောက်ပြီ။

လမ်းထိပ်က ငုပင်အိုက ၀န်မပျက် အကွက်ညီညီ ငုပန်းတွေ ဆင်ဖို့ အသင့်ဖြစ်ခဲ့ပြီ။
အိမ်ရှေ့ကလမ်းကလေး ... ရွက်ဝါများ ရွက်နီများနဲ့ .... ဖွေးဖွေးလှုပ်ခဲ့ပြီ။

နွေဆို...... လေဖြူး ဖြူးကလေး တိုက်ခတ်လှည့်စမ်းပါ။

ရင်ဘက်အဟောင်းထဲက နှလုံးသားအဟောင်းနဲ့ အကောင်းအတိုင်းရှိတဲ့ ကျနော့်အလွမ်းများ သယ်ဆောင်သွားပါ။

တိုးတိုးကပ် ရယ်သံလွှလွှများ ...ေ၀၀ါးသွားလိုက်ကြသည်။

တိုးဖွဖွ သူ၏ထွက်ခွာခြင်း ကျောခိုင်းခြင်း ... ခြေသံများ ကျနော့်နားမဆံ့နိုင်အောင် ကြားရသည်။

၂ယောက်အတူလက်တွဲဖူးသော လမ်းကလေး ရော်ရွက်ရောင်စုံများ အပြည့်။။။။။။။။

ကျနော်တို့အကြား နွေရောက်ခဲ့လေပြီ။

နွေ၏အလှများကြား စိန်ပန်းနီနီတို့ကို ကျနော်မျှော်ပါရစေ။

နွေ၏လေထုကြား စပါယ်ရနံ့တို့ ကျနော်ရှာကြည့်မည်။

နွေ၏ခမ်းခြောက်ခြင်းများထက် ကျနော် ပျော်အောင်နေကြည့်မည်။

နွေ၏ပူလောင်ခြင်းတို့ ကျနော်နဲ့ တစ်သားတည်း ကျခဲ့သည်။

တပို့တွဲ (9.3.2013)

  • Cafe` Publisher EBook(PDF) List
         
 Send to Other.  Send to Other.  Send to Other.  Send to Other.
April 04, 2013, 04:08:16 PM
Reply #818
  • ထာဝရ သစ်လွင်နေရင် လောကကြီး ပျက်စီးတတ်ပါသည်
  • Addicted Customer
  • ***
  • Thank You
  • -Given: 503
  • -Receive: 568
  • Join Date: 26 Oct 2012
  • Posts: 68
  • Credit : 846 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • အတက် ဟူသည် ထာဝရ ခက်ခဲတတ်ပါတယ်
            ဖြေဆည် ကြည့်သူ

ခေါင်းရင်းမှ သရဖီပင် စိမ်းစိမ်း
ပွင့်လွှာတွေ သိမ်းလို့
ငြိမ်းချမ်းလု အစမှာပဲ..
ပုစဉ်း ရင်ကွဲ တကောင်က
နွေ အလှကို အသိပေးသယောင်နဲ့
ပူလောင်မှု ခွန်အားကို
ဝေဒနာများစွာ ထည့်ချိန်ပြီး..
အချိန်မှန် ရင့်ကျူးနေလေရဲ့……။

နရီ စည်း မကိုက်စွာ
လောကနဲ့ လိုက်ဖက်တယ်လား…….
အရွက် ပြာစိမ်းကြား
လွမ်းသလား….တမ်းသလား…မသိသော်မင့်….
အတင့်ရဲတာကတော့..အမှန်ပါ…။

အာခြစ်အော်တတ်တဲ့ ..
ပရိယာယ် မပါသော…သူ့သံစဉ်..
နားယဉ်ချင်ပေမယ့်…
သူကတော့…တကယ့် နွေသရုပ်..သ န္တာန်နဲ့
အထီးကျန်…မကျန်ကို…မသိမိသူ…ငါ…
တခါတခါတော့လဲ…..အနေသာကြီးပါပဲ…။

အဲ….လောကထဲမှ……
မှီ..တည်..ပတ်သက်မှုတွေဟာ…
အညာ..မဟုတ်…
အထာ..မဟုတ်…..
ဇာတ်ရုပ်ရဲ့….သင်္ကေတ…….
အော်….သူက…ဇာတ်ဆောင်ပဲ…လေ……။

April 04, 2013, 07:02:13 PM
Reply #819
  • နေ့စဉ် ကော်ဖီတစ်ခွက်နှင့် ဇိမ်နှပ်ရပါလို၏..
  • Super Customer
  • ****
  • Thank You
  • -Given: 2751
  • -Receive: 2976
  • Join Date: 05 Aug 2011
  • Posts: 229
  • Credit : 3521 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Female
  • လူတိုင်းချစ်ခင်ရသော ကိုယ် ဖြစ်ရပါလို၏..
နင်နဲ့ငါ



