Author Topic: ကျန်းမာရေး သတင်း (Read 5914 times)

0 Members and 4 Guests are viewing this topic.

November 26, 2012, 04:12:55 PM
Reply #225
  • Special Customer
  • ****
  • Thank You
  • -Given: 3895
  • -Receive: 4356
  • Join Date: 22 Apr 2011
  • Posts: 405
  • Credit : 14306 $
  • View Inventory
  • Send $/Gift
  • Country: 00
ရွှင်လန်းကျန်းမာ စိတ်ချမ်းသာမှု ရလိုပါလျှင်

ကျွန်မ၏ ခန္ဓာကိုယ်မှ ဆဲလ် (cell)များသည် အသက် (၃၀) အရွယ်မှ စ၍ တဖြည်းဖြည်း ပြောင်းလဲနေသည်။
အသက်အရွယ်ကြီးရင့် အိုမင်းခြင်းကို မတားဆီးနိုင်သောလည်း အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေမည့် နည်းလမ်းများရှိပါသည်။ အာဟာရမျှတသော အစားအစာများကို စားသုံးရန်နှင့် ပုံမှန်လေ့ကျင့်ခန်းများပြု လုပ်ခြင်း၊ လမ်းမှန်မှန်လျှောက်ခြင်းတို့ကို ပြုလုပ်ကြရပါမည်။ ထို့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်၍ အနားယူရန် စိတ်ဖိစီးမှု လျော့နည်းအောင် နေတတ်ရန် အရက်နှင့် ဆေးလိပ်သောက်ခြင်းတို့ကို လျှော့ချ ရန် လည်း လိုအပ်ပါသည်။
အသက် ကြီးခြင်း၊ အိုမင်းရင့်ရော်ခြင်း အကြောင်းကို ငယ်ရွယ်သူများနှင့် လူလတ်ပိုင်းတို့က ပူပင်ကြောင့်ကြမှု မဖြစ်ကြချေ။ အိုမင်း ရင့်ရော်ခြင်းသည် ဝင်သက်၊ ထွက်သက်နှင့် အတူ နေ့စဉ်ဖြစ်ပျက်နေသည်ကို သတိပြုပြီး မိမိကိုယ်မိမိ ကျန်းမာရွှင်လန်းစွာ နေထိုင်စားသောက်ကြရန် အရေးကြီးပါသည်။
[/size]

အရိုးများ (Bones)
အသက်(၃၀) နှစ် သုံးဆယ်ကျော်အရွယ်သို့ ရောက်လာလျှင် အသက်ကြီးစ ပြုလာပြီဟု သတိပြုရမည်။ အသက်နည်းနည်းကြီးလာလျှင် အရိုးကြီးထွားမှု နှေးလာသည်။ အရိုးကပါးပြီး အားလျော့လာလျှင် အရိုး အမြန် ကျိုးတတ်သည်။ ၄င်း အခြေအနေကို အောစတိုပိုရိုးစစ် (Osteoporosis) ဟု ခေါ်သည်။
အမျိုးသမီးများသည် သွေးဆုံးလျှင် (Oestrogen)အီစတိဂျင် နည်းပါးသွား၍ အရိုးကျန်းမာရေးထိခိုက်နိုင်သည်။ ဆေးဝါးနှင့် ကုသလျှင် အရိုးသန်စွမ်းမှု အကူအညီ ရရှိနိုင်သည်။ တစ်ပတ်လျှင် လေ့ကျင့်ခန်းအနည်းဆုံး သုံးကြိမ် ပြုလုပ်ရန် လိုပါသည်။ ကယ်လ်စီယမ် (Calcium)နှင့် (Vitamin D) စားဖို့ လိုပါသည်။ ဗီတာမင် ဒီ ဓါတ်ပါဝင်သော ဖြည့်စွက် အစားအစာများလည်း စားသုံးကြရမည်ဖြစ်ပါသည်။ ဆေးလိပ် မသောက်ပါက အသက် (၃၀) တွင် အရိုးသန်မာမှု ရှိနေမည်ဖြစ်ပါသည်။

ဦးနှောက် (Brain)
ဦးနှောက်သည် အသက်အိုမင်းရင့်ရောမှာသာ အရည်အသွေးကျဆင်းသည် မဟုတ်ပဲ အသက် (၂၇) နှစ် ခန့်မှ စ၍ ဥာဏ်ရည်ဥာဏ်သွေး လျော့ပါးလာသည်ဟု သုတေသန ပညာရှင်များက ဆိုကြသည်။ ဥာဏ်ရည် ကောင်းပြီး ဦးနှောက်နှင့ အတွေးအခေါ် ထက်မြက်သူများသည် အသက် ၆၀၊ ၇၀ အရွယ်ထိ ဦးနှောက်အင်အား လျော့ မသွားသည်ကို လည်း တွေ့ရသည်။
ဦးနှောက်၌ ရှိသော အာရုံကြောများ (Neurons) ဆက်သွယ်မှု လျော့နည်းသွားလျှင် ဦးနှောက်၏ လုပ်အားများ သည် ကျဆင်းသွားနိုင်သည်။ သတိမေ့လျော့လာလျှင် လည်းကောင်း၊ အတွေးအခေါ်များ ချော်ထွက်လာလျှင်သော် လည်းကောင်း ဆရာဝန်များနှင့် တိုင်ပင်ပြီး ဆေးဝါးများ၊ လေ့ကျင့်ခန်းများ ပြုလုပ်ပေးလျှင် ဦးနှောက်အရည်အသွေး ကျဆင်းမှု လျော့နည်း လာနိုင်သည်။ အကောင်းဆုံးမှာ သတိတရားနှင့် နေ၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရန် လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ယူ၍ အာဟာရ မျှတသော အစားအစာများစားသုံးလျှင် ဦးနှောက်သည် ထုံထိုင်း မနေဘဲ ထက်မြက် သန်စွမ်းနေမည်ဖြစ်ပါသည်။