" ဒိန်း "

ကောင်းကင်ပြိုကျတဲ့ အဖြစ်လား
ထန်းလက်ကာရတဲ့ အဖြစ်လား
မြည်ဟီးသံက အန န္တ

အရင်းစစ်တော့
ဖြစ်တည်တာက
ရင်ခွင်နက်က.. တုန်ဟီးသံ


ညီမလေးရေတဲ့..
ခေါ်နေသံတွေ ဝေဝါးခဲ့တယ်..
မ' ဆိုတဲ့ ညင်သာသံလည်း
နားထဲ လှည့်တောင် ခြေဦးမသန်းပြန်ဘူး..

နင်နဲ့ငါ
နင်နဲ့ငါ
ချိုမြိန်လွန်းလှတဲ့ စကားလုံးတွေ

စိန်စီထားတာတွေထက် လှတယ်..
ပကာသနဆန်တာတွေထက် လှတယ်..
မာနဟန်ပါပါတွေထက် လှတယ်..

တခါတခါကျ
နင်နဲ့ငါက
အိုအေစစ်တွေထက်.. အမောပြေတယ်

တခါတခါကျ
နင်နဲ့ငါက
လေနုအေးတွေထက်.. ပိုပမ်းပြေတယ်..

တခါတခါကျ
နင်နဲ့ငါက
ရေချိုမွှေးတွေထက်.. ပိုအေးမြတယ်..

ဘယ်သူတွေ.. ဘယ်ဝါ့အတွက်
ဘာတွေ ဖော်ဆောင်နေပါစေ..
ငါ့အတွက်တော့..
နင်ဟာ..
တကယ့်ကို
နင်နဲ့ငါ ပါပဲ..


ကေပိုး
7:30 PM.
2.4.2013.


 Send to Other.  Send to Other.  Send to Other.  Just a test item!
လူချစ်လူခင် ပေါများခြင်းဖြင့် ဘဝတွင် ပျော်ရွှင်ရပါလို၏
April 04, 2013, 07:06:55 PM
Reply #820
  • နေ့စဉ် ကော်ဖီတစ်ခွက်နှင့် ဇိမ်နှပ်ရပါလို၏..
  • Super Customer
  • ****
  • Thank You
  • -Given: 2751
  • -Receive: 2976
  • Join Date: 05 Aug 2011
  • Posts: 229
  • Credit : 3521 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Female
  • လူတိုင်းချစ်ခင်ရသော ကိုယ် ဖြစ်ရပါလို၏..
ရူးတယ်


ရူးတယ်...

ထူးမခြားနား ဇာတ်လမ်း
က ဖို့..
ထူးထူးခြားခြား ..
ခေါင်းခါးခြေလက်..
အသက်ဝင်အောင်..
ငါ ကြိုးစားခဲ့တယ်..


ရူးတယ်..

ဖြစ်ချင်တိုင်းလည်း
မဖြစ်တဲ့ ဘဝကို..
ငါ့အတွက်၊ ငါ့ဖို့..
အတင်းဖြစ်ညှစ်
သံယောင်လိုက်ယူခဲ့တယ်..



ရူးတယ်..

အရိပ်တကြည့်ကြည့်
အပင်ပျိုက
ရေလိုအပ်လို့
ရေလောင်းပေါင်းတင် သင်ရုံမက
မြေသြဇာပါ ကျွေးမိခဲ့တယ်..


ရူးတယ်..

ဂရုမမူ
ကျောက်ခဲတုံးက
ခပ်သေးသေးလို့..
ထင်ခဲ့မိလည်း..
ခြေမကွဲအောင်..
သည်းလှိုက်နာကျင် နေခဲ့ဖူးတယ်..


ရူးတယ်..

ရူးတယ်.. ရူးတယ်
အော်ဟစ်ငိုကြွေး
ဆိုချင်သေးလည်း..
အပူရုပ် ဟန်လုပ်
ခပ်တင်းတင်းလည်း
နေရလောက်အောင်..
ငါရူးမိတယ်..


ရူးတယ်..

ရူးလို့ ရူးမှန်း
သိနေနှင့်လည်း
ရူးပြီး ရူးကာ
နေရတာလည်း..
နှစ်ခြိုက်မိကာ..
နွံထဲ တိုးလို့..
ငါ ဆက်ရူးတယ်...



ကေပိုး
7:00 PM.
1.4.2013.

 Send to Other.  Send to Other.  Send to Other.  Just a test item!
လူချစ်လူခင် ပေါများခြင်းဖြင့် ဘဝတွင် ပျော်ရွှင်ရပါလို၏
April 09, 2013, 07:55:17 PM
Reply #821
  • ပျော်ရွှင်ပါစေ............
  • Special Customer
  • ****
  • Thank You
  • -Given: 35363
  • -Receive: 12576
  • Join Date: 28 Mar 2011
  • Posts: 758
  • Credit : 112544 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • မင်္ဂလာပါ။။။။
    • Teashop PDF Team  
ကျနော့်အနား

မိုးဖွဲလေးများ ကျလေပြီ...
လေပြေလေးလည်း သော့လေပြီ...
နွေရနံ့များ .... ပျောက်ကုန်ပြီ။

ကျနော့်နံဘေး သူ့ခြေရာများ ပြားခက်နေသည်။
ကျနော့်ရင်တွင်း ဂီတသံများ ဆူ ဆူ ညံ....
ကျနော့် နှလုံးအိမ်ထဲ သူ့တေးညည်းသံများ စည်ကားခဲ့သည်။။။။။

မိုးတို့ခြုန်းခဲ့သည်။ တထစ်ထစ်ဖြင့် ခြုန်းသည်းနေသည်။

မိုးစက်တို့အောက် ပန်းတစ်ပွင့်ချင်း တစ်ပွင့်ချင်း .... လှမ်း၍၀င်ခဲ့သည်။

မြက်ဖျားထက်မှာ မိုးစက်တို့ ဝေ့၀ဲလျက် နွေရက်များကို နှုတ်ဆက်ခဲ့သည်။

ကျနော့် အသည်းများ တစ်ဆစ်ဆစ် နာကျင်လာသည်။

မိုးတို့ ပို ၍ ပို ၍ သည်း ခြုန်း လာလေသည်။

လေပြေညှင်းတို့ကြား နွေရနံ့များ ပျောက်နေလေပြီ။

ကျနော့် ဒိုင်ယာယီလေးထက် သွေးရောင်များ စွေးစွေး နီလာသည်။
ကျနော့် ညာလက်တို့  အလိုလို လှုပ်ရှားခဲ့သည်။

မိုးစက်များနဲ့ ကျနော် အတူတူ ကခုန်ကြမည်။

ကျနော့်ပခုံးတို့ မိုးစက်များကြား အေးစက်မာကြောလာသည်။
ကျနော့်နှလုံးသားလေး နွေးနေသေးသည်။ နွေရနံ့ ကျန်သေးသည်။

ကျနော့်ဝန်းကျင်တစ်ခုလုံး မိုးစက်များနှင့် ဖြူဖြူဖွေးလာသည်။
ကျနော့်နှုတ်ခမ်းတစ်စုံလည်း ဖြူ စွတ် စွတ် ဖြစ်ခဲ့သည်။
ကျနော့် လည်ချောင်းမှ အသံများ ..... ဆွံ့အ တိတ်ဆိတ်နေသည်။

မိုးခြုန်းခြင်း၊ မိုးသည်းခြင်းတို့ က ကျနော့်ကို မညှာတာခဲ့ပါ။

မိုးစက်များ .... ရွာနေတယ်.... ကျနော့်ရဲ့အနား ...... မိုးစက်များမှ လွဲ၍ .... အခြားမရှိခဲ့။

တပို့တွဲ (9.4.2013)

  • Cafe` Publisher EBook(PDF) List
         
 Send to Other.  Send to Other.  Send to Other.  Send to Other.
April 18, 2013, 08:08:02 AM
Reply #822
  • Royal Customer
  • *****
  • Thank You
  • -Given: 14851
  • -Receive: 20950
  • Join Date: 16 Apr 2011
  • Posts: 1567
  • Credit : 35576 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Female
  • အပယ်ခံဘဝ
    • Teashop PDF Team  
နှစ်‌‌‌နှစ်‌ပြည့်‌
* * * * * * *

အသတ်‌အပုတ်‌
အတိုးအ‌ဝှေ့
အတိုက်‌အခိုက်‌
အကွဲအပြဲ
အလဲအပြို...

အဲ့ဒီ့အရာ‌တွေကြား
ငါတို့ကျခဲ့တဲ့ မျက်‌ရည်‌‌တွေရှိခဲ့‌

‌စေတနာကြားက ‌ဒေါသ‌တွေ ရှိခဲ့
မချနိုင်‌တဲ့ မာန‌တွေရှိခဲ့
ဘာလိုလိုနဲ့ အချိန်‌တစ်‌ခုတာ့
 ငါတို့ ‌လျှောက်‌လှမ်းရင်းဖြတ်‌သန်းခဲ့ပြီးပြီ

Happy birthday ပါ Teashop ‌ရေ

နင့်‌က ငါ့ဘဝပါပဲ
နင်‌က ငါ့အသက်‌ပါပဲ‌တော့
 စိုင်းစိုင်း ‌အော်‌သလို မ ‌အော်‌ချင်‌ဘူး

ဒါ‌ပေမယ့်‌
ငါတို့တယုတယ နဲ့ ခံစားချက်‌ ‌ပေါင်းများစွာကြား
 နင်‌ ၂ နှစ်‌ပြည်‌ခဲ့တာ သတိရရင်‌ ‌ကျေနပ်‌ပြီ

P.S - ‌ဟေ့လူဒွ ခညားတို့ သတိရဖို့ ‌ပြော‌နေတာ ဘာ ‌ကြောင်‌ကြည့့့််‌‌နေတာလဲ ငိငိ ငိငိ !!!!!