နား (Ears)

လူအများသည် အသက် (၂၀) အရွယ်မှ စ၍ အသက် (၅၀) အတွင်းတွင် နား အကြား နှင့် ပတ်သတ်၍ ဂရုမစိုက်ကြပေ။ သို့သော် တဖြည်းဖြည်း ကြီးရင့် လာလျှင် နားထဲမှာ အမွေးနုဆဲလ်များ ပျက်စီး ချို့ယွင်းပြီး အသံကို ဦးနှောက်ထံသို့ ကောင်းစွာ မပို့နိုင်တော့ဘဲ နားအာရုံကြော ပျက်စီးခြင်း အစပြုလာမည်ဖြစ်သည်။
နားကြပ် Hearing Aids ဖြင့် နားထေင်ခြင်း၊ အခြားအသ့ကြားစေသည့် ကိရိယာများဖြင့် နားထောင်ခြင်း တို့ကို ဆောင်ရွက်ပေးလျှင် အသံကြားလာနိုင်ပါသည်။ အကောင်းဆုံးမှာ နားကို ဆူဆူညံညံ အသံများ မကြားရစေရန် ရှောင်ကြဉ်သတိပြုကြရမည်ဖြစ်သည်။

မျက်စိ (Eyes)

အသက်လေးဆယ် ထက်ကြီးလာလျှင် မျက်စိ (Lens) သည် မာလာပြီး နောက် ဆုံး တိမ် (Cataract) စွဲသွားတတ်သည်။ အခြားရောဂါများ၊ ဆီးချို နှင့် ပတ်သက်၍ (Diabetic Retinopatxy )နှင့် (Glaucoma ) ရောဂါ များလည်း ဖြစ်တတ်သည်။
တစ်ခါတစ်ရံ သွေးကြောများမှ သွေးယိုစီးတတ်သည်။ မျက်လုံးရောင်နေတတ်သည်။ အချိန်မီဆေးဝါးမကုသလျှင် မျက်လုံးအာရုံကြော (Optic Nerve) ပျက်စီး၍ မျက်စိကွယ်သွားတတ်သည်။ ထို့ကြောင့် တိမ်စဖြစ်လျှင် မျက်မှန်တပ်ခြင်း၊ ခွဲစိတ်ကုသခြင်း ပြုလုပ်ကြရမည်ဖြစ်သည်။
အချို့ ဆီးချို ရောဂါ ဖြစ်သူများသည် လေဆာဖြင့် ကုသရသည်။ အကောင်းဆုံးမှာ အသက်ကြီး လာလျှင် မျက်စိ အထူးကု ဆရာဝန်များနှင့် မှန်မှန်ပြသ ကုသသင့်သည်။ မျက်လုံးရောဂါ အတွက် အစားအစာများမှာ သစ်သီး သစ်ဥများ၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနယ်နှင့် စိမ်းလန်းသော ၊ ဝါသော အသီးများဖြစ်သည်။

နှလုံး (Heart)

အသက် ငါးဆယ်နှင့် ငါးဆယ် ကျော်လာလျှင် နှလုံး၏ ဘယ်ဘက်အခန်းသည် အင်ဂျင်နှင့် တူသည်။ ၄င်းဘယ်ဘက်အခန်းသည် အနည်းငယ်ကြီး၍  ထူထပ်လာပြီး အလုပ်လုပ်ရန် နှေးလာသည်။ အဆီများများစားသူများ၏ ကိုလက်စထရော (Cholesterol)များသည် နှလုံး၏ သွေးကြောများကို ဖိအားဖြင့် သွေးတိုးရောဂါနှင့် နှလုံးရောဂါ ဖြစ်လာတတ်သည်။
ဟင်းသီးဟင်းရွက် ၊ အသီးအနှံ၊ လက်ဆတ်သော အသား၊ ငါးများကို စားသုံးရန် လိုအပ်ပါသည်။ ဆေးလိပ်မသောက်ကြရန်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်၊ လမ်းလျှောက်ရန်၊ အသားမှ အဆီများ၊ ဆားအငန်နှင့် အချိုများကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။

ကျောက်ကပ် (Kidneys)

ကျောက်ကပ်၏လုပ်ငန်းများသည် အသက် (၄၀) မှစ၍ နှစ်စဉ် တစ်ရာခိုင်နှုန်း ကျဆင်းလာသည်။ ကျောက်ကပ်တွင် အမာရွက်များ ဖြစ်ပေါ်လာတတ်သည်။ သွေးကြောလေးများ ထူထပ်လာပြီး ကျောက်ကပ်သို့ သွေးမှန်မှန် မရောက်တတ်ချေ။ ထို့ကြောင့် အဆီများပြီး ဝသည့် ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို ရောဂါ တို့ မဖြစ်ပွားစေရန် ဆင်ခြင်ရပေမည်။

ကြွက်သားများနှင့် အရိုးအဆစ်များ
(Muscles and Joints)


အသက် (၃၀) နှင့် အထက် အရွယ်ရောက်လျှင် ကြွက်သားများ အနည်းငယ် ကျုံ့လာပြီး အရွက် (Tendons )များ ကျုံ့နိုင် ဆန့် နိုင်အားပါးလျော့လာမည်ဖြစ်သည်။ အဆစ်များ မာတောင့်လာမည်ဖြစ်သည်။ အသက် (၇၀) အရွယ်ရောက်လာလျှင် ကိုယ်လက် အင်္ဂါများ သန်မာမှု ကျဆင်းသွားနိုင်ပေသည်။
အရိုးအဆစ်နှင့် ပတ်သက်၍ အရွတ်နှင့် အဆစ် (Collagen Tissue)တို့ တင်းမာ လာမည်။ ဒူးကွေး၊ ဒူးဆန့် နှေးလာမည်။ အဆစ်ထဲမှာ ရှိသော အရိုးတို့ကို ပွတ်တိုက်မှု မရှိစေရန် စွမ်းဆောင်ပေးသော အရည် (Lubricatinf Fluid ) သည် အနည်းငယ်ခြောက်ခန်းလာမည်။ အဆစ် နှစ်ခုကို ကူရှင်ကဲ့သို့ ကြားခံထားသော အရိုးနု (Cartilage) သည် အဆစ်များ မသန်စွမ်းတော့၍ လှုပ်ရှားမှု ကောင်းစွာ မပြုနိုင်တော့ပေ။
ထို့ကြောင့် အဆစ်များ၏ မျက်နှာပြင်များ တစ်ခုနှင့် တစ်ခု တိုက်မိပြီး ကောင်းစွာ မလှုပ်ရှားနိုင်ဘဲ တင်းမာလာသဖြင့် ဒူးနာ ရောဂါ စွဲလာလေသည်။ အစာစားသောအခါ တိရစ္ဆာန်အဆီများ လျှော့၍ စားသုံးကြရမည်။ ဆေးလိပ်နှင့် အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ စိတ်ဖိစီးမှု များ လျော့နည်း စေရန် နေထိုင်ကြရမည်ဖြစ်သည်။ ခန္ဓာကိုယ်တွင် အသားအစိုင်အခဲသည် အသက် (၅၀) ကျော်လျှင် နှစ်စဉ် တစ်ရာခိုင်နှုန်း မှ နှစ်ရာခိုင်နှုန်းအထိ လျော့နည်းလာသည်။ ထို့ကြော့် သတိတရားဖြင့် အနားယူပါ။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပြီး စိတ်ဖိစီးမှု နည်းစွာ နေထိုင်ပါဟူ၍ အကြံပြုလိုပါသည်။

အရေပြား (Skin)

အသက် (၃၀) ကျော်လျှင် အရေပြားများသည် ကိုလဂျင် (Collagen) နှင့် အီလက်စတင် (Elastin) အရေပြားတင်းမာမှုများ လျော့သွားသည်။ အရေပြားအောက်မှ အဆီကလည်း လျော့နည်း သွားသည်။ ထိုအခါ အရေခွံ တွန့်ပြီးပါးလာသည်။ တစ်ချို့ အရေခွံတွင် တင်းတိပ်၊ မှဲ့ခြောက်တို့ ထွက်လာတတ်သည်။ အကောင်းဆုံးမှာ နေပူထဲတွင် ကြာရှည်စွာနေခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါသည်။ မျက်နှာကို မိမိနှင့် တည့်သည့် ဆပ်ပြာဖြင့် သေချာစွာ ဆေးခြင်း၊ အစားအသောက်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း၊ နေရောင်ခြည်ကာကွယ်မည့် အရည်၊ ခရင်မ် တို့ကို မျက်နှ၊ လက်တို့အား လိမ်းခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ လူတိုင်း အသက်အရွယ် ကြီးရင့်လာပါက အသက်ရှည်ကျန်းမာရေး အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ပတ်ဝန်ကျင့် သန့်ရှင်းရေးတို့ကို အလေးထားပြီး စနစ်တကျ စားသောက်နေထိုင်ကြခြင်းဖြင့် ရွှင်လန်းကျန်းမာ စိတ်ချမ်းသာမှု သုခဖြင့် ပြည့်စုံကြမည်ဖြစ်ပါသည။်


  • Cafe` Publisher EBook(PDF) List
     
 Send to Other.  Send to Other.  Send to Other.
ဓမ္မစကားနေတိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏
November 29, 2012, 02:26:20 PM
Reply #226
  • Special Customer
  • ****
  • Thank You
  • -Given: 3895
  • -Receive: 4356
  • Join Date: 22 Apr 2011
  • Posts: 405
  • Credit : 14306 $
  • View Inventory
  • Send $/Gift
  • Country: 00
ဆေးပညာ သတင်းဆန်းများ (၃၂)
ယခု တင်ပြလိုတဲ့ သတင်းတစ်ပုဒ်ကလည်း အံ့သြစရာ သတင်းတစ်ပုဒ်ပါ။ ကြောင်ချစ်သူ အမျိုးသမီးတွေ အတွက်လည်း သတိထားစရာသတင်းပါ။ ဒါကတော့ ဒိန်းမတ်နိုင်င့က အမျိုးသမီးပေါင်း ၄၅၀၀၀ ကို လေ့လာပြီး Univesity of Maryland Medical School မှ သုတေသန ပညာရှင် တစ်စုက Archive of General Psychiatry ဂျာနယ်မှာ ဖောပြထားတာပါ။ အကြောင်းကတော့ ကြောင်ချစ်သူ အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ ပိုများတယ်ဆိုတဲ့ အကြောင်းပါ။ သူတို့ လေ့လာချက် အရ ကြောင်ချစ်သူတွေမှာ ကြောင်ချေးက တစ်ဆင့် ကူးစက်နိုင်တဲ့ T.gondiri ဆိုတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့် စိတ်ကျရောဂါ တစ်မျိုးဖြစ်တဲ့ Schizophrenia ဆိုတဲ့ စိတ်ကစဥ့်ကလျား ရောဂါ မျိုး ဖြစ်လာပြီး အခုလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံမှု များလာရတာလို့ ဆိုပါတယ်။