Yesterday 7:27 pm
By noel
‌တောက်‌တိုယ်‌မယ်‌ရ ‌ချောင်‌တစ်‌‌ထောင့်‌က ခပ်‌နုံနုံ ကာစတမ်‌မာ

« Last Edit: April 18, 2013, 08:10:45 AM by noel »
  • Cafe` Publisher EBook(PDF) List
         
 Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.  Send to Other.
သံယောဇဉ်တွေ တစ်ရစ်ပြီးတစ်ရစ် တိုးလို့နှောင် ... ငါ့ကိုယ်ငါ ပြန်ပိတ်မိနေတဲ့ အကျဉ်းထောင်တဲ့လား ???
April 19, 2013, 12:55:19 AM
Reply #823
  • မျှစ်တို့ ၏ မာယာ..
  • Tea Master
  • *****
  • Thank You
  • -Given: 2355
  • -Receive: 3733
  • Join Date: 16 Dec 2011
  • Posts: 281
  • Credit : 8468 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
"ကျွန်တော့် နာရီလေးက ချောက်ချောက် လို့ မမြည်ဘူး"

ခင်ဗျားသိလား..
ကျွန်တော့်နာရီလေးက "ကောက် ကောက် " လို့မြည်တာ..
စက္ကန့်တိုင်းလား ဆိုတော့ မဟုတ်ဘူး..
မိနစ်တိုင်းလားဆိုတော့လည်း မဟုတ်ဘူး..
စိတ်လိုလက်ရရှိတိုင်း
ကောက်ကောက် လို့ကို မြည်နေတော့တယ်...

                                             သိုးမည်း

 Send to Other.  Send to Other.  Send to Other.  Send to Other.
မျှစ်တို့ ၏ မာယာ..
May 02, 2013, 10:25:17 PM
Reply #824
  • အရာတိုင်းသည် တခဏတာ ဖြစ်တည်ကြသည်။
  • Special Customer
  • ****
  • Thank You
  • -Given: 6126
  • -Receive: 10091
  • Join Date: 23 Apr 2011
  • Posts: 1064
  • Credit : 2857 $
  • View Inventory
  • Send $/Gift
  • Country: mm
  • Gender: Male
  • လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်တာဖြစ်ရင်အပြစ်မပုံချပါ
ထွက်မသွားနဲ့ မာယာ....
နင့်ကို ငါ့သံယောဇဉ်နဲ့ ချည်နှောင်
ငါ့ သစ္စာတရားနဲ့ ထုပ်ပိုးထားတယ်..။
မေတ္တာနဲ့ ချစ်ခြင်းတို့ အတိလွှမ်းသော
အိမ်ဂေဟာလေးကနေ နင် ဘယ်ကိုများ ထွက်သွားချင်ရတာလဲ
ငါ့ရင်ကိုခွဲ
ငါ့အိမ်မက်တွေ ရိုက်ချိုးပြီးမှ
တို့ရဲ့ ဘ၀တွေကိုပါ လဲဖြိုပြီးတော့မှ
ထွက်သွားပါလေ...။
ဒီလောက်လုပ်ရက်မယ်ဆိုတာ.......ငါမစဉ်းစားချင်ဘူး
အိုကွာ....မဖြစ်နိုင်ပါဘူးး။
ဒါပေမဲ့ ငါဘ၀မှာ မဖြစ်နိုင်တာတွေကပဲ ဖြစ်ဖြစ်လာတော့
အဖြစ်မှန်ဆိုတာကြီးက ...သိပ်အဓိပ္ပာယ်မဲ့လွန်းတယ်...။
(မိုးတိမ်ကဗျာ)

  • Cafe` Publisher EBook(PDF) List
       
 Try to steal credits from another member!  Get a random amount of money, between -190 and 190!
ကိုယ်မှန်ပေမဲ့ သူများအတွက် မှားနေလို့ သူများက ပေးတဲ့ အမှန်က ကိုယ့်အတွက် မုသား ဖြစ်နေပါလိမ့်မယ်။ ထိုမုသားတို့အတွက် ကျွှန်တော်တို့ ပြင်ဆင်ထားကြရလိမ့်မည်။