ဒီပိုးသွေးထဲကို ရောက်လာပြီး အသက်ကြီးလာလို့ နှစ်ကြာလာတာ နှင့် အမျှ Anibody တွေများလာပြီး ရောဂါ ရင့် လာကာ အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။ ဒီစာတမ်းမပေါ်ထွက်ခင်ကလည်း ချက်သမ္မတ နိုင်ငံမှာ သိပ္ပံ ပညာရှင်သုတေသီ တစ်ဦးက Alantic စာစောင်မှာ “How your cat is making you Crazy” ဆိုတဲ့ ခေါင်းစဉ်နှင့် ဒီလို ဖြစ်နိုင်ချေရှိကြောင်း ရေးသားတင်ပြခဲ့ဖူးပါတယ်။ လေ့လာစရာ တွေ ထပ်လိုနေဦးမှာ ဖြစ်ပေမယ့် ကြောင်ချစ်ူ လူတွေ အတွက် တော့ ကြောင်ကို ဖက်လဲ တကင်း ကိုင်တွယ် ပြီးရင် လက်ကို စင်စင် ဆေးကြဖို့ သတိပေးလိုက်ရပါတယ်။

နောက် ဖော်ပြ လိုတဲ့ ဆေးပညာ သတင်းတစ်ပုဒ်ကလည်း ည duty  ဆင်းရတဲ့ အမျိုးသမီး တွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုရှိတယ်ဆိုတဲ့ သတင်းပါ။ ဒါကို ရေးလိုက်လို့ ညအလုပ်ဆင်းနေရတဲ့ အမျိုးသမီး တွေ လန့်ကြောက်သွားစရာ အကြောင်း မရှိသေးပါဘူး။ ဒါကို အတည်ပြုဖို့ စမ်းသပ်မှု တွေ ပိုလုပ်ရဦးမယ်လို့ ဒီအကြောင်းလေ့လာထားတဲ့ ပြင်သစ် နိုင်ငံက French Health Research မှ သိပ္ပံ ပညာရှင်တွေက ဝန်ခံထားပါတယ်။ သူတို့က ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ရင်သားကင်ဆာဖြစ်နေသူ အမျိုးသမီး ၁၂၃၂ ဦးကို လေ့လာပြီး တွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်ထားသူ မိခင်လောင်း တွေမှာ ပထမ ကိုယ်ဝန်အတွင် တောက်လျှောက် Night Duty ဆင်းရသူ တွေ အသက်နည်းနည်းကြီးမှ Night Duty ဆင်းရသူ တွေမှာ ပိုဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပေမယ့် ကိုယ်ခန္ဓာ ရဲ့ ပုံမှန် အလုပ်တွေဟာ ညတစ်ညလုံး တာဝန်ထမ်းဆောင်နေသူတွေ မှာ ပြောင်းလဲသွားပြီး ခန္ဓာဇီဝ ဗေဒမှာ ဟန်ချက်မညီဖြစ်သွားကာ Gene ကို ပြောင်းလဲစေတာလား။ အိပ်ရေးပျက်တဲ့ အတွက် ကိုယ်ခံအားကျဆင်းမှု ကို ဖြစ်စေတာကြောင့်လား လို့ ထင်ရကြောင်း တင်ပြထားပါတယ်။ သာမာန်အားဖြင့် ရင်သားကင်ဆာဟာ ကမ္ဘာမှာ နှစ်စဉ် တစ်နှစ်ကို အမျိုးသမီးပေါင်း ၁ ဒသမ ၃ သန်း ခံစားနေရပြီး အသက်ကြီးမှ စပြီး ကိုယ်ဝန်ဆောင်သူ၊ သွေးဆုံးချိန် ဟော်မုန်း အစားထိုး ကုသမှု ခံယူရသူတွေမှာ ပိုဖြစ်နိုင်ကြောင်း ယခင်က တွေ့ရှိထားတာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ဆေးပညာသတင်း တွေကလည်း ရှာဖွေလေ တွေ့ရှိလေ ဆိုတာလို ထူးခြားလာပါတယ်။ သွားဖုံး ရောဂါ ခံစားရသူတွေဟာ ဒီသွားဖုံး ရောဂါကို မကုသဘဲ မသိလိုက် မသိဘာသာ ထားခဲ့ရင် ဒူးဆစ် ရောင် ရောဂါ ကို ဖြစ်လာနိုင်တယ်လို ဆိုတဲ့ တွေ့ရှိချက်ပါ။ ဒါကို တော့ အမေရိကန်နိုင်ငံ Cleveland ပြည်နယ် Case Western Reserve University မှာ ဆေးပညာရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ သွားဖုံးရောင် ရောဂါ နှင့် ဒူးဆစ်ရောင် ရောဂါ ဖြစ်နေသူ ၃၆ ဦးကို လေ့လာခဲ့ကြပါတယ်။ သူတို့ လေ့လာ ချက်အရ အဲဒီ အထဲက လူနာ ၁၅ ရာခိုင်နှုန်း ရဲ့ သွားဖုံး တွေမှာ တွေ့ရတဲ့ Bacteria ရဲ့ DNA နဲ့ တူတဲ့ DNA မျိုးရှိတဲ့ Bacteria ကို ဒူးဆစ် ရောင် ဖြစ်နေတဲ့ ဒူးဆစ်ရေ (Synovia Fluid) မှာ တွေ့ရတယ်လို ဆိုပါတယ်။ သွားဖုံးရောဂါ က ရောဂါပိုး တွေဟာ သွေးထဲက တစ်ဆင့် သူတို့ အတွက် အဆင်ပြေတဲ့ နေရာဖြစ်တဲ့ ဒူးဆစ်ထဲကို ရောက်ပြီး ဒူးဆစ်ရောင် ရောဂါကိုပါ ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။ လေ့လာမှု တွေ ထပ်လုပ်ဖို့ လိုဦးမှာ ဖြစ်ပေမယ့် ဆက်စပ်မှု ကတော့ သေချာ နေတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

  • Cafe` Publisher EBook(PDF) List
     
 Send to Other.  Send to Other.  Send to Other.
ဓမ္မစကားနေတိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏
November 29, 2012, 07:19:13 PM
Reply #227
  • Special Customer
  • ****
  • Thank You
  • -Given: 3895
  • -Receive: 4356
  • Join Date: 22 Apr 2011
  • Posts: 405
  • Credit : 14306 $
  • View Inventory
  • Send $/Gift
  • Country: 00
နောက်ဖော်ပြလိုတဲ့ ဆေးပညာ သတင်းတစ်ပုဒ်ကတော့ အရိုးဆတ်ရောဂါ အတွက် အရိုးသန်မာအောင် ဆေးစားနေကြရတဲ့ အသက်ကြီး ရောဂါရှင် အမျိုးသမီးတွေ အတွက် ဝမ်းသာစရာပါ။ Bisphonates ဆိုတဲ့ အရိုးဆတ်ရောဂါ အတွက် စားသုံးနေရတဲ့ ဆေးဟာ ယင်းအမျိုးသမီးတွေရဲ့ အသက်ကို ပိုရှည်နိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကြောင့်ပါ။ ဒါကိုတော့ Australia မှ ဆေးပညာရှင် တွေက လေ့လာတွေရှိခဲ့တာဖြစ်ပါတယ်။ ၄င်းတွေ့ရှိချက်အရ ဒီဆေးမစားသုံးသူနှင့် စာသုံးနေသူများကို အုပ်စု နှစ်စု ခွဲလေ့လာကြည့်တဲ့အခါ ဒီ ဆေးမစားသုံးသူ အုပ်စုမှ အမျိုးသမီး ၁၀၀ မှာ သုံးယောက်ဟာ နှစ်စဉ် သေးဆုံးနေရပြီး ဒီဆေးစားသုံးသူ အုပ်စုက အမျိုးသမီး တွေမှာတော့ ၁၀၀ မှာ တစ်ယောက်သာ သေဆုံးရတယ်လို့ ဆိုပါတယ်။ ဒါကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် အရိုးဌာနမှူး ဒေါက်တာ Ethel Siris ကလည်း ထောက်ခံထားကြောင်းတင်ပြလိုက်ရပါတယ်။

နောက် သတင်း တစ်ပုဒ်ကလည်း အရိုးနဲ့ပဲ ပတ်သက်ပါတယ်။ အဝလွန်ပြီး ဒူးခေါင်းမှာ အရိုးအဆစ်ရောင်ရော ဂါ (Osteroarthrits)ဖြစ်နေတဲ့ ဝေဒနာရှင်တွေကို အဝလွန်ရောဂါ အတွက် ပြုလုပ်ပေးနိုင်တဲ့ Bariatric Surgery ခေါ်တဲ့ ခွဲစိတ်ကုသမှု ပေးလိုက်ပြီး ခြောက်လခန့်ကြာတဲ့ အခါ ဒူးခေါင်း ရောင်ရောဂါဟာလည်း ပျောက်ကင်းသွားနိုင်တယ် ဆိုတဲ့ သတင်းပါ။ အသက် (၃၀)မှ (၆၇) နှစ်အရွယ် အဝလွန်တဲ့သူ ၂၄ ဦး ကို ဒီလို ခွဲစိတ်ကုသမှု ပြုလုပ်ပြီး လေ့လာကြည့်တဲ့အခါ အဲဒီလူတွေဟာ အများအားဖြင့် ခြောက်လ အတွင်းပေါင် (၅၀)မှ (၆၀)ထိ ကျဆင်းသွားပြီး သူတို့ ရဲ့ ဒူးခေါင်း ရောင်ရောဂါ ဟာလည်း ပျောက်ကင်းသွားကာ သူ့ဒူးခေါင်းဟာ ပုံမှန်အတိုင်း  ပြန်ဖြစ်သွားတာ တွေ့ရတယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကလာတဲ့ Internet သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အဝလွန်ပြီး ဒူးခေါင်း ရောင် ရောဂါ ခံစားနေရသူတွေမှာ အဝလွန်တာကို ခွဲစိတ်ကုသမှု ခံယူဖို့ အထူးသင့်တော်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ထပ် တင်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ ဒီဇယ် ဓာတ်ငွေဟာ ဆေးလိပ်အငွေ့လိုပဲ အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းပါ။ ဒါကိုတော့ IARC (International Agency for Research on Cancer) ဆိုတဲ့ ပြင်သစ်နိုင်ငံမှာ အခြေပြုတဲ့ ကင်ဆာရောဂါဆိုင်ရာ နိုင်ငံတကာ သုတေသနအဖွဲ့ ကြီးရဲ့ တွေ့ရှိချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက ကြေငြာလိုက်တာဖြစ်ပါတယ်။ ဒီဇယ်ငွေ့ကို နေ့တိုင်း ရှုနေရသူမှာ အဆုတ်ကင်ဆာအပြင် ဆီးအိမ်ကင်ဆာဖြစ်နိုင်ကြောင်း ယင်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။ ဒီဇယ်ငွေ့နှင့် အတူ တခြား အန္တရာယ် ရှိတဲ့ အငွေ့တွေကတော့ asbestos, arsenic, mastardgas, alcohol နှင့် ဆေးလိပ်ငွေ့တို့ပဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီဇယ်ငွေ့ကို နေ့တိုင်း ရှူနေရသူ တွေအတွက် အလုပ်ပြီးတာနဲ့ သန့်ရှင်းတဲ့ လေကို ရှူသွင်း ရှူထုတ်လုပ်ပြီး အဆုတ်အတွက် သန့်စင်အောင် လေ့ကျင့်ခန်း ယူဖို့ တိုက်တွန်းလိုက်ရပါတယ်။

သာမာန်အားဖြင့် ကလေးမရနိုင်သူ၊ အသက်အရွယ်ကြီးရင့် ပြီးမှ လက်ထပ်ပြီး ကလေးလိုချင်သူတွေကို ဖြေရှင်းပေးနိုင်တဲ့ IVF ခေါ်တဲ့ Invitro Fertilization နည်းနဲပ မွေးခဲ့တဲ့ ကလေးပေါင်းဟာ သုံးသောင်းကျော်ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၃၄ နှစ်က အင်္ဂလန် နိုင်ငံမှာ စပြီး အောင်မြင်ခဲ့တဲ့ မွေးဖွားနည်းဟာ ကလေးမရနိုင်သူ စုံတွဲတွေ အတွက် အထူးအထောက်အကူပြုနိုင်ခဲ့ပြီး ယခုအခါ တစ်နှစ်မှာ ကလေးပေါင်း သုံးသိန်းငါးသောင်းကျော်ကို မွေးပေးနေတာပါ။ ဒါဟာ သာမန်မွေးဖွားနေတဲ့ ကလေးအရေအတွက် သန်းပေါင်း ၁၃၀ ရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိပါတယ်။ ခွက်ကလေး တစ်ခုထဲမှာ အမျိုးသမီးရဲ့ မျိုးဥ (Ovum) နှင့် အမျိုးသားရဲ့ သုက်ကောင် (Sperm) တို့ကို ထည့်ထားပြီး အင်မတန်သေးငယ်တဲ့ ဆေးထိုးပြွန်နဲ့ အမျိုးသားရဲ့ သုက်ကောင်ကို ယူပြီး အမျိုးသမီး မျိုးဥ ထဲကို ထိုးထည့်တဲ့ ICSI ဆိုတဲ့ Intra Cytoplasmic Injection နည်းကို အသုံးပြုခဲ့ကြတာပါ။ ဒီလို မျိုးပွားနိုင်ခြင်းကို သဘာဝနဲ့ မညီညွှတ်ဘဲ သက်ကြီးရွယ်အိုတွေကိုပါ ကိုယ်ဝန်ဆောင်နိုင်ခဲ့ တာကို ဘာသာရေးနည်းနဲ့ မညီဘူးလို့ အငြင်းပွားစရာတွေဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သာမာန်ကလေးမရနိုင်သူတွေ (Infertile Family) တွေ အတွက်တော့ ကလေးရနိုင်ခဲ့တာမို့ ဝမ်းသာစရာ နည်းအဖြစ် အသုံးပြုနေတာဖြစ်ကြောင်းတင်ပြလိုက်ပါရပါတယ်။

ကြက်သွန်ဖြူဟာ ဆေးဖက်ဝင်ကြောင်း အများသိခဲ့ကြပြီး ပါပြီး။ အဲဒီ လူတိုင်းသိနေကြတဲ့ ကြက်သွန်ဖြူရဲ့ အများသိခဲ့ကြပြီပါပြီ။ အဲဒီလူတိုင်း သိနေကြတဲ့ ကြက်သွန်ဖြူရဲ့ အစွမ်းထက်ပုံကို ထပ်မံ လေ့လာတွေ့ရှိထားတဲ့ သတင်းတစ်ပုဒ် ကို တင်ပြပါရစေ။ ကြက်သွန်ဖြူမှာ ပါတဲ့ Dailly Sulphide ဆိုတဲ့ ဓါတ်ဟာ ယခု ဆေးလောက မှာ အသုံးပြုနေတဲ့ Erythromycin, Ciprofloxacin စတဲ့ Antibiotic ဆေးတွေထက် အဆ ၁၀၀လောက်အစွမ်းထက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကိုတော့ အမေရိကန်နိုင်ငံက ဆေးသုတေသီတွေရဲ့ စာတမ်း ကို Journal of Antimicrobial Chemotherapy မှာ ဖော်ပြထားတာပါ။ ၄င်းတို့ အဆို အရ ဒီကြက်သွန်ဖြူမှာပါနေတဲ့ Dially Suphide ဓာတ်ဟာ အစာအိမ် အူလမ်းကြောင်းမှာ ရှိနေတဲ့ Campy loba cterbacteria ပိုးမွှားတွေကို သေစေနိုင်ပြီး အစာဆိုပ်သင့်သလို ဖြစ်တတ်တဲ့ ရောဂါကို ကုသရာမှာ ထိရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီရောဂါပိုးကြောင့် တစ်နှစ်မှာ အမေရိကန်နိုင်ငံက လူပေါင်း ၂ ဒသမ ၄ သန်းလောက်ဟာ အစာအိမ်လမ်းကြောင်းမှာ ရှိနေတဲ့ Campylabacterbacteria ပိုးမွှားတွေကို သေစေနိုင်ပြီး အစာအိမ်သင့်သလို ဖြစ်တတ်တဲ့ ရောဂါကို ကုသရာမှာ ထိရောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီရောဂါပိုးကြောင့် တစ်နှစ်မှာ အမေရိကန်နိုင်ငံက လူပေါင်း ၂ဒသမ ၄သန်းလောက်ဟာ အစာအိမ်လမ်းကြောင်း ရောဂါကို ခံစားရပြီး ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားနေရတာဖြစ်လိုပ ဒီရောဂါကို ထိရောက်စွာ ကာကွယ်ကုသနိုင်တော့မယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

အသက်အရွယ်ကြီးရင့်လာသူ အမျိုးသမီးတွေအတွက် သတိထားစရာ သတင်းတစ်ပုဒ်ကိုလည်း တင်ပြလိုက်ရပါတယ်။ အကောက်ညှင်းလို ကာဘိုဟိုင်ဒရိတ်များများပါတဲ့ Starchy food အချိုဒာတ်များများပါတဲ့ အစာကိုစားရင် ပြင်းထန်တဲ့ ရင်သားကင်ဆာမျိုးတစ်ခု ဖြစ်ဖို့အခွင့်အလမ်း ပိုများတယ်ဆိုတဲ့ သတင်း ပါ။ ဒါကတော့ ဥရောပနိုင်ငံက တွေ့ရှိချက်တစ်ခုပါ။ ဒါကို American Journal of Clinical Nutrition ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ၄င်းတို့ လေ့လာချက်အရ ဒီကင်ဆာမျိုးဟာ သွေးထဲက အချိုဓာတ်များလာမှု (high glycemic load)၊ အသက် ကြီးတဲ့ အမျိုးသမီးတွေမှာ ဖြစ်လာတတ်တဲ့ မိန်းမ ဟောမုန်း Estrogen Receptor နည်းပါးလာမှုနှင့် ဆက်စပ်ပြီး ရင်သားက်ငဆာဖြစ်တာမို့ ဒီကာင်ဆာကို ER Negative Breast Cancer လို့ အမည်ပေးထားကြောင်းတင်ပြလိုက်ရပါတယ်။

အလွယ်တကူစားသောက်လို့ ရအောင် ပြုလုပ်ထားတဲ့ ချက်ပြုတ်ပြီး အစားအစာ Fast Food ကို စားသုံးခြင်းဟာ နှလုံးရောဂါကို ပိုဖြစ်စေနိုင်တယ်ဆိုတဲ့ သတင်းပါ။ ဒါကိုတော့ အမေရိကန်နိုင်ငံ Kansas City, University of Missouri မှ ဆေးပညာရှင်တွေရဲက လေ့လာချက်ကို American Journal Of Cardiology မှာ ဖော် ပြထားတာပါ။ သူတို့ဟာ AMI (Acute Myocardial Infarction) ဆိုတဲ့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ဆေးရုံတင်ရတဲ့ လူနာ ၂၅၀၀ ကို လေ့လာခဲ့ကြတာပါ။ ယင်းအထဲက လူနာ ၈၈၄ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၆ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ ခြောက်လအတွင် Fast Food ကို အနည်းဆုံး တစ်ပတ်မှာ တစ်ခါစားသုံးခဲ့သူတွေ ဖြစ်ကြောင့် တွေ့ရှိရတယ်လို့ဆိုပါတယ်။ ၄င်းတို့ဟာ အများအားဖြင့် သာမန်နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ အသက် (၅၀)ကျော် (၆၀) အရွယ်တွေမဟုတ်ဘဲ လူငယ်လူရွယ်အလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။ လေ့လာစရာတွေကိုတော့ ထပ်လုပ်ဖို့လိုပေမယ့် အသက်ငယ်ရွယ်စဉ်ကပဲ Fast Food ကို အလေ့အထတစ်ခုအနေနဲ့ အမြဲမစားသင့်ဘူးလို့ အကြံပြုထားကြောင်းတင်ပြရင် ယခုအပတ် ဆေးပညာသတင်း ဆန်းများကို နိဂုံးချုပ်လိုက်ရပါတယ်။

  • Cafe` Publisher EBook(PDF) List
     
 Send to Other.  Send to Other.  Send to Other.
ဓမ္မစကားနေတိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏
January 03, 2013, 02:11:08 AM
Reply #228
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး

ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။

ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar

Credit to http://www.innewsmyanmar.com/2013/01/blog-post_9054.html

 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 14, 2013, 09:05:08 PM
Reply #229
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1197
  • -Receive: 2798
  • Join Date: 23 Apr 2011
  • Posts: 371
  • Credit : 5556 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်

Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။

Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အများစုဟာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဆိုးကျိုးများ

မွေးကင်းစကလေးနဲ့ ကလေးငယ်များ ရှိတဲ့ အိမ်များမှာ လုံးဝ အသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါတယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်

ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ်ထုတ်စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myammar

 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 26, 2013, 04:05:20 PM
Reply #230
  • အမြန်ဆုံးကအင်တာနက်ပဲ :P
  • Special Customer
  • ****
  • Thank You
  • -Given: 17547
  • -Receive: 12289
  • Join Date: 28 Mar 2011
  • Posts: 1335
  • Credit : 2106 $
  • View Inventory
  • Send $/Gift
  • Country: us
  • Since March 3,2009
    • မြန်မာအွန်လိုင်းတီးရှော့
အနာကို လျှာဖြင့်လျက်ခြင်းဖြင့် သက်သာစေ



အနာကို လျှာဖြင့် လျက်ရှိပြီး အနာ သက်သာမှုကို ပိုမိုမြန်ဆန် စေကြောင်း ရှာဖွေတွေ့ရှိထားကြပါတယ်။

ဒါကြေင့် ပုလင်းကွဲဆူး ဆူးတာတို့၊ နှင်းဆီး ဆူးတာတို့ အခါကျ လက်ကို ပါးစပ်နဲ့ ငုံတဲ့အခါ သွေးထွက်တိတ်ပြီး အနာပျောက်သာ သာဓကပဲ ဖြစ် ပါတယ်။ လူ့တံတွေးမှာ ပါတဲ့ histatins ဆိုတာ ပရိုတိန်း ဓာတ် တစ်မျိုး ဖြစ်ပြီး သွေးတိတ်စေပါတယ်။ ဒါ့အပြင် epithelial ဆိုတဲ့ အရေအပြား ပေါ်က ဆဲလ်တွေကို ရွှေ့ လျားပေးပြီး အနာကို ဖုံးအုပ် စေ ပါတယ်။ ဒါကြောင့် သွေးမထွက်၊ ဆဲလ်တွေကို ပြန်ရှင်သန်စေပြီး အနာ သို့ ရောဂါကူးဆက်ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။

ဒါကြောင့် တစ်ခုခု ထိခိုက်ရှနာ ဖြစ်တဲ့အတွက် တံတွေးနဲ့လျက်ခြင်း၊ ငုံခြင်း က အနာသက်သာစေရန် အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: medifact
intnews4mm

 Send to Other.  Send to Other.  Send to Other for Drink :P  Send to Other.  Send to Other.
February 16, 2013, 11:04:48 PM
Reply #231
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110125
  • Join Date: 02 May 2011
  • Posts: 16471
  • Credit : 123589 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
သွေး အခမဲ့ သွင်းနိုင်တော့မည်

ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မကြာမီကာလအတွင်း ပြည်သူ့ဆေးရုံများ၌ သွေးသွင်းရန်လိုအပ်သော လူနာများအနေဖြင့် ဆေးရုံသို့ အခကြေးငွေတစ်စုံတစ်ရာ ပေးသွင်းရန်မလိုတော့ဘဲ သွေး အခမဲ့ သွင်းနိုင်တော့မည်ဖြစ်ကြောင်း CJMyanmar က ကြားသိရသည်။

ပြည်မြို့ဆေးရုံတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ သွေး အခမဲ့သွင်းပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခင်က သွေးတစ်အိတ်သွင်းမည်ဆိုလျှင် လူနာအား သွေးမသွင်းမီ ထိုသွေးတွင် HIV, ဆစ်ဖလစ်၊ ငှက်ဖျား၊ အသည်းရောင်အသားဝါ ဘီ/စီပိုးများ ပါဝင်မှုရှိမရှိ သိနိုင်ရန် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန်အတွက် အခကြေးငွေကောက်ခံမှုများ (ဥပမာ- ၅၀၀၀ ကျပ်ခန့်) ရှိခဲ့သည်။ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက ထိုရောဂါပိုးမွှားများ သွေးအတွင်းပါဝင်မှုရှိမရှိ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် လိုအပ်သော ဓာတ်ခွဲခန်းပစ္စည်းများ အလုံအလောက် မှာယူဖြည့်တင်းလျက်ရှိသောကြောင့် မကြာမီကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေး အခမဲ့ သွင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ယခုကဲ့သို့ အခမဲ့ သွေးသွင်းနိုင်ခွင့်သည် မည်သည့်နှစ်ကာလများအထိ ဆက်လက် တည်ရှိနေမည်ဆိုသည်ကိုမူကား အသေအချာ မသိရှိရသေးပါ။

ပြည်သူ့ဆေးရုံအများစုသည် သွေးလိုအပ်ချက်အတွက် သွေးအလှူရှင်များအပေါ်တွင် အဓိက မှီခိုနေရသောကြောင့် သွေးလိုအပ်ချက်ပြည့်မီစေရန် မိမိကိုယ်ကို ရောဂါပိုးကင်းစင်သည်ဟု ယုံကြည်မှုရှိသူများအနေဖြင့် သွေးဘဏ်/ပြည်သူ့ဆေးရုံများ၌ သွေးလှူဒါန်းပေးကြပါရန် CJMyanmar က တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

CJMyanmar

 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.
February 26, 2013, 01:06:54 PM
Reply #232
  • Super Customer
  • ****
  • Thank You
  • -Given: 324
  • -Receive: 1424
  • Join Date: 21 Apr 2011
  • Posts: 162
  • Credit : 1706 $
  • View Inventory
  • Send $/Gift
  • Gender: Male
ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထား တတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်း ကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာ ထားကြ ပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက် အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင် သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေ ကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွား ပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက် ကတော့ အမျိုးသားတို့ ဆေးလိပ် သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှုကို ပိုမို တိုက်ရိုက် ဆက်စပ် စေကြောင်း သိရပါတယ်။

@Myawady

February 26, 2013, 01:25:14 PM
Reply #233
  • Super Customer
  • ****
  • Thank You
  • -Given: 324
  • -Receive: 1424
  • Join Date: 21 Apr 2011
  • Posts: 162
  • Credit : 1706 $
  • View Inventory
  • Send $/Gift
  • Gender: Male
ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြ ပါတယ်။ လတ်တလော လေ့လာမှုတွေ အရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင် နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ် အာနိသင် ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်း သတ္တိတွေ ပါဝင် နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲ ပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက် နေသူတွေမှာ ခေါင်း ကိုက်တဲ့ နေရာပေါ် ကွမ်းရွက် အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွား ပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီး သူတွေမှာ ဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြု နိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင် ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူ မဝတဲ့ ဝေဒနာတို့ကို သက်သာ စေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက် ပြုတ်ရည် အနည်းငယ်ကို ထိခိုက် ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီး စည်းထား ပေးပါက နှစ်ရက်ခန့် အတွင်း အနာကျက် မြန်စေ ပါတယ်။

သတိပေးချက်

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ ဆေးနဲ့ တခြား ပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စား သင့်ပါတယ်။

@Myawady

February 26, 2013, 01:32:39 PM
Reply #234
  • Super Customer
  • ****
  • Thank You
  • -Given: 324
  • -Receive: 1424
  • Join Date: 21 Apr 2011
  • Posts: 162
  • Credit : 1706 $
  • View Inventory
  • Send $/Gift
  • Gender: Male
ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်



ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။
အနည်းဆုံး လေးပေ၊ ငါးပေ လောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။

သူ့ဆီကနေ ထွက်တဲ့ ရေဒီယို ဓာတ်ကြွ ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံး ကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမို ခံရပါတယ်။ ဦးနှောက် အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင် ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့ အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက် ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ် စေနိုင် ပါတယ်။

ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။

@Myawady

May 31, 2013, 11:34:12 PM
Reply #235
  • သိတာတွေမျှဝေဖို့ တီးရှော့ကိုဂိုးကြစို့
  • Royal Customer
  • *****
  • Thank You
  • -Given: 38269
  • -Receive: 110125
  • Join Date: 02 May 2011
  • Posts: 16471
  • Credit : 123589 $
  • View Inventory
  • Send $/Gift
  • Country: 00
  • Gender: Male
  • လွတ်လပ်သော တောင်ပံခတ်သံ
  • Awards ပိုစ့်အများဆုံးတင်ပေးနိုင်သူ ဆု သတင်း၊ ဓါတ်ပုံ၊ ဇာတ်လမ်း၊ သီချင်း တင်ပေးနိုင်မှု ဆု
    • မြန်မာအွန်လိုင်းလက်ဖက်ရည်ဆိုင်
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်


 Just a test item!  Increases your pet's total skill points by 1  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။)  Change your User Title  Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other.  Send to Other